ဝင့်ထယ် (စာရေးဆရာ)

ဝီကီပီးဒီးယား မှ

ဝင့်ထယ်[ပြင်ဆင်ရန်]

စာရေးဆရာ ဝင့်ထယ်

ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

အမည်ရင်း - ဦးကျော်ဇော


အခြားကလောင်အမည် - မောင်ကြော့ဝေ


မွေးဖွားရာဇာတိ - အဖ ဦးဘချစ်ဝင်း၊ အမိ ဒေါ်သန်းကြည် တို့က ၁၉၅ဝ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင် အနောက်ကမာရွတ် ရန်ကုန်မြို့၌ မွေးဖွားခဲ့။


စာပေရေးသားခြင်း - ၁၉၇၈ ခုနှစ်မှ စ၍ ရုပ်ရှင်အမြုတေ မဂ္ဂဇင်းတွင် ဖော်ပြခံရသော ကဗျာဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် စာပေများ ရေးသားခဲ့၊ ရေးသားနေဆဲဖြစ်။


ထုတ်ဝေပြီး စာအုပ်များ - အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲခေါ်သံ (၂၀၀၁ ခုနှစ်)

- ပုဂံမှ စိန်ပြာကြီးနှင့် ကျိန်စာသင့်သူများ (၂၀၀၂ ခုနှစ်)

- အဆောက်အအုံ အင်ဂျင်နီယာ ဝေါဟာရများ (၂၀၀၃ ခုနှစ်)

- ပန်းသခင် ကြွေလည်း မွှေးနေဆဲပါ (၂၀၀၄ ခုနှစ်)

- ကမ္ဘာကျော်ကြား ဂန္ထဝင်စကားများ (၂၀၀၆ ခုနှစ်)


အလုပ်အကိုင် - ၁၉၇ဝ ပြည့်နှစ်၊ ဒီဇင်ဘာလမှ စ၍ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းတွင် စတင် ဝင်ရောက် လုပ်ကိုင်ခဲ့ရာ ယနေ့အထိ ဖြစ်။


နေရပ် လိပ်စာ - အမှတ် ၁၁ ဂိတ်၊ ကျိုက္ကဆံကွင်း၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အလင်းသစ် စာပေမှ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ ဝင့်ထယ်ရဲ့ 'အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲခေါ်သံ' စာအုပ်မှ