ဝမ်ယိကျင်

ဝီကီပီးဒီးယား မှ
ဝမ်ယိကျင်
ဇာတိ အမည်王艺瑾
မွေးဖွားဝမ်ယွင်ရွှမ်း
(1996-12-25) ဒီဇင်ဘာ ၂၅၊ ၁၉၉၆ (အသက် ၂၇)
ကျိနန်၊ ရှန်းသုန်း (တရုတ်)
နိုင်ငံလူမျိုးတရုတ်
အလုပ်အကိုင်
  • သရုပ်ဆောင်
  • အဆိုတော်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၇–လက်ရှိ
ကိုယ်စားလှယ်ဂျေးဝေါ့ခ်စတူဒီယို
တရုတ်အမည်
ဂီတခရီးလမ်း
အခြားအမည်များရစ်ဒါဝမ်(Rita wang)၊ ရွှမ်းရွှမ်း၊ ယိကျင်းဇီ
ဂီတဟန်
  • တရုတ်ပေါပ်
  • မန်ဒိုပေါပ်
  • ကေပေါပ်
ပူးတွဲ ပါဝင်မှု

ယိကျင်ရဲ့‌နာမည်အရင်းဟာ ဝမ်ယွင်ရွှမ်း (王韵宣) ဖြစ်ပြီး ၁၉၉၆ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် မွေးဖွားသည်။ သူမ၏ ထင်ရှားကျော်ကြားသည့် အင်္ဂလိပ်နာမည်သည် ရစ်ဒါဝမ်(Rita Wang) ဖြစ်သည်။ သူမသည် ရုပ်မြင်သံကြားသရုပ်ဆောင် နှင့် အဆိုတော်တစ်ဦးဖြစ်သည်။ သူမသည် Produce Camp 2020 ပြိုင်ပွဲအား ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှ တတိယအဆင့်ရရှိခဲ့ပြီး ဘွန်းဘွန်းမိန်းကလေး ၃၀၃ အဖွဲ့၏ lead vocalist တစ်ယောက်ဖြစ်လာခဲ့သည်။ ဘွန်းဘွန်းမိန်းကလေး ၃၀၃ အဖွဲ့ကို (၂၀၂၂ခုနှစ်၊ ဇူလိုင်လ၊ ၄ရက်နေ့)တွင် တရားဝင်ဖျက်သိမ်းလိုက်သည်။ ထို့နောက် သူမသည် တစ်ကိုယ်တော် အဆိုတော် နှင့် သရုပ်ဆောင်အနေဖြင့် ဆက်လက်လှုပ်ရှားနေခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ယိကျင်၏ အမည်အရင်းသည် ဝမ်ယွီရွှမ်းဟုခေါ်သည်။[၁] ငယ်ဘဝကနေဆယ်ကျော်သက်ထိတိုင် သူမသည် အလွန်ဝဖြိုးခဲ့သည်ဟုဆိုသည်။ သူမသည် ရှန်းသုန်းက ကျိနန်ဘာသားစကားကျောင်းတွင် ဘွဲ့ရခဲ့သည်။ Beijing Dance Academy က Musical theater departmentတွင် တက်ရောက်သင်ကြားပြီး ကောလိပ်ဘွဲ့ရခဲ့သည်။ ယိကျင်ဟာ ငယ်ငယ်လေးကပင် ရုပ်မြင်သံကြား နယ်ပယ်နှင့်မစိမ်းသလို ကလေးသရုပ်ဆောင်အ‌နေနှင့်လည်း ဇာတ်ကားများတွင် ပါဝင်သရုပ်‌ဆောင်‌ခဲ့သည်။ ၂၀၀၀ခုနှစ်တွင်လည်း ရှန်းသုန်းတီဗီကပြသခဲ့သော 'Sunshine Expressway' အစီစဉ်တွင် ကလေးသရုပ်ဆောင်အနေဖြင့် ပါဝင်ခဲ့သည်။

အလုပ်အကိုင်[ပြင်ဆင်ရန်]

၂၀၁၆ခုနှစ်တွင် ဆိုလိုအယ်လ်ဘမ်ဖြစ်သော "the dream of feng hua yuan" ဆိုသော သီချင်းအား ထုတ်ဝေခဲ့သည်။ ၂၀၁၈ခုနှစ်၊ ဇွန်လတွင် တရုတ်စီးရီးဖြစ်သော Growing Pain စီးရီးတွင် လျန်ယန်ရှုဟူသော ဇာတ်ကောင်ဖြင့် ပထမဆုံးအကြိမ်ဇာတ်ကူသရုပ်ဆောင်အနေဖြင့် ပွဲဦးထွက်ခဲ့သည်။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် ဂျေးဝေါ့နယူးဂျွိုင်းကုမ္ပဏီက ယိကျင်အား အေပလက်သင်တန်းသူအနေဖြင့် တရားဝင်ကြေညာခဲ့သည်။[၂] ၂၀၁၉ခုနှစ် ဧပြီလတွင် ဂျေးဝေါ့ခ်စတူဒီယိုက ထုတ့်လွင့်ပြသခဲ့သော "Stom eye" တရုတ်စီးရီးတွင် ယိကျင်၏ အကြိုက်ဆုံးစီနီယာဖြစ်သော မင်းသမီးကြီးယန်မီ(Yang Mi) နှင့်အတူ မြောင်လုဟူသောဇာတ်ကောင်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၂၀ခုနှစ်တွင် ထန်စန်ဗီဒီယိုက ထုတ်လွင့်ပြသခဲ့သော့ တရုတ်ပေါပ်မိန်းကလေးအဖွဲ့ထူထောင်ရေးပြိုင်ပွဲအား ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး (၂၀၂၀ခုနှစ်၊ ၇လ၊ ၄ရက်နေ့) ပြိုင်ပွဲနောက်ဆုံးနေ့တွင် မဲအရေအတွက်ပေါင်း (၁၄၇၆၀၅၆၈၂) ခုရရှိခဲ့ပြီး အဆင့်တတိယနေရာရကာ ဘွန်းဘွန်းမိန်းကလေး ၃၀၃အဖွဲ့ဝင်အနေဖြင့် တရားဝင်ပွဲဦးထွက်ခဲ့သည်။ ဘွန်းဘွန်းမိန်းကလေးနှင့်အတူ ဘွဲ့မယူခင်အထိ ဝါကျီးကျီးဝါး ဖျောဖြေရေးကုမ္ပဏီလက်အောက်တွင် အချိန်နှစ်နှစ်တာကာလလက်တွဲခဲ့ရာ (၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၄ရက်နေ့)တွင် အဖွဲ့စာချုပ်သက်တမ်းပြည့်သွားပါသဖြင့် တစ်ကိုယ်တော်အဆိုတော် နှင့် သရုပ်ဆောင်အဖြင့်သာ ဆက်လက်လှုပ်ရှားနေခဲ့သည်။[၃]

ပင်ကိုစရိုက်[ပြင်ဆင်ရန်]

ယိကျင်ဟာ ပျော်ပျော်နေတတ်ပြီး နွေးထွေးဖော်ရွေသည့် မိန်းကလေးတစ်ဦးဖြစ်သည်။ တိရစ္ဆာများကိုလည်း အရမ်းချစ်တတ်သူတစ်ဦးဖြစ်သည်။

ပြင်ပလင့်ခ်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Weibo Wang၊ Yijin။ weibo yijin
  2. Newjoy၊ Jaywalk။ Jaywalk Newjoy Weibo
  3. Sina Visitor System။ 2020-07-16 တွင် ပြန်စစ်ပြီး။