ဝင်းတင်၊ ဦး (EFA)

ဝီကီပီးဒီးယား မှ
ဦးဝင်းတင် EFA

ဦးဝင်းတင် EFA သည် စာရေးသူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားဆိုင်ရာ မြန်မာမဂ္ဂဇင်းများကို ထုတ်ဝေသူတစ်ဦးဖြစ်သည်။ ထို့အပြင် လောကသစ်စာပေကိုလည်း ယင်းက ထူထောင်ခဲ့သည်။

ဦးဝင်းတင် EFA ကို ၁၉၄၈ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် အဖ ဦးတင်မောင် အမိ ဒေါ်အုန်းတင်တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် အထက ၂ တာမွေမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် ပညာရေးတက္ကသိုလ်မှ ဘီအီးဒီ ဘွဲ့ရသည်။ ၁၉၉၈ ခုနှစ်အထိ အထက တွန်းဖန်(ချင်းပြည်နယ်)၊ အလက ချောင်ကြီး(ကျောက်ကုန်းမြို့နယ်)၊ အထက လှည်းဆိပ်(ထန်းတပင်မြို့နယ်)၊ အထက ၁ သာကေတ တို့တွင် အထက်တန်းပြဆရာအဖြစ် ဆောင်ရွက် ခဲ့သည်။

စစ်ပြန်၊ ငွေတာရီ၊ မြဝတီ၊ ပညာတန်ဆောင် မဂ္ဂဇင်းတို့တွင် အောင်စံဖြိုး အမည်ဖြင့် ဝတ္ထုများ၊ ပညာရေးဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဦးမြင့်ဦး(ဆုစာပေ)နှင့် တွဲဖက်လျှက် English For All မဂ္ဂဇင်းကို ထုတ်ဝေသည်။

၁၉၉၀ ခုနှစ်တွင် လောကသစ်စာပေကို တည်ထောင်သည်။

၂၀၀၆ ခုနှစ် စက်တင်ဘာလမှ စပြီး Global English မဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။

ဦးဝင်းတင်သည် Media English(၁ မှ ၅)စာအုပ်တွဲများ၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ သမီးထံပေးစာများ၊ ကိုယ်သာလျှင် ကိုယ့်ဘဝသခင်၊ ကမ္ဘာကျော်မိန့်ခွန်းများ(မင်းကျော်စွာ အမည်ဖြင့်)နှင့် နယ်လ်ဆင်မင်ဒဲလာ၏ ကိုယ်တိုင်ရေးအတ္ထုပတ္တိ (မင်းကျော်စွာ အမည်ဖြင့်)တို့ကို ရေးသားထုတ်ဝေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]