ဝက်ဖြစ်မှတော့ မစင်မကြောက်

ဝီကီပီးဒီးယား မှ

ဝက်ဖြစ်မှတော့ မစင်မကြောက် သည် မြန်မာ စကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ဝက်ဘဝသို့ ရောက်လာမှ မစင်ကို ရွံရှာနေ၍ မဖြစ်နိုင်တော့သကဲ့သို့ နိမ့်ကျသော ဘဝသို့ ကျရောက်လာမှ နိမ့်ကျသည်ဟု ယူဆကြသော အရာများကို ရှောင်ရှား၍ မဖြစ်နိုင်ချေ။

"ဝက်ဖြစ်မှတော့ မစင်ကြောက်နေလို့ မဖြစ်ဘူးလေ။ လူအလျှော့ခံရပြီး အလုပ်ပြတ်သွားတုန်း အလုပ်တစ်ခုခု ထပ်ရတာကပဲ တော်လှပြီ။" [၁၃၃၂] သွေး၊ ၂၉၀။ ၉၇။

ကိုးကား[ပြင်ဆင်ရန်]