လှကြွယ်၊ တက္ကသိုလ်

ဝီကီပီးဒီးယား မှ
တက္ကသိုလ် လှကြွယ်

တက္ကသိုလ် လှကြွယ် (၁၉၃၇)[ပြင်ဆင်ရန်]

၁။ အမည်ရင်း - ဦးလှကြွယ်
၂။ မိဘအမည် - ဦးစိုမောင် + ဒေါ်တင်ရီ
၃။ မွေးသက္ကရာဇ် - ၁၉၊ ၅၊ ၁၉၃၇
၄။ မွေးဖွားရာဒေသ - ပြည်ခရိုင်၊ ပေါင်းတည်မြို့

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

တက္ကသိုလ် လှကြွယ်ကို ၁၉၃၇ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ပြည်ခရိုင် ပေါင်းတည်မြို့နေ အဖ ဦးစိုးမောင်၊ အမိ ဒေါ်တင်ရီတို့က မွေးဖွားခဲ့သည်။

တက္ဗသိုလ်ဝင်တန်း အထိ ပညာသင်ကြားပြီး၊ တက္ကသိုလ်ဝင်တန်း မအောင်သဖြင့် ၁၉၅၇ ခုနှစ်တွင် ရန်ကုန်မြို့ ကန်ဘဲ့ရှိ ဆရာ အတတ်သင်ကျောင်းတွင် တနှစ် သင်တန်း တက်ခဲ့သည်။

၁၉၅၈ ခုနှစ်မှ ၁၉၆၅ ခုနှစ် အထိ သာယာဝတီခရိုင်၊ နတ္တလင်း မြို့နယ်အပိုင် တာပွန်မြို့ အစိုးရ အထက်တန်းကျောင်းတွင် ပုံဆွဲနည်းပြ ဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သဖြင့် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူခဲ့ရာ ၁၉၆၉ ခုနှစ်တွင် သတ္တဗေဒ ဘာသာဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့သည်။

၁၉၇ဝ ပြည့်နှစ်တွင် ပြန်ကြားရေး ဝန်ကြီး ဌာန မြဝတီ ပုံနှိပ်တိုက်တွင် စာမူထိန်းသိမ်း အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ မြဝတီ ပုံနှိပ်တိုက်တွင်ပင် လက်ထောက်စာတည်း၊ စာတည်း၊ အမူဆောင် စာတည်းနှင့် ဒုတိယ စာတည်းမှူးချုပ် အဖြစ် အဆင့်ဆင့် တိုးတက် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ် အထိ အကြံပေး အရာရှိ အဖြစ် လုပ်ကိုင်ခဲ့သည်။ ဤကာလများ အတွင်း ပင်တိုင် ဆောင်းပါးရှင်အဖြစ် ဘာသာပြန် ဆောင်းပါး၊ ဝတ္ထုများနှင့် ခရီးသွား ဆောင်းပါးများ ရေးသားခဲ့သည်။

တက္ကသိုလ် လှကြွယ်သည် ၁၉၈၄ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စာနယ်ဇင်း ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် သွားရောက်ခဲ့သည်။

ယခုအခါ ပြည်တွင်း အခွန်များ ဦးစီး ဌာနမှ ထုတ်ဝေသည့် Revenue ဂျာနယ်တွင် စာတည်းမှူးချုပ် အဖြစ် လုပ်ကိုင်လျက် ရှိသည်။

တက္ကသိုလ် လှကြွယ်သည် လုံးချင်း စာအုပ်များ ရေးသား ထုတ်ဝေခဲ့ခြင်း မရှိပါ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)'