ဝတ္ထဒါယက

ဝီကီပီးဒီးယား မှ

အရှင်ဝတ္ထဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

အတ္တဒဿီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

အတ္တဒဿီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်ဝတ္ထဒါယကထေရ် သည် ဂဠုန်ငှက်တို့ကို အစိုးရသည့် ဂဠုန်မင်း ဖြစ်ခဲ့၏။ မြတ်စွာဘုရားသည် ဂန္ဓမာဒနတော်သို့ ကြွတော်မူသည်ကို ဂဠုန်မင်းသည် မြင်၏။ ထို့နောက် မြတ်စွာဘုရားထံသို့ လုလင်အသွင်ဖန်ဆင်းကာ သွား၍ အဝတ်တစ်ထည်ကို လှူဒါန်းခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုအခါ မြတ်စွာဘုရားသည် “ဂဠုန်မျိုးကိုစွန့်၍ နတ်ပြည်၌ မွေ့လျော်ရလတ္တံ့” ဟု မိန့်တော်မူ၏။ သုံးဆယ့်ခြောက်ကမ္ဘာထက်တွင် “အရုဏဝ” အမည်ဖြင့် စကြဝတေးမင်း ခုနစ်ကြိမ် ဖြစ်ခဲ့၏။ [၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဝတ္ထဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သကစိန္တနိယဝဂ်