လွတ်လပ်စွာဟောပြောခွင့်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

လွတ်လပ်စွာဟောပြောခွင့် သည် စိစစ်ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်းမ ရှိသည့် လွတ်လပ်စွာပြောဆိုပိုင်ခွင့် ပင်ဖြစ်သည်။ အနက် အဓိပ္ပာယ်တူသည့် လွတ်လပ်စွာ ထုတ်ဖော် ပြသခွင့် ဆိုသည်မှာ တစ်ခါတစ်ရံ လွတ်လပ်စွာစကားပြောဆိုခွင့် တစ်ခုတည်းသာ မဟုတ်ပဲ သတင်းအချက်အလက် သို့မဟုတ် စိတ်ကူးအကြံအစည် များကိုပါ မည်သည့် ပုံစံဖြင့် ဖြစ်စေ ရှာဖွေခြင်း ၊ လက်ခံခြင်းနှင့် ပေးကမ်းခြင်း တို့ ကို ကြားခံ ဆက်သွယ် ရေးနည်းလမ်း များကိုထည့်သွင်းစဉ်းစားခြင်းမရှိပဲ လွတ်လွတ်လပ်လပ် ပြုလုပ်ခြင်းလည်းပါဝင် သည်။ လက်တွေ့တွင် လွတ်လပ်စွာ ဟောပြော ခွင့် သည် မည်သည့်နိုင်ငံ တွင်မှ အပြည့်အဝ မရ ရှိပဲ ထိုအခွင့်အရေးသည် ယေဘုယျ အားဖြင့် အကန့်အသတ် ရှိနေသည့်ကိစ္စတစ်ရပ် ဖြစ်ပြီး မုန်းတီးရေးဟောပြောမှုကဲ့သို့ ဖြစ်နေသည်။ လွတ်လပ်စွာဟောပြောခွင့် ကို တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း ၏ပုဒ်မ 19 အောက် နှင့် အပြည်ပြည်ဆိုင်ရာ တရားမရေးရာ နှင့် နိုင်ငံရေး အခွင့်အရေးညီလာခံ ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေတို့တွင် လူ့အခွင့်အရေးအဖြစ် အသိအမှတ်ပြုထားသည်(ICCPR)။ ICCPRသည် လွတ်လပ်စွာ ဟောပြောခွင့်ကို အဟန့်အတားမရှိ ထင်မြင်ယူဆချက်များကို ဆုပ်ကိုင်ထားခွင့်ဟု လက်ခံထားသည်။ လူတိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်သည့် အခွင့်အရေး ရှိကိုရှိရမည်။ ထို့အပြင် လွတ်လပ်စွာ ဟောပြောခွင့်ကို ဥရောပ၊ အမေရိကတိုက်အတွင်းနှင့် အာဖရိက ဒေသတို့တွင် လူ့အခွင့်အရေး ဥပဒေအဖြစ် သိမှတ်ထားသည်။ လွတ်လပ်စွာ ဟောပြောခွင့်သည် လွတ်လပ်စွာတွေးတောနိုင်သည်ဆိုသည့်အမြင်နှင့် လုံးဝမတူညီပဲ ရော ထွေး ၍ မရပါ။

လွတ်လပ်စွာဟောပြောခွင့်နှင့် ထုတ်ဖော်ပြသခွင့်[ပြင်​ဆင်​ရန်​]

လွတ်လပ်စွာဟောပြောခွင့်ကို ရှေးယခင် လူ့အခွင့်အရေးစာတမ်းများတွင် တွေ့ ရှိနိုင်ပြီး ခေတ်သစ်အမြင် လွတ်လပ်စွာ ဟောပြောခွင့်သည် ဥရောပတိုက်သားများ ညဏ်ပွင့်လင်း ချိန်ကာလ အတွင်း တစ်ဖြည်းဖြည်း ပေါ်ပေါက်လာသည်။ အင်္ဂလန် ၏အခွင့်အရေးများ ဥပဒေမူကြမ်း 1689 သည် လွှတ်တော်အတွင်း လွတ်လပ်စွာဟောပြောခွင့်ပြုခဲ့ပြီး ပြင်သစ်တော်လှန်ရေး 1789 အတွင်းက ချမှတ်ခဲ့သည့် လူနှင့် နိုင်ငံသားများ ၏ အခွင့်အရေးကြေငြာစာတမ်း တွင် လွတ်လပ်စွာ ဟောပြောခွင့် ကို လွှဲပြောင်း ၍မရ သည့် အခွင့်အရေးတစ်ရပ်အဖြစ် အထူးပြု၍ အခိုင်အမာ ပြောဆိုထားသည်။

