ဝင်းဝင်းတင့်

ဝီကီပီးဒီးယား မှ
ဝင်းဝင်းတင့်
မွေးဖွား၁၉၇၅
ရန်ကုန်
နိုင်ငံလူမျိုးမြန်မာ
မိခင်ကျောင်းThames Business School
အလုပ်အကိုင်စွန့်ဦးတီထွင်အမျိုးသမီးလုပ်ငန်းရှင်
ကျော်ကြားမှုအရင်းခံCity Mart Holdingsတည်ထောင်သူ
ရရှိသည့်ဆုများYoung Global Leader (2013)
Asia's 50 Power Businesswomen (2014)

ဝင်းဝင်းတင့် (၁၉၇၅-) သည် မြန်မာလူမျိုး စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်။ ၂၀၁၄ အတွက် ဖိုဘီမဂ္ဂဇင်းမှ ရွေးချယ်သော အာရှ၏စွမ်းအားရှိ အမျိုးသမီး ၅၀ စာရင်းတွင် ထည့်သွင်းခံရသည်။ [၁][၂][၃][၄]

စီးပွားရေးခြေလှမ်းများ[ပြင်ဆင်ရန်]

၁၉၉၆ ခုတွင် မိဘများက အောင်ဆန်းကွင်းတွင် ကုန်စုံဆိုင်ဖွင့်သည်။ သုံးလကြာသည်နောက် စင်္ကပူမှ ပညာသင်ပြန်လာသည့် ဝင်းဝင်းတင့်က ထိုဆိုင်ကို စတင်ဦးစီးသည်။

၁၉၉၇ ခုတွင် သွင်းကုန်မှုဝါဒပြောင်းလဲခြင်းကြောင့်၎င်း၊ ၁၉၉၉ ခုတွင် ပြည်တွင်းဘဏ်များ လဲခြင်းကြောင့်၎င်း၊ ထင်တိုင်းမပေါက်ခဲ့။ ထိုကာလများနောက်မှသာ စီးတီးမတ်အမည်ရှိ လက်လီအရောင်းဆိုင်များသည် တရိပ်ရိပ် တိုးတက်လာသည်။ [၅]

စီးတီးမတ်ဦးပိုင်ကုမ္ပဏီအောက်တွင် စီးတီးမတ် စူပါမားကတ်၊ အိုးရှန်း စူပါစင်တာ၊ စီးတီးမော အွန်လိုင်း၊ စီးတီး ဘွတ်ခံမြူးဇစ်၊ စီးတီး ဘေဘီကလပ်၊ စီးတီးကဲ ဆေးဝါးနှင့်အလှကုန်ဆိုင်၊ မားကတ်ပလေ့၊ ဆီဇင် မုန့်တိုက်၊ စီးတီးဣစ္စပြတ် အလွယ်ဝယ်ဆိုင်တို့ကို ဖွင့်ထားသည်။ ပီအံဂျီ၊ စာရီဘော့၊ အဘ္ဘော့၊ နတ်စတယ်၊ ကယ်လော့ စသော နိုင်ငံတကာကုမ္ပဏီများမှ လူသုံးကုန်များသွင်းရန် ပထမ ကုမ္ပဏီစုကိုကလည်း ထူထောင်ခဲ့သည်။

၂၀၁၃ ခု၊ ဖေဖော်ဝါရီလတွင် စီးတီး လဗ္ဗံဟုပ် ဖော်ဒေးရှင်းကို တည်ထောင်ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူနေမှုမြင့်မားရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို ဆောင်ရွက်သည်။

၂၀၁၆ ခုတွင် နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်းမှ သုံးနှစ်စာ လုပ်ငန်းချဲ့ရန် ချေးငွေ ကန်ဒေါ်လာ ၂၅ သန်းရခဲ့သည်။

ဘွဲ့ထူးဂုဏ်ထူးများ[ပြင်ဆင်ရန်]

၂၀၁၄ ခု၊ မတ်လထုတ် ဖိုဘီမဂ္ဂဇင်း၌ အာရှမှ စွမ်းအားရှိ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ၅၀ စာရင်းတွင် ဖော်ပြခံရသည်။ [၆]

မြန်မာနိုင်ငံလက်လီရောင်းလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သည်။ [၇]

လူမှုရေးရာ ချိတ်ဆက်စရာ[ပြင်ဆင်ရန်]

ဖေ့စဘွတ်ပေါ်ရှိ ဝင်းဝင်းတင့်

တွစ်တာပေါ်ရှိ ဝင်းဝင်းတင့်

ကိုးကား[ပြင်ဆင်ရန်]

  1. Kyaw Hsu Mon (25 March 2014). "A Tale of Retail Success". The Irrawaddy. Retrieved 14 January 2018.
  2. San Yamin Aung (26 February 2015). "City Mart Director Listed in Forbes' Asia's 50 Power Businesswomen". The Irrawaddy. Retrieved 14 January 2018.
  3. TIM MCLAUGHLIN (31 July 2013). "Supermarket entrepreneur eyes expansion Archived 22 August 2021 at the Wayback Machine.". The Myanmar Times. Retrieved 14 January 2018.
  4. Khine Kyaw (21 February 2017). "Top Myanmar retailer to launch e-wallet with Thai technology Archived 14 January 2018 at the Wayback Machine.". Eleven Media Group. Retrieved 14 January 2018.
  5. https://www.myanmore.com/2020/07/city-mart-supply-and-demand/
  6. "Aisle Queen: Win Win Tint Leads With Myanmar's City Marts". Forbes. 23 September 2015. Retrieved 14 January 2018.
  7. ""Know your market, customers and stakeholders" City Mart's Daw Win Win Tint recounts her success Archived 22 August 2021 at the Wayback Machine.". Myanmar Insider. 12 February 2015. Retrieved 14 January 2018.