ဝမ်းပြည့်ဆရာဖိုး

ဝီကီပီးဒီးယား မှ

ဝမ်းပြည့်ဆရာဖိုး(၁၂+ - ၁၂၇၃) သည် စာပေပရိယတ္တိနှံ့စပ်သည့် ဇာတ်စာဆိုတော်တစ်ဦး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာဖိုးကို မြင်းမူမြို့အပိုင် ဝမ်းပြည့်ရွာ၌ ဦးရော - ဒေါ်ငြိမ်းတို့မှ ဖွားမြင်ခဲ့သည်။ ဆရာဖိုးသည် စာပေပရိယတ္တိ နှံ့စပ်၏။ ကဗျာဉာဏ် ထက်သန်၏။ ဇနီးမှာ ရွှေယင်းမာရွာမှ မပေါဖြစ်ပြီး မအေးစိန်ဟူသည့် သမီးတစ်ဦး ဖွားမြင်ခဲ့သည်။ ဇနီးဖြစ်သူ မယင်းမာ ကွယ်လွန်သည့်အခါ ရွှေယင်းမာရွာသူ မသွင်နှင့် အိမ်ထောင်ပြုခဲ့ပြီး မမယ်ဆိုသည့် သမီးတစ်ဦး ဖွားမြင်ခဲ့သည်။[၁]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

ဆရာသည် ဦးဘိုးစိန်ဇာတ်အဖွဲ့တွင် လိုက်ပါ၍ ဇာတ်ထုပ်များ ရေးသားနေခဲ့ရာ ၁၂၇၃ ခုနှစ်တွင် ကျုံမငေးမြို့ တစ်ဖက်ကမ်း ကျွန်းပြာသာဒ်ရွာတွင် ကွယ်လွန်ခဲ့သည်။[၁]

ဇာတ်ထုပ်များ ရေးသားခြင်း[ပြင်ဆင်ရန်]

ဆရာကြီးသည် အောက်ပါဇာတ်ထုပ်များကို ရေးသားခဲ့သည်။

၁။ အမယ်ကြီးဇာတ်၊

၂။ ကိုးသန်းရှင်၊

၃။ စက်ဖြတ်သေတ္တာဖွင့်၊

၄။ ဆဒ္ဒန်ဆင်မင်း၊

၅။ ဟတ္တိပါလဇာတ်(၁၂၆၁)၊

၆။ စက်ဖြတ်သေတ္တာဖွင့်၊

၇။ အသမုခိဇာတ် (၁၂၆၄)၊

၈။ ကိန္နရာကြီးဇာတ်(၁၂၆၁)

၉။ ကြောင်ဖြူဇာတ် (၁၂၆၄)၊

၁၀။ ရာဇတမာန်ဇာတ် (၁၂၆၂)၊

၁၁။ စန္ဒကျီးဖြူဇာတ် (၁၂၆၅)၊

၁၂။ ဒါသိမနှင့်ကောသလ၊

၁၃။ နာဂသူဇာဇာတ် (၁၂၆၂)၊

၁၄။ မောင်ဇန် (၁၂၆၅)၊

၁၅။ သီတာရာမ၊

၁၆။ ကုသဇာတ်၊

၁၇။ ရတ္တမယ်ကိန္နရာကြီး (၁၂၆၁)၊

၁၈။ ကိန္နရာသက်ပြောင်း (၁၂၆၅)၊

၁၉။ သီဟဗာဟုဇာတ်၊

၂၀။ စမ္ပေယျဇာတ်၊

၂၁။ ပေါရိသာဒဇာတ်၊

၂၂။ သောရေယျဇာတ်၊

၂၃။ ရှင်ကစ္စည်းဇာတ်၊

၂၄။ ကျန်စစ်သားဇာတ်၊

၂၅။ ဝါးဖြူဇာတ် (၁၂၅၄)၊

၂၆။ ဝေဘူလထေရ်ပျံ (၁၂၆၃)၊

၂၇။ ငပြည့်အောင်စွာဇာတ်၊

၂၈။ ကလျာဏီသိမ်ဇာတ်၊

၂၉။ သူရရူပဇာတ်၊

၃၀။ စောရဇာတ် (၁၂၆၂)၊

၃၁။ ဝံသာကီဇာတ်၊

၃၂။ သုမဏဇာတ်၊

၃၃။ အိုစာမင်းခေါင်ဇာတ် (၁၂၆၂)၊

၃၄။ မောင်ကြီးဇာတ် (၁၂၆၆)၊

၃၅။ ဝိဋဋူပဇာတ်၊

၃၆။ ဖိုးတူဇာတ် (၁၂၆၆)၊

၃၇။ မောင်ပုည၊

၃၈။ တံငါလိမ်၊

၃၉။ မောင်မစ္စက၊

၄၀။ ဣသိသိင်္ဂ၊

၄၁။ ဖဝေး၊

၄၂။ သမ္ဘူလ၊

၄၃။ ငမိုးရိပ်၊

၄၄။ မောင်တင့်တယ် (၁၂၆၉)၊

၄၅။ သုတကုဏ (၁၂၆၈)၊

၄၆။ စကြဝတေး၊

၄၇။ ထိလပ်ပိုးအူ၊

၄၈။ နှင်းအေးဖိုးချိန်မယ်စိန်၊

၄၉။ ဖိုးချိန်မယ်စိန်၊

၅၀။ ပဒမြားသမင်၊

၅၁။ ရွှေလေးပင်၊

၅၂။ ပဋိက္ခရား၊

၅၃။ မောင်ဥဖွား၊

၅၄။ ဈာန်ပျံ၊

၅၅။ သုံးပန်လှ၊

၅၆။ ဥမ္မာဒန္တီ၊

၅၇။ ပဋာစာရီ၊

၅၈။ ဥပကဆာဝါ၊

၅၉။ ဇမ္ဗူသီတာ၊

၆၀။ နှင်းနွယ်သာဂရ၊

၆၁။ ကုက္ကုစ္စပုဏ္ဏား၊

၆၂။ ကောလိယ၊

၆၃။ ဒွေးလှပြန်၊

၆၄။ နန္ဒိယ၊

၆၅။ ကာလီဒါသ၊

၆၆။ ဗျတ္တပန်းဆက်၊

၆၇။ နန္ဒရွှေမှုန်၊

၆၈။ ငါးပါဒ၊

၆၉။ ချင်းရွှေဖန်၊

၇၀။ ပါသာဒ၊

၇၁။ ကာကလ္လိယဇာတ်၊

၇၂။ မြနန်း - ဒါရူ၊

၇၃။ ဝိသယှ၊

၇၄။ မစိန်ရွေး၊

၇၅။ အောင်ဖြူ၊

၇၆။ ရေချမ်း၊

၇၇။ ဓမ္မသိဒ္ဓိ၊


၇၈။ နှင်းနွယ်မိုးမြ၊

၇၉။ သမ္မေယျဇာတ်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်: ဟံသာဝတီစာအုပ်တိုက်။