ဝမ်းချန် (ကွင်းဆက်လူသတ်သမား)

ဝီကီပီးဒီးယား မှ
ဝမ်းချန်
မွေးဖွားဝမ်းချန်
(1975-01-16)၁၆ ဇန်နဝါရီ၊ ၁၉၇၅
ပုသယွမ်မြို့၊ ခွမ်းသျန့် မန်ချူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လျောင်နင်၊ တရုတ်နိုင်ငံ
ကွယ်လွန်၁၇ နိုဝင်ဘာ၊ ၂၀၀၅(2005-11-17) (အသက် ၃၀)
Shenyang, China
သေဆုံးရခြင်း အကြောင်းရင်းExecution
ရာဇဝတ်ပြစ်ဒဏ်သေဒဏ်
ပြစ်ဒဏ်ကျခြင်း(များ)လူသတ်မှုနှင့် မုဒိမ်းမှု
အသေးစိတ်များ
သားကောင်များ၄၅+
မှုခင်းကာလ
၁၉၉၅–၂၀၀၃
နိုင်ငံတရုတ်နိုင်ငံ
ဖမ်းဆီးရက်စွဲ
၁၄ ဇူလိုင် ၂၀၀၃

ဝမ်းချန် (ရိုးရှင်းတရုတ်: 王强; ရိုးရာတရုတ်: 王強; ပင်ယင်: Wáng Qiáng (၁၉၇၅ ဇန်နဝါရီ ၁၆ - ၂၀၀၅ နိုဝင်ဘာ ၁၇) သည် တရုတ်နိုင်ငံ၊ လျောင်နင်၊ ခွမ်းသျန့် မန်ချူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပုသယွမ်မြို့ မှ တရုတ် ကွင်းဆက်လူသတ်သမားဖြစ်ပြီး[၁] တရုတ်နိုင်ငံသမိုင်းတလျောက် နာမည်ဆိုးဖြင့် အကျော်ကြားဆုံး လူသတ်သမားနှင့် မုဒိမ်းသမားများအနက် ၁ ဦး ဖြစ်သည်။

လျောင်းနင်မြို့ ရွာငယ်လေး တစ်ရွာဖြစ်သည့် ခိုင်းယွမ်တွင် ကြီးပြင်းခဲ့ပြီး သူ၏ ဖခင်မှာ စိတ်ကြမ်းကိုယ်ကြမ်းရှိသူ ၊ အရက်နှင့် လောင်းကစားစွဲနေသူ တစ်ဦးဖြစ်ကာ ဝမ်အား ကျောင်းထားမပေးခဲ့ပေ။[၂]

၁၉၉၅ ဇန်နဝါရီ ၂၂ တွင် ပထမဆုံးလူသတ်မှုကို ကျူးလွန်ခဲ့ပြီး ၂၀၀၃ ဇူလိုင် ၁၄ တွင် ဖမ်းဆီးခံရသည်။ လူသတ်မှု ၄၅ မှုနှင့် မုဒိမ်းမှု ၁၀ မှုဖြင့် တရားစွဲဆိုစီရင်ခံရသည်။ အချို့မိန်းကလေးများမှာ သေဆုံးပြီးချိန်မှ အဓမ္မပြုကျင့်ခံရသည်။

လူသတ်မှုများအတွက် သေဒဏ်ပေးခံရသဖြင့် ၂၀၀၅ နိုဝင်ဘာတွင် ဝမ်အား အဆုံးစီရင်ခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. 辽特大系列杀人、强奸案告破 百日会战显成效 (in Zh)။ 搜狐网 来源:东北新闻网 (2003-07-19)။ 2010-07-30 တွင် ပြန်စစ်ပြီး။
  2. 残杀45人,嗜血魔头没有父母没有家 (in Zh)။ 家庭期刊集团 原载《家庭》2005年6期 文/肖 宁 (1 June 2005)။ 6 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 July 2010 တွင် ပြန်စစ်ပြီး။
  3. 辽宁连环杀人犯王强的双面人生:杀了人从来不跑 (untranslated)။ Sina.cn (7 April 2005)။ 24 August 2014 တွင် ပြန်စစ်ပြီး။