ဝင်းမင်းထွေး
ဝင်းမင်းထွေး ဟု လူသိများသော ကဗျာဆရာ ၊ တေးရေးဆရာ အမည်ရင်း ဝင်းမြင့် ကို အမရပူရမြို့နယ်၊ ရွှေကြက်ယက်ရွာ၌ ၁၉၅၃ ခုနှစ်တွင် ဦးခင်မောင်ထွေး၊ ဒေါ်လှတင် တို့မှ မွေးဖွားခဲ့သည်။ ၁၉၇၀ တွင် စစ်ကိုင်း အထက(၁)မှ အခြေခံပညာအထက်တန်းအောင်မြင်ခဲ့သည်။
ရန်ကုန်စက်မှုတက္ကသိုလ် တက်ရောက်ခဲ့ပြီး မှိုင်းရာပြည့် အရေးအခင်းတွင် ကျောင်းသားခေါင်းဆောင် အဖြစ် ပါဝင်ခဲ့သည်။ ထိုပါဝင်မှုကြောင့် ကျောင်းထုတ်ခံခဲ့ရပြီး အင်းစိန်ထောင်တွင် ၅နှစ်ကြာ ထောင်ကျခဲ့သည်။
ကဗျာဆရာဘဝ
[ပြင်ဆင်ရန်]၁၉၇၂ ခုနှစ်ခန့်တွင် တက္ကသိုလ်အသိုင်းအဝိုင်း၌ ကဗျာများစတင်ရေးသားခဲ့ပြီး စက်မှုသတင်းဂျာနယ်တွင် သူ၏ကဗျာစတင်ပါဝင်ခဲ့သည်။ ရှုမဝရုပ်စုံမဂ္ဂဇင်းတွင် ၁၉၇၄ ၌ ကဗျာစတင်ရေးခဲ့သည်။
ကဗျာပေါင်းများစွာ ရေးသားခဲ့သော်လည်း ပုံနှိပ်ဖြစ်သော ကဗျာများမှာ နည်းပါးသည်။
တေးရေးဆရာဘဝ
[ပြင်ဆင်ရန်]ပလေးဘွိုင်းသန်းနိုင်အတွက် “ချစ်ရမ္မက်” သီချင်းစာသားကို ၁၉၈၂ တွင် စတင်ရေးပေးခဲ့သည်။ ၁၉၈၂ မှ ၂၀၀၆ ခုနှစ်အတွင်း သီချင်းစာသားပေါင်း ၃၀၀ ခန့်ရေးသားခဲ့ပြီး စကားလုံး ဝင်းမင်းထွေး ဟု ထင်ရှားသည်။ တစ်ကိုယ်တော်ရေးသားပေးခဲ့သော တေးစီးရီးအခွေများတွင် ချစ်ကောင်း ၏ ကိုယ်တိုင်ရေးပုံတူ ထူးအိမ်သင်၏ အရင်အတိုင်း တေးစီးရီး နှင့် ဇော်ဝင်းထွဋ်၏ ဂျစ်ပစီမိုးတိမ် တေးစီးရီးတို့မှာ အထူးအောင်မြင်ကျော်ကြားသည်။
အခြားအနုပညာလှုပ်ရှားမှုများ
[ပြင်ဆင်ရန်]အဆိုတော် ၁၂ ယောက်ပါဝင်သော သီချင်းဗီဒီယို (MTV) ၂ခွေတွဲကို ၁၉၈၆ တွင် ရိုက်ကူးခဲ့သည်။ ၁၉၈၉ တွင် ဟန်သစ်မဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့သည်။ အခြား ဗီဒီယိုဇာတ်ကားများနှင့် မှတ်တမ်းဗီဒီယိုများလည်း ရိုက်ကူးခဲ့သည်။ ရွှေအင်ကြင်း အမည်ရှိရုပ်ရှင်ကားကြီးကို ၁၉၉၅ တွင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ၂၀၀၇ ဧပြီလတွင် မဂ္ဂဇင်းအချို့တွင် သူရေးသားခဲ့ဖူးသော စကားပြေ ၅ ပုဒ် နှင့် ကဗျာရှည် တစ်ပုဒ်တို့ကို စုစည်း၍ ကိုယ်တိုင်ရေး ပုံတူများ အမည်ဖြင့် စာအုပ်တစ်အုပ် ထုတ်ဝေခဲ့သည်။
လက်ရှိဘဝ
[ပြင်ဆင်ရန်]ဇနီးဖြစ်သူ မိကော် နှင့် သားကြီး အာကာ ၊ သမီးများဖြစ်ကြသော ဘရဏီ၊ ရွှေရင်အေးတို့နှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။
လက်ရာများ
[ပြင်ဆင်ရန်]ကဗျာများ
[ပြင်ဆင်ရန်]ရေးသားခဲ့သော သီချင်းများ
[ပြင်ဆင်ရန်]စဉ် | သီချင်းအမည် | သီဆိုသူ | ပါဝင်သော တေးစီးရီး | ထုတ်လွှင့် | မူရင်းသီချင်း | မှတ်ချက် |
---|---|---|---|---|---|---|
၁ | ချစ်ရမ္မက် | ပလေးဘွိုင်း သန်းနိုင် | ချစ်ရမ္မက် | ဂျူလိုင်၊ ၁၉၈၂ | ||
၂ | ဂျင်းဘောင်းဘီအပြာနဲ့ မင်း | ပုလဲ | ချစ်ရမ္မက် | ဂျူလိုင်၊ ၁၉၈၂ | ||
၃ | နေရစ်ခဲ့လေ | ပလေးဘွိုင်း သန်းနိုင် | ချစ်ရမ္မက် | ဂျူလိုင်၊ ၁၉၈၂ | ||
၄ | ဆူးနဲ့နှင်းဆီ | တူးတူး၊ အဆိုတော် | အဆင်သင့်ပဲဟေ့ | |||
၅ | ချိုမြိန်ဒုက္ခ | တူးတူး၊ အဆိုတော် | အဆင်သင့်ပဲဟေ့ |