ဝပြည်နယ်ပြည်သူ့အစိုးရ
ဤဆောင်းပါးတွင် နိဒါန်းစာပိုဒ် မပါရှိပါ။ |
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ပြည်သူ့အစိုးရအောက်တွင် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရုပ်သံလွှင့်ဌာန၊ ဆောက်လုပ်ရေးဌာန၊ ဆည်မြောင်းဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဌာန၊ လျှပ်စစ်ဌာန၊ တိုင်းရင်းသားနှင့် သာသနာရေးဌာန၊ သတ္တုတွင်း၊ ဟိုတယ်လုပ်ငန်း၊ စည်ပင်၊ ရဲဌာန စသည်များ ဖွင့်လှစ်ထားရှိပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်သည်။ ဌာနများကို ဌာနကြီးမှူးများက တာဝန်ယူသည်။
- ဥက္ကဋ္ဌ - ဦးပေါက်ယိုချမ်း
- ဒုဥက္ကဋ္ဌ - ဦးရှောက်မင်လျံ
- ဒုဥက္ကဋ္ဌ - ဦးကျောက်ကော့အန်း
- ဒုဥက္ကဋ္ဌ - ဦးပေါက်ယိုလျံ
ဝဒေသ အုပ်ချုပ်ဖွဲ့စည်းမှု
[ပြင်ဆင်ရန်]မူလ"ဝ"ဒေသပန်ဆန်း(ပန်ခမ်း)တွင် UWSP/UWSA ဌာနချုပ် ထားရှိသည်။ မူလ ဝ ဒေသအား ဝနယ်မြောက်ပိုင်းဟုလည်း ခေါ်ကြသည်။ ဝမြောက်ပိုင်းအား ခရိုင် သုံးခုနှင့် အထူးမြို့နယ် နှစ်ခုဖြင့် ဖွဲ့စည်းထားရှိသည်။ ၎င်းတို့မှာ-
- မိုင်းမောခရိုင်
- မိုင်းလင်းခရိုင် (ဝိန်းကောက်)
- မိုင်းပေါက်ခရိုင်
- ပန်ခမ်း(ပန်ဆန်း) အထူးမြို့နယ်
- နမ့်တစ်အထူးမြို့နယ်တို့ ဖြစ်သည်။
မိုင်းမောခရိုင်
[ပြင်ဆင်ရန်]မိုင်းမောခရိုင်သည် ဝ နယ်မြောက်ပိုင်းဖြစ်ပြီး မြို့နယ် ၁၁ မြို့နယ် ထည့်သွင်းစည်းထားသည်။ မိုင်းမောခရိုင်အတွင်းရှိ မြို့နယ်များမှာ -
- မိုင်းမောမြို့နယ်
- ယင်းဖန်မြို့နယ်
- အိုက်ချင်မြို့နယ်
- ဝမ်လင်မြို့နယ်
- နောင်ငစ်(လုံထန်) မြို့နယ်
- တုံမားမြို့နယ်
- ပန်ဝိုင်မြို့နယ်
- လင်ဟော်(မွေရိုက်) မြို့နယ်
- မန်တုံမြို့နယ်
- ကလုံပါမြို့နယ်
- နာဝီးမြို့နယ်တို့ ဖြစ်သည်။
မိုင်းမောခရိုင်အတွင်း မြို့နယ် (၁၁)မြို့နယ်၊ ကျေးရွာအုပ်စု (၉)အုပ်စု၊ ကျေးရွာပေါင်း (၇၄၀)၊ လူဦးရေ ၂ သိန်း ၉သောင်း ရှိပြီး လူဦးရေ၏ ၉၅% မှာ ဝ လူမျိုးများဖြစ်ကြသည်။ မိုင်းမောခရိုင် မြောက်ဘက်နှင့် အရှေ့ဘက်တွင် တရုတ်ပြည်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပြီး အနောက်ဘက်တွင် သံလွင်မြစ်နှင့် တပ်မတော်ထိမ်းချုပ်ထားသည့် ဟိပုန်၊ ပန်လုံ ဒေသရှိသည်။
မိုင်းလင်းခရိုင် (ဝိန်းကောက်)
[ပြင်ဆင်ရန်]မိုင်းလင်းခရိုင်သည် ဝိန်းကောက်၌ အခြေပြု၍ ဝ ဒေသ၏ အလယ်ပိုင်းဖြစ်သည်။ မြို့နယ် ၅ မြို့နယ် ပါဝင်ဖွဲစည်းထားသည်။
- နမ့်ခမ်းဦးမြို့နယ်
- နောင်ခေတ်မြို့နယ်
- မန်းရှန်မြို့နယ်
- နားကောင်မြို့နယ်
- ပန်ယန်းမြို့နယ်တို့ ဖြစ်ကြသည်။
မိုင်းလင်းခရိုင်ရုံးအား ဝိန်းကောက်တွင် အခြေစိုက်သည်။ မပြည့်စုံသေးသောစာရင်းအရ မိုင်းလင်းခရိုင်အတွင်း ကျေးရွာအုပ်စု (၂၂)စု၊ ကျေးရွာ (၃၀၀)ခန့် ရှိပြီး လူဦးရေ (၉)သောင်းခန့်ရှိသည်။ မန်မန်းဆိုင်၏ အနောက်ဘက် သံလွင်မြစ်တလျောက်တွင် အစိုးရထိမ်းချုပ်ထားသည့် တန်ယန့်မြို့နယ်နှင့် ၎င်း၊ အနောက်မြောက်ဘက်တွင် မက်မန်းမြို့နယ်၊ မော်ဖာဒေသနှင့်၎င်း ဆက်စပ်နေသည်။
မိုင်းပေါက်ခရိုင်
[ပြင်ဆင်ရန်]- မိုင်းပေါက်မြို့နယ်
- ဟိုတောင်းမြို့နယ်
- မိုင်းဖျင်မြို့နယ်
- မိုင်းကာမြို့နယ်
- မိုင်းငင်းမြို့နယ်
စိစစ်ဆဲ
[ပြင်ဆင်ရန်]မိုင်းပေါက်ခရိုင်သည် အထက်တွင်ဖော်ပြထားသကဲ့သို့ မြို့နယ် (၆)မြို့နယ် ထည့်သွင်းဖွဲ့စည်းထားပြီး ကျေးရွာအုပ်စု (၃၅)စု၊ ကျေးရွာ (၃၇၃)ရွာ၊ လူဦးရေ (၉)သောင်းခန့် ရှိသည်။ အရှေ့ဘက်တွင်တရုတ်နယ်နမိတ်နှင့်ဆက်စပ်နေပြီး တောင်ဘက်တွင် တပ်မတော်ထိမ်းချုပ်ရာ မိုင်းယန်း၊ မိုင်းခတ်ဒေသနှင့် ဆက်စပ်နေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်မောင်စိုး ရေး၊ တိုင်းရင်းသားလူမျိုး လက်နက်ကိုင်တပ်ဖွဲ့များ pdf file၊ ၁၈.၅.၂၀၂၁