လှေဦးခြောက် ခြောက်၊ လှေဦးစို စို
လှေဦးခြောက် ခြောက်၊ လှေဦးစို စို သည် မြန်မာစကားပုံ တစ်ခုဖြစ်သည်။
ရှင်းလင်းချက်[ပြင်ဆင်ရန်]
တံငါသည် ငါးဖမ်းမထွက်လျှင် စားရေးဝတ်ရေး မပြေလည်၊ ငါးဖမ်းနိုင်မှ စားရေးဝတ်ရေး ပြေလည်သကဲ့သို့ သူသူငါငါ အလုပ်မလုပ်လျှင် စားရေးဝတ်ရေး မပြေလည်၊ အလုပ်လုပ်မှ စားရေးဝတ်ရေး ပြေလည်သည်။
- "လှေဦးခြောက်ခြောက် ကရော့ဆိုတဲ့ တံငါသည်များရဲ့ စကားပုံအတိုင်း အလည်ရပ်တဲ့ တစ်နေ့မှာ ဗုန်းခနဲလဲမှောက်၍ ညှိုးညှိုးခြောက်ခြောက်နဲ့ ဒုက္ခကြီး ရောက်ရှာကြတယ်။" [၁၂၈၈] သူရ၊ ပ၊ ၅၂။
- "လှေဦးခြောက်လျှင် အဟာရခြောက်သည်ဆိုသော စကားပုံကဲ့သို့ ယခုခေတ်ကာလ အလုပ်သမားတို့မှာ အလုပ်နဲ့လက် မပြတ်ဘဲ မအားအောင် လုပ်နေတုန်း အခိုက်မှာသာ စားသုံးမျှတနိုင်သော အခြေအနေကို ရရှိကြလေသည်။" [၁၂၉၄] ဒဂုန်၊ ၁၄၈။ ၂။