ဝသုဝိဟာရ

ဝီကီပီးဒီးယား မှ
ဝသုဝိဟာရ
ဒေသခေါ်အမည်
တမ်းပလိတ်:Lang-ben
Narapatir Dhap (Vashu Vihara)
တည်နေရာBogra, Bangladesh
ကိုဩဒိနိတ်24°58′58″N 89°17′52″E / 24.9828°N 89.2978°E / 24.9828; 89.2978ကိုဩဒိနိတ်: 24°58′58″N 89°17′52″E / 24.9828°N 89.2978°E / 24.9828; 89.2978
တည်ဆောက်8th century AD
ဗိသုကာစတိုင်Gupta, Pala
အမျိုးအစားArchaeological
ရည်ညွှန်းနံပါတ်BD-E-03-111
State PartyBangladesh

ဝသုဝိဟာရ သို့ ဝသုဝိဟာ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ထင်ရှားသည့် ရှေးဟောင်းသုတေသနနယ်မြေတစ်ခု ဖြစ်သည်။ ဒေသခံများကြားတွင် ဤနေရာသည် Narapatir Dhap ဟူသည့် အမည်ဖြင့် ထင်ရှားသည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရှေးဟောင်းဗုဒ္ဓဘာသာအမွေအနှစ်တစ်ခု ဖြစ်သည်။[၁]

Vasu Vihara, Bogra

တည်နေရာ[ပြင်ဆင်ရန်]

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Bogra, Shibganj Upazila တွင်တည်ရှိသည်။ Mahasthangarh ၏ အနောက်ဘက် ၆ ကီလိုမီတာအကွာတွင် တည်ရှိသည်။

သမိုင်း[ပြင်ဆင်ရန်]

၁၉၇၃ - ၇၄ ခုနှစ်တွင် တူးဖော်မှုများ စတင်ခဲ့သည်။ ရှေးဟောင်းရွှံ့စေးတံဆိပ် ၁၈ ခု တွေ့ခဲ့ရသည်။ အများစုသည် Pala မင်းဆက်ကာလက ဖြစ်သည်။ ထို့အပြင် တူးဖော်မှုများ ပြုစဉ် ရှေးဟောင်းသုတေသနပညာရှင်များသည် အုတ်ဖြင့်တည်ဆောက်ထားသည့် အဆောက်အဦနှစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။[၂]

ဖော်ပြချက်[ပြင်ဆင်ရန်]

ဝသုဝိဟာရတွင် မြေကမူ ငါးခု ရှိသည်။ သုံးခုသည် ကြီးမားပြီး ကျန်နှစ်ခုသည် သေးသည်။ ကျောင်းငယ်တစ်ခုတည်ရှိပြီး တောင်မြောက် ၄၉ မီတာနှင့် အရှေ့အနောက် ၄၆ မီတာ ရှိသည်။ ရဟန်းများအတွက် နေထိုင်ရန် အခန်းခြောက်ခန်းပါရှိသည်။[၃] အရှေ့ဘက်ရှိ အခန်းကို ဝရန်တာဖြင့် ဝန်းရံထားပြီး အခန်း၏ အရှေ့ဘက်အလယ်တွင် ဝင်ပေါက်ရှိသည်။ ကြီးမားသည့် ကျောင်းတော်သည်လည်း ကျောင်းတော်ငယ်ကဲ့သို့ပင် ပုံစံတူသည်။ သို့သော် ၎င်းသည် နေရာကျယ်ဝန်းကာ အခန်းများလည်း ပိုမိုပါဝင်သည်။ အခန်းငယ်များ ဝန်းရံထားသည့် ကြားထဲတွင် နေရာလွတ်တစ်ခု ရှိနေသည်။ ထိုနေရာမှ ရှေးဟောင်းပစ္စည်း ၈၀၀ နီးပါး တွေ့ရှိခဲ့သည်။ ၎င်းတို့ထဲတွင် အသေးစားရုပ်ပွားတော်များ၊ တံဆိပ်များ၊ ကဗ္ဗည်းပြားများ၊ အဖိုးတန်ကျောက်ပုတီးများ၊ တန်ဆာဆင်ထားသည့် ကျောက်ပြားနှင့် အုတ်ခဲများ၊ ရွှံ့စေးမီးအိမ်များ၊ ပြန့်ကြဲနေသည့် ခရားအိုးများသည် ထင်ရှားသည်များ ဖြစ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Vasu Vihar
  2. 18 ancient clay seals found at Bhasu Bihar | The Daily Star
  3. Vashu Bihar, Shibgonj, Bogra။ Bangladesh Parjatan Team။ 17 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 January 2021 တွင် ပြန်စစ်ပြီး။