ဝရဂျိ

ဝီကီပီးဒီးယား မှ
တတမိပေါ်တွင် ဝရဂျိကို တွေ့ရပုံ

ဝရဂျိ (草 鞋) သည် ကောက်ရိုးမျှင်ဖြင့် ပြုလုပ်ထားသည့် ကြိုးသိုင်းဖိနပ် ဖြစ်သည်။ ဟိုးယခင်က ဂျပန်နိုင်ငံတွင် ဂျပန်လူမျိုးများ အဓိက စီးကြသည့် ဖိနပ်ဖြစ်ခဲ့သည်။

အသုံးပြုမှု[ပြင်ဆင်ရန်]

ဝရဂျိသည် ဇိုးရိကို အခြေခံကာ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ဝတ်ဆင်သည့် ပုံစံလည်း ဆင်တူကြသည်။ သို့သော် ဝတ်ဆင်ထားရာတွင် မတူညီသည့်အချက်မှာ ဝရဂျိတွင် ခြေချောင်းများသည် ဖိနပ်၏ အစွန်းကို ကျော်လွန်ကာ ငေါထွက်နေခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ငေါထွက်နေမှုမျိုး ဇိုးရိတွင် မရှိပေ။ နောက်ထပ် မတူညီသည့်အချက်မှာ ဇိုးရိတွင် တဘိနှင့်အတူ ဝတ်ဆင်လေ့ရှိသော်လည်း ဝရဂျိသည် တဘိနှင့်အတူ ဝတ်ဆင်လေ့ မရှိပေ။

ယခုအချိန်တွင် ဗုဒ္ဓဘာသာရဟန်းများသည် ဝရဂျိကို အဓိက ဝတ်ဆင်ကြသည်။ ဂျပန်လူမျိုးများသည် ဇိုးရိ သိုမဟုတ် ဂဲတကို ဝတ်ဆင်ကြသည်။

ချည်နှောင်ခြင်း[ပြင်ဆင်ရန်]

ဝရဂျိဝတ်ဆင်ရာတွင် ကြိုးချည်သည့် ပုံစံမှာ တစ်ဦးနှင့်တစ်ဦး တူညီမှု မရှိပေ။ ဝရဂျိ၏ ကြိုးများကို ချည်နှောင်ရန်အတွက် စံနှုန်းသတ်မှတ်ထားသည့် နည်းလမ်း မရှိပေ။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]