ဝန်တောင်လည်ဘုန်းတော်ကြီး

ဝီကီပီးဒီးယား မှ

ဝန်တောင်လည်ဘုန်းတော်ကြီး (၈၂၀ ခန့်-၈၉၀ ခန့်)[ပြင်ဆင်ရန်]

ပြည်မြို့ ဝန်တောင်လယ်အရပ်တွင် သီတင်းသုံး နေထိုင်တော်မူသောကြောင့် ဝန်တောင် လယ်ဘုန်းတော်ကြီးဟု ခေါ်သည်။ ဘွဲ့မည်မှာ သျှင်သဒ္ဓမ္မဇောတ ဖြစ်သည်။ အချို့မူတွင် သျှင်သဒ္ဓမ္မဇောတိ ဟုလည်း ရှိသည်။ ဆရာတော်သည် လောကီအရာ ကဗျာလင်္ကာ ဖွဲ့ဆိုမှုများ၌ အထူးအားဖြင့် ကျွမ်းကျင်လိမ္မာတော်မူ၏။

ကဗျာစာဆိုအကျော် သျှင်မဟာရဋ္ဌသာရဆရာတာ် ပြည်မြို့သို့ မရောက်မီကပင် ဝန်တောင်လယ်ဘုန်းတော်ကြီးထံသို့ ရတုကဗျာများဖြင့် အမေးပုစ္ဆာပြုလုပ်၍ လျှောက်ထားမေးမြန်း ခဲ့သည်။

သက္ကရာဇ် ၈၈၇-ခုနှစ်တွင် သျှင်မဟာရဋ္ဌသာရဆရာတော် ပြည်မြို့သို့ရောက်ရှိလာ သော အခါ၌ကား စာဆိုတော်နှစ်ပါးတို့သည် ပိုမိုရင်းနှီးကြ၍ ခက်ရာခက်ဆစ် အမေးအဖြေများကို ရတုကဗျာများဖြင့် မေးကြ ဖြေကြသည်။

ဝန်တောင်လယ်ဘုန်းတော်ကြီးသည် ရတုကဗျာများကိုသာ အရေးများပြီး သျှင်မဟာ ရဋ္ဌသာရနှင့် တွဲဖက်သောကြောင့် ကျော်စောလာရခြင်း ဖြစ်သည်ဆိုက မှားမည်မဟုတ်ချေ။


[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

၁) ကဗျာသာရတ္ထသင်္ဂြိုဟ်၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ စာဆိုတော်များ ရတုပေါင်းချုပ်