ဝစ္စလဝါ ရှင်ဘော့စကာ

ဝီကီပီးဒီးယား မှ
Maria Wisława Anna Szymborska
Wisława Szymborska, Kraków, Poland 2011
မွေးဖွား(1923-07-02)၂ ဇူလိုင်၊ ၁၉၂၃
Prowent, Poland (now Kórnik, Poland)
ကွယ်လွန်၁ ဖေဖော်ဝါရီ၊ ၂၀၁၂(2012-02-01) (အသက် ၈၈)
Kraków, Poland
အလုပ်အကိုင်
  • Poet
  • essayist
  • translator
နိုင်ငံလူမျိုးPolish
ရရှိသည့်ဆုများ
  • Goethe Prize (1991)
  • Herder Prize (1995)
  • Nobel Prize in Literature (1996)
  • Order of the White Eagle (Poland) (2011)
အိမ်ထောင်ဖက်Adam Włodek (1948–1954; divorced)

ဝစ္စလဝါ ရှင်ဘော့စကာ မှာ ပိုလန်နိုင်ငံသူ စာရေးဆရာမတစ်ဦးဖြစ်သည်။ ကဗျာ၊ အက်ဆေး၊ ဘာသာပြန်ရေးသားသူအဖြစ် ထင်ရှားသူဖြစ်ပြီး စာပေဆိုင်ရာနိုဘယ်ဆုကို ရရှိထားသူဖြစ်သည်။

ဝစ္စလဝါ ရှင်ဘော့စကာကို ၁၉၂၃ ခုနှစ် ဇူလိုင် ၂ ရက်နေ့တွင် ပိုလန်နိုင်ငံ၌ မွေးဖွားခဲ့သည်။ အထက်တန်းပညာကို ကရာကို့ဖ်တွင် သင်ယူခဲ့သည်။ ရသစာပေနှင့်လူမှုရေးရာဘာသာရပ်များကို Krakow’s Jagiellonian တက္ကသိုလ်၌ ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ တက်ရောက်သင်ယူခဲ့သည်။ ကဗျာများကို ၁၉၄၅ ခုနှစ်ဝန်းကျင်ကတည်းက စတင်ရေးသားခဲ့သူဖြစ်သည်။ အပတ်စဉ်ထုတ် ရသစာပေဆိုင်ရာမဂ္ဂဇင်းတစ်ခုဖြစ်သည့် Literary Life မဂ္ဂဇင်းတွင် ၁၉၅၃ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ အယ်ဒီတာအဖြစ် အနှစ် ၃၀ နီးပါး အလုပ်လုပ်ကိုင်ခဲ့သည်။

အယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်စဉ်ကာလတွင်လည်း ကဗျာများကို စဉ်ဆက်မပြတ်ရေးသားခဲ့သည်။ စာအုပ်သုံးသပ်ချက်များကို ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားသည့်အပြင် ပြင်သစ်ကဗျာများကိုလည်း ဘာသာပြန်ဆိုခဲ့သည်။ သူမ၏ စာအုပ်သုံးသပ်ချက်များထဲမှ အချို့ကို ရွေးချယ်စုစည်း၍ Nonrequired Reading: Prose Pieces (2002)အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်ဝေခဲ့ ခြင်းဖြစ်သည်။ I Seek the Word သည် ရှင်ဘော့စကာ၏ ပထမဦးဆုံးထုတ်ဝေသော ကဗျာစာအုပ်တစ်အုပ်ဖြစ်သည်။ ကဗျာစာအုပ် ၁၅ အုပ်နှင့်အထက်ကို ရှင်ဘော့စကာ ရေးသားနိုင်ခဲ့သည်။ သူမ၏ စာပေလက်ရာများကို အင်္ဂလိပ် ဘာသာစကားသို့လည်း ပြန်ဆိုထုတ်ဝေခဲ့သည်။

Monologue of a Dog(Harcount, 2005), Miracle Fair : Selected Poems of Wislawa Szymborska (Norton, 2001); Poems, New and Collected, 1957-1997 (Harcourt, 1998); View with a Grain of Sand: Selected Poems(Harcourt, 1995); People on a Bridge (Forest, 1990); and Sounds, Feelings Thoughts: Seventy Poems (Princeton UP, 1981) အစရှိသည့် လက်ရာများသည် အင်္ဂလိပ်ဘာသာစကားဖြင့်ဖတ်ရှုနိုင်သော ရှင်ဘော့စကာ၏ ကဗျာလက်ရာများဖြစ်သည်။ သူမ၏ စာပေလက်ရာများကို အင်္ဂလိပ်ဘာသာစကားသို့ ဘာသာပြန်ဆိုခဲ့ကြသည့်အပြင် အာရဗီ၊ ဟေဘရှု၊ ဂျပန်နှင့်တရုတ် ဘာသာစကားများသို့လည်း ပြန်ဆိုထုတ်ဝေခဲ့ကြသည်။

သူမသည် ဒုတိယကမ္ဘာစစ်ကာလကို ဖြတ်သန်းခဲ့ရသူတစ်ဦးဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။ သူမ၏ စာပေများတွင် သမိုင်းနောက်ခံအကြောင်းအရာများ၊ ဇီဝဗေဒဆိုင်ရာအကြောင်းအရာများ ဆက်စပ်ပါဝင်လျက် ရှိကြောင်း၊ လူမှုဘဝ၏ အကြောင်းအရင်းမှန် ဖြစ်ရပ်များနှင့် တိတိကျကျ လွဲချောတတ်မှုများ သည် အခြေအနေတစ်ရပ်အဖြစ်ပါဝင်နေကြောင်း ဝေဖန်သုံးသပ်ကြသည်။

ရှင်ဘော့စကာသည် စာပေဆိုင်ရာ နိုဘယ်ဆုကို ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့သည်။ စာပေဆိုင်ရာ နိုဘယ်ဆုရရှိသူ စာရေးဆရာမ ၁၃ ဦးရှိသည့်အနက် စာပေနိုဘယ်ဆုကို ၉ ဦးမြောက်ရရှိသည့် အမျိုးသမီးစာရေးဆရာမတစ်ဦးဖြစ် သည်။ ထို့အပြင် Goethe Prize(1991), Herder Prize(1995), Polish PEN Club Prize(1996), Order of the White Eagle(2011) အပအဝင် အခြားသောစာပေဆိုင်ရာဆုများကို ရရှိထားသူတစ်ဦးလည်းဖြစ်သည်။

စာညွှန်း။။[ပြင်ဆင်ရန်]

  1. ဝစ္စလဝါ ရှင်ဘော့စကာ ဆိုသူမှာ၊ ဟန်ဇော်၊ အလင်းတန်းဂျာနယ်၊ အမှတ် (၇၈၉)၊ ၆ ဇန်နဝါရီ ၂၀၁၄ ခုနှစ်
  2. http://www.hansann.com/?p=217[လင့်ခ်သေ]