ယင်းကြေငြာစာတမ်း ၏ပုဒ်မ 11 တွင် လွတ်လပ်စွာဟောပြောခွင့်ကို ဖွင့်ဆိုထားသည်မှာ- စိတ်ကူးအကြံအစည်များနှင့် ထင်မြင် ယူဆချက်များ လွတ်လပ်စွာ ဆက်သွယ် ဆောင် ရွက်နိုင်ခြင်းသည် အလွန်တန်ဖိုးထားရမည့် လူသားအခွင့်အရေး တစ်ရပ်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် လွတ်လပ်ခွင့်နှင့် ကိုက်ညီစွာ ရေးသားပြောဆို ပုံနှိပ် ထုတ်ဝေ နိုင်သည်။ သို့သော် ဥပဒေ အရ သတ်မှတ်ထားသည့် လွတ်လပ်ခွင့် ကို အလွဲသုံးစားပြုလုပ် ခဲ့လျှင် တာဝန် ရှိကြောင်းသိ ရှိရမည်။

1948 တွင် ချမှတ်ခဲ့သည့် တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း ၏ပုဒ်မ 19 တွင် ဆိုထားသည်မှာ- လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆခွင့် ၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြသခွင့် ရှိသည်။ ဤအခွင့်အရေးတွင် ထင်မြင်ယူဆ ချက် ကို အနှောင့်အယှက်မရှိ လွတ်လပ်စွာ ကိုင်စွဲနိုင်ခွင့် ၊ သတင်းနှင့် စိတ်ကူး အကြံအစည် များကို လူထုဆက်သွယ်ရေး နည်းလမ်းများမှ တစ်ဆင့် စည်းခြားနားထားခြင်း မရှိဘဲ ရှာဖွေ နိုင်ခွင့် ၊ လက်ခံနိုင်ခွင့် နှင့် ဖန်တီးပေးနိုင်ခွင့် တို့ ပါဝင်သည်။

ယနေ့အခါတွင် လွတ်လပ်စွာဟောပြောခွင့် ၊ သို့မဟုတ် လွတ်လပ်စွာ ထုတ်ဖေါ်ပြသနိုင် ခွင့် သည် အပြည်ပြည်ဆိုင်ရာ နှင့် ဒေသဆိုင်ရာ လူ့အခွင့်အရေးများဥပဒေတွင် ထည့်သွင်းအသိအမှတ်ပြုပြီးဖြစ်သည်။ ဤအခွင့်အရေးကို အပြည်ပြည်ဆိုင်ရာ တရားမရေးရာ နှင့် နိုင်ငံရေးညီလာခံ ဆုံးဖြတ်ချက် အပိုဒ် 19 ဥရောပ လူ့အခွင့်အရေးညီလာခံ ၏ အပိုဒ် 10၊ အမေရိကန် လူ့အခွင့်အရေးညီလာခံ ၏ အပိုဒ်13 နှင့် အာဖရိက လူနှင့် ပြည်သူ့အခွင့်အရေး ပဋိညာဉ် စာတမ်း ၏ အပိုဒ် 9 တို့တွင် ထည့်သွင်း ထိန်းသိမ်းထားသည်။[8] John Stuart Mill (ဂျွန်စတက်မီးလ်) ၏ အကြောင်းပြချက်ပေါ် အခြေခံရလျှင် လွတ်လပ်စွာဟောပြောခွင့်ကို ရှုထောင့်အစုံ ရှိသည့် အခွင့်အရေးအဖြစ် သိမြင်ထားပြီး ယင်းတွင် သတင်းအချက်အလက် နှင့် စိတ်ကူး စိတ်သန်း များကို ထုတ်ဖော်ပြသနိုင် ခွင့် သို့မဟုတ် ဖြန့်ဖြူး နိုင်ခွင့် သာမကပဲ ယင်းထက်ထင် ရှား သည့် အခြားပုံသဏ္ဍာန် သုံးမျိုး တို့ပါဝင်သည်။ ယင်းတို့မှာ- ၁။ သတင်းအချက်အလက်နှင့် စိတ်ကူးစိတ်သန်းများကို ရှာဖွေနိုင်ခွင့် ၂။ သတင်းအချက်အလက်နှင့် စိတ်ကူးစိတ်သန်းများကို လက်ခံနိုင်ခွင့် ၃။ သတင်းအချက်အလက်နှင့် စိတ်ကူးစိတ်သန်းများကို ပေးဝေနိုင်ခွင့်

