လျှပ်စစ်ဓာတုဗေဒ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဆယ့်ရှစ်ရာစုနှစ် နောက်ပိုင်းမှစ၍ ဓာတုဗေဒတွင် လျှပ်စစ်ဓာတ်ကို စတင်အသုံးပြုလာခဲ့ကြရာ ဗန်မာရမ်ဆိုသူသည် လျှပ်စစ်ဓာတ်ပွတ်စက်ကို လှည့်နေစဉ်အတွင်း အိုဇုန်းဓာတ်ငွေ့ကို ပထမဆုံး တွေ့ရှိခဲ့သည်။ ခရစ် ၁၈၈ဝ ပြည်နှစ်တွင် အယ်လက်ဇန္ဒြိုဗိုလတာသည် လျှပ်စစ်ဓာတ်အိုးကို အသစ်ထွင် ထမြောက်အောင်မြင်ခဲ့သည်၊


နောက်နှစ်နှစ်အကြာတွင် နစ်ကာလဆန်နှင့် ကာလိုင်းတို့သည် ရေတွင်လျှပ်စစ်ဓာတ်ကို လွှတ်လိုက်ခြင်းအားဖြင့် ရေကို ဟိုက်ဒြိုဂျင်နှင့် အောက်ဆီဂျင် ဓာတ်ငွေ့နှစ်မျိုးအဖြစ် ကွဲထွက်သွားစေနိုင် ကြောင်