ဝက်မှင်ဘီး

ဝီကီပီးဒီးယား မှ

ဝက်မှင်ဘီး သည် မာ၍ ကြမ်းသော အမွေးတိုများဖြင့် ပြုလုပ်ထားသည်။ ပွတ်တိုက်ကာ အသုံးပြုရသည့် အချောင်းတံတစ်ခု ဖြစ်သည်။ ဆံပင်များကို ချောမောပြေပြစ်စေရန်၊ စတိုင်ကျ လှပစေရန်၊ ဆံပင်များကို ရှုပ်ထွေးမှုမှ ရှင်းလင်းရန်နှင့် တိရစ္ဆာန်များ၏ အမွေးများကို ရှင်းလင်းရန် စသည်တို့တွင် အသုံးပြုကြသည်။

လူတို့တွင် အသုံးပြုမှု[ပြင်ဆင်ရန်]

Julienne Mathieu's hair being brushed, then combed and styled in the 1908 film El hotel eléctrico.

ဝက်မှင်ဘီးကို ရှည်သောဆံပင်များအတွက် အသုံးပြုကြစဉ်တွင် ဘီးကိုမူ ဆံပင်တိုများအတွက် အသုံးပြုကြသည်။ သို့သော် နှစ်ခုစလုံး အသုံးပြုသည့် အခါလည်း ရှိသည်။ ပြားသော ဝက်မှင်ဘီးသည် ရှုပ်ထွေးနေသော ဆံပင်များကို ရှင်းလင်းရာတွင် အသုံးပြုကြသည်။ ဥပမာ - အိပ်စက်ပြီးနောက် သို့မဟုတ် မိုးရေစိုသော အခါမျိုးတွင် ဖြစ်သည်။ အဝိုင်းပုံ ဝက်မှင်ဘီးသည် ဆံပင်များကို ပြင်ဆင်ရာတွင် အသုံးပြုကြသည်။ ထိုဘီးမျိုးကို ကျွမ်းကျင်သည့် ဆံပင်ပညာရှင်များ သုံးလေ့ရှိသည်။

တိရစ္ဆာန်များတွင် အသုံးပြုမှု[ပြင်ဆင်ရန်]

ခွေးများနှင့် ကြောင်များအတွက် အထူးပြုလုပ်ထားသည့် ဘီးများလည်း ရှိသည်။ အမွေးတိုသည့် တိရစ္ဆာန်များအတွက် နှင့် အမွေးရှည်သည့် တိရစ္ဆာန်များအတွက်ဟူ၍ နှစ်မျိုးရှိသည်။

ကိုးကား[ပြင်ဆင်ရန်]