လွတ်လပ်စွာ ထုတ်ဖေါ်ပြသနိုင် ခွင့် တွင်ပါဝင်သည့် အင်တာနက် သို့မဟုတ် အနုပညာရပ်များမှတစ်ဆင့် ပြောကြားခြင်း၊ ရေးသားခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းများကို လွတ်လပ်စွာဟောပြောခွင့်ဟု နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် နိုင်ငံတော်စံချိန်စံနှုန်းများက အသိအမှတ်ပြု သည်။ လွတ်လပ်စွာဟောပြောခြင်းကိုအခွင့်အရေးတစ်ရပ်အဖြစ် ကာကွယ်ထားခြင်းဖြစ်ကြောင်း အဓိပ္ပာယ်သက်ရောက်ရာတွင် ခေါင်းစဉ်မာတိကာ သက်သက်သာမဟုတ်ပဲ ထုတ်ဖော်ပြသခြင်းကိုပါ အဓိပ္ပာယ်သက်ရောက်သည်။

မူလအစများနှင့် ပညာရေးလွတ်လပ်ခွင့်[ပြင်​ဆင်​ရန်​]

လွတ်လပ်စွာဟောပြောခွင့် နှင့် ထုတ်ဖေါ်ပြသခွင့်တို့သည် ခေတ်သစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများ၊ တန်ဆာပလာများအတွက် ရှေးယခင် နှစ်များစွာထဲကပင် ကြိုတင်ရှိနေခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သော 6 သို့မဟုတ် 5 ရာစု ခရစ်မပေါ်မီ နှစ် များကထဲမှ ရှေးခေတ် အေသင် ဒီမိုကရက်တစ်အတွေးအခေါ်များတွင် လွတ်လပ်စွာ ဟောပြောခွင့်ကို တွေးတောခဲ့ကြပြီးဖြစ်သည်။

အစ္စလာမ်ကျင့်ဝတ်များတွင် လွတ်လပ်စွာ ဟောပြောခွင့်ကို ခရစ်တော်ပေါ်ပြီး7 ရာစု Rashidun (ရာရှီဒွန်) ခေတ်ကာလတွင် caliph Umar (ကယ်လစ်အူမာ) မှ ပထမဆုံး ထုတ်ဖော်ပြောကြေားခဲ့ပြီးဖြစ်သည်။ Abbasid Caliphate (အာဘာဆစ်ကယ်လီဖိတ်) ကာလတွင် လွတ်လပ်စွာ ဟောပြောခွင့်ကို al Hashimi အယ်လ်ဟာရှိမိ (ကယ်လစ်အယ်မာမွန်၏ ညီအစ်ကိုဝမ်းကွဲတော်သူ) မှ ဘာသာရေး ဆန့်ကျင်သူများထဲမှ တစ်ဦးကို ကျိုးကြောင်းဆီလျော်စွာဖြင့် ပြောင်းလဲစေရန်အတွက် ပေးစာတွင် ဖွင့်ဟရေးသားခဲ့ပြီးဖြစ်သည်။ George Makdisi (ဂျော့မက်ဒီစီ) နှင့် Hugh Goddard တို့၏ အဆိုအရ တက္ကသိုလ်များတွင် ပညာရေး လွတ်လပ်ခွင့် အတွေးအခေါ်ကို စံပြအစ္စလာမ်ဆိုင်ရာ ဓလေ့စရိုက်အဖြစ် 9 ရာစုနှစ်မှစပြီး အလယ်ခေတ် Madrasah (မာဒရာဆာ) စနစ်တွင် လက်တွေ့ကျင့်သုံးခဲ့သည်။ အစ္စလာမ် ဘာသာရေးဆိုင်ရာ လွှမ်းမိုးမှုသည် ဥရောပတွင်”ပထမဆုံး အစီအမံကောင်းသည့် တက္ကသိုလ်အတွက် အခြေခံအုတ်မြစ်”အဖြစ်တွေ့ရှိရသည်။ 1224 ခုနှစ်က Frederick II, Holy Roman Emperor (ဖရက်ဒရစ် II ဟိုးလီး ရောမ အင်ပိုင်ယာ တည်ထောင်ခဲ့သည့် University of Naples Federico II (နေပယ်ဖက်ဒရီကိုII တက္ကသိုလ်) ။

လွတ်လပ်စွာဟောပြောမှုအပေါ်ကန့်သတ်ချက်များ[ပြင်​ဆင်​ရန်​]

