လှ၊ တက္ကသိုလ်(မောင်မောင်လှ)

ဝီကီပီးဒီးယား မှ

တက္ကသိုလ်လှ(မောင်မောင်လှ)[ပြင်ဆင်ရန်]

အဘ MR.A.C Bhatacharji- အမိဒေါ်ခင်တို့မှ မွေးဖွားပါသည်။ (၁၉၁၇) ဇူလိုင်လ၊ (၂၉)ရက်နေ့ မွေးဖွားပါသည်။ မောင်နှမ (၈)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ B.A (ပါဠိ) Honsနှင့် ဘွဲ့ရပြီး Burrma Railways တွင် C.R.A(Contorller of Railways Accounts)ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ အသက်(၂၄)နှစ်အရွယ်တွင် လူပျိုဘဝဖြင့် ကွယ်လွန်ခဲ့သည်။ မြို့မသီးသည် သူ၏တပည့်ရင်းဖြစ်သည့်အတွက် သီချင်း Notes အများစုသည် မြို့မသီးထံ၌သာ ကျန်ရှိခဲ့သည်။ တက္ကသိုလ်လှရေးသားသော သီချင်းများအနက် ချိန်တန်ပြီ၊ ရွှင်ပြုံးသူ၊ စိတ်ကူးနေမယ်၊ ကို့ကို့မျက်နှာ၊ သုံးပန်လှ၊ မမုန်းနိုင်၊ ချစ်အမျှ၊ သူဇာလှ၊ ထူးတဲ့လူ့ရွာ၊ ခြောက်ပြစ်ကင်း၊ ချစ်ဝိဇ္ဇာ၊ ရွှေနွယ်ရိုး၊ မက်မပြယ်၊ ရွှေချိုးကူသံ၊ ချစ်စရာ၊ ရွှေစံပယ်ရုံ၊ ချူမယ့်သူများ မှာ အကျော်ကြားဆုံးသော သီချင်းများဖြစ်သည်။

[၁]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. ဒေါ်သန်းသန်းအောင်(တက္ကသိုလ်လှ၏မြေး)၏ ရေးသားပေးပို့ချက်