ဝဏ္ဏဓမ္မကျော်ထင်

ဝီကီပီးဒီးယား မှ

ဝဏ္ဏဓမ္မကျော်ထင် (၁၁၀၀ ခန့်) သည် ဆင်ဖြူရှင်မင်းလက်ထက်တွင် ထင်ရှားခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

ဝဏ္ဏဓမ္မကျော်ထင်ကို ပုခန်းကြီးမြို့စီရင်စု၊ ဖျသီးရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်မြတ်အောင် ဖြစ်သည်။

ငယ်စဉ်ကပင် ရှင်သာမဏေပြုခဲ့ပြီး ကျမ်းဂန်ဓမ္မသတ်များကို လေ့လာခဲ့၍ ဆင်ဖြူရှင်လက်ထက်တွင် အမရပူရမြို့ မိုးကောင်းတံခါးအတွင်း ဝေယန်သာလွတ်ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။

ထို့နောက်တွင် လူထွက်၍ ဆင်ဖြူရှင်ထံ ခစားရာ သားတော်စဉ့်ကူးမင်းထံတွင် ဝဏ္ဏဓမ္မကျော်ထင်ဘွဲ့နှင့် အကြီးတော်အရာ၌ ထမ်းရွက်စေခဲ့သည်။

စဉ့်ကူးမင်းသား အထွတ်အမြတ်ရောက်ရှိလျှင် မဟာဇေယျသူရဘွဲ့ဖြင့် မြောက်ဘက် ၉ သင်း မြင်းဝန် ယင်းတော်မြို့စား အတွင်းဝန် ခန့်တော်မူခဲ့သည်။

အသက်အရွယ်ကြီးရင့်သောအခါ မင်းမျက်သင့်၍ ရဟန်းဝတ်လျက်နေရင်း ရွာသို့ ပြန်လေသည်။[၁]

စာပေများ ပြုစုခြင်း[ပြင်ဆင်ရန်]

ဝဏ္ဏဓမ္မကျော်ထင် ပြုစုခဲ့သည့် စာပေများမှာ အောက်ပါတို့ ဖြစ်သည်။

၁။ ဝိနိစ္ဆယပကာသနီ ပါဌ်နိသျမိတ်လင်စုံ၊

၂။ မနောသာရရွှေမျဉ်း ပါဌ်နိသျမိတ်လင်စုံ၊

၃။ မနုဝဏ္ဏနာဓမ္မသတ် ပါဌ်နိသျမိတ်လင်စုံ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၂၁။