အီရန်အာဏာပိုင်များမှ National Geographic Magazine အမျိုးသား ဘူမိဗေဒဆိုင်ရာ ပုံနှိပ်မဂ္ဂဇင်းကို စိစစ်တည်းဖြတ်ထားသည်။ အဖြူရောင် စတစ်ကာ ကပ်ထားသည့် အောက်မှဓါတ်ပုံမှာ စုံတွဲပွေ့ဖက်ထား သည့်ပုံဖြစ်သည်။

ဖေဖော်ဝါရီ 2006 သတ်သတ်မှတ်မှတ် နိုင်ငံများအလိုက် နမူနာများကို နိုင်ငံအလိုက် လွတ်လပ်စွာ ဟောပြောခွင့်နှင့် ပြစ်မှုဆိုင်ရာ ဟောပြောမှုများတွင်ကြည့်ပါ။ လွတ်လပ်ခွင့် ဆွေးနွေးပွဲ အဖွဲ့အစည်း ၏အဆိုအရ လွတ်လပ်စွာဟောပြောခွင့်သည် အခြားသော အခွင့်အရေး သို့မဟုတ် တန်ဖိုးထားမှုများနှင့် အငြင်းပွားမှု ဖြစ်လာပါက ဥပဒေစနစ်များနှင့် လူ့အဖွဲ့အစည်းတို့က လွတ်လပ်စွာ ဟောပြောခွင့်ကို ကန့်သတ်တားဆီးရန် သတ်မှတ်ထားသည်။ လွတ်လပ်စွာ ဟောပြောခွင့်အပေါ် ကန့်သတ်ချက်များသည် “ထိခိုက်နာကျင်စေသည့်မူ“ သို့မဟုတ် “ထိုးနှက်ချက်မူ”များ၏ နောက်မှ ထပ်ချပ်မကွာ လိုက်ပါလျက်ရှိသည်။ ဥပမာအားဖြင့် ညစ်ညမ်းဓါတ်ပုံများ သို့မဟုတ် “မုန်းတီးရေး ဟောပြောမှုများ” လွတ်လပ်စွာ ဟောပြောခွင့်အပေါ် ကန့်သတ်မှုများသည် ဥပဒေအရ တားဆီးပိတ်ဆို့ ခြင်း သို့မဟုတ် လူမှုရေးအရ မမျှတခြင်း တို့မှတစ်ဆင့်ဖြစ်လာသည်။

“On Liberty “လွတ်လပ်မှုအပေါ်” (1859) တွင် John Stuart Mill (ဂျွန် စတူးမီး) ငြင်းဆိုထားသည်မှာ “.. မည်သည့်ဩဝါဒကိုမဆိုထုတ်ဖေါ်ပြောဆိုခြင်း၊ ဆွေးနွေးခြင်းများသည် ကျင့်ဝတ်အရ ပြစ်မှု မြောက် သည် ဖြစ်စေ၊ သို့တည်းမဟုတ် စောင့်စည်းမှုမရှိသည်ဖြစ်စေ၊ အပြည့်စုံဆုံးသော လွတ်လပ်မှုကို ထား ရှိပေးသင့်သည်။”Mill (မီး) ငြင်းဆိုထားသည်မှာ အပြည့်စုံဆုံးထုတ်ဖော်ပြသခြင်း ၏လွတ်လပ်မှုသည် လူမှုရေး ယုံကြည် လက်ခံထား ရှိ မှုထက်ကျော်လွန် ၍ ယုတ္တိ အကျဆုံး ကန့်သတ်ချက် များ အထိ ငြင်းဆိုကန့်ကွက် နိုင်ရန် အတွက်တွန်းအားပေး ရန်လိုအပ်သည်။ သို့သော်လည်း Mill မီးသည် လွတ်လပ်စွာ ထုတ်ဖော်ပြသခြင်း ၏ကန့်သတ်ချက်နောက်တွင် လိုက်ပါထား ရှိသည့် ထိခိုက်နစ်နာစေ သည့်မူကို နားလည်တင်ပြထားသည်မှာ – “တစ်ခုတည်းသော ရည်ရွယ်ချက်အတွက် အရပ်ဘက် လူစုအဖွဲ့ဝင် တစ်ဦး ၏ဆန္ဒကိုဆန့်ကျင် ပြီးမှန်ကန်စွာ ကျင့်သုံးသည့် အင်အားသည် အခြားသူများကို ထိခိုက်နာကျင်စေခြင်း မှ ကာကွယ်ထား ပြီးဖြစ်သည်။”


ထိုးနှက်ခြင်းမူ[ပြင်​ဆင်​ရန်​]

Westboro Baptist Church (ဝက်(စ်) ဘိုရိုဘက်ပတစ်(စ်) ဘုရားကျောင်းအဖွဲ့ဝင်များသည် ကနေဒါအတွင်းသို့ မုန်းတီးရေး ဟောပြောမှုအတွက် ဝင်ရောက်လာခြင်းမှ တိကျစွာ တားဆီးပိတ်ပင်ထားသည်။

1985 တွင် Joel Feinberg (ဂျိုးဖိန်းဘတ်) မှ “ထိုးနှက်ခြင်းမူ” ကို နားလည်သိရှိတင်ပြထားသည်မှာ Mill (မီး) ၏ထိခိုက်နစ်နာစေ သည့်မူသည်အခြားသူများ ၏လွဲမှားသော စရိုက်များကို ဆန့်ကျင်ရန်လုံလောက်သော အကာအကွယ်ပေးထားမှုမရှိဟုငြင်းဆိုထားသည်။ “ပြစ်မှုတားဆီးရေးအတွက်အကောင်းဆုံးကျိုးကြောင်းပြချက် အမြဲတမ်း ရှိနေရမည်ဟု" Feinberg (ဖိန်းဘတ် ) မှရေးထားသည်။ တကယ်လုပ်သူထက် အခြားသူများကိုပါ အလွန်အမင်း ထိုးနှက်တိုက်ခိုက်မှု (ဒဏ်ရာရစေမှု သို့မဟုတ် ထိခိုက်နာကျင်စေမှုတို့ကို ဆန့်ကျင်သကဲ့သို့) ကို အကာအကွယ် ပေးနိုင်သည့် ထိရောက်သော နည်းလမ်းကောင်းများဖြစ်စေရမည်။ ”ထို့ကြောင့် Feinberg (ဖိန်းဘတ်) သည် လုပ်ဆောင်ခွင့်များစွာ မြှင့်တင် ထားသည့် ထိခိုက်နာကျင်စေသည့်မူကို ငြင်းဆိုခဲ့ပြီး အချို့သော ထုတ်ဖေါ်ပြသခွင့် ပုံစံများသည် ထိုးနှက်ချက် များပြားလွန်းသည့်အတွက် ဥပဒေအရ တရားနည်းလမ်းကျကျ တားမြစ်ခြင်း ခံရနိုင်သည်ဟု ဆိုသည်။ သို့သော် တစ်ဦးတယောက်အပေါ် ထိုးနှက်ချက်သည် တစ်ဦးတယောက်အပေါ် ထိခိုက်နာကျင်စေမှုထက် လျော့နည်းနေသကဲ့သို့ ထိခိုက်နာကျင်စေမှုအတွက် ချမှတ်သည့်ပြစ်ဒဏ်များကို မြှင့်တင် ထား ရှိရမည်။ ယင်းနှင့်ဆန့်ကျင်လျက် Mill (မီး)သည် ထိခိုက်နာကျင်စေသည့် မူအပေါ် အခြေခံထားခြင်းမရှိခဲ့သော်တရားဥပဒေအရပြစ်ဒဏ်ပေးခြင်းများကိုမထောက်ခံပါ။အဘယ့်ကြောင့်ဆိုသော် ထိုးနှက်မှုသည် ပမာဏမျိုးစုံ ကွဲပြားလျက်ရှိသည်။ သို့မဟုတ်မမျှတသည့်တရားစီရင်မှုရလဒ်ဖြစ်နိုင်သည်။Feinberg (ဖိန်းဘတ် )မှအကြံပြုသည်မှာ ထိုးနှက်ခြင်းမူ ကိုအသုံးပြုတော့မည်ဆိုလျှင် အချက်အလက် အများအပြားကို ဦးစွာထည့်သွင်းစဉ်းစားရမည်။ ယင်းတွင်ပါဝင်သည့် အချက်များမှာ အတိုင်းအတာ၊ အချိန်ကာလနှင့် လူမှုတန်ဖိုး၊ ရှောင်လွှဲနိုင်မှု၊ ပြောဆိုသူ၏ကိုယ်နှုတ်အမူအယာ၊ ပရိတ်သတ်ကို အနှောင့်အယှက်ဖြစ်မှု၊ ထိုးနှက်ချက် ၏အချိန်အဆနှင့် လူအုပ်စု၏အထွေအထွေ စိတ်ဝင်စားမှုတို့ဖြစ်သည်။






[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Freedom_of_speech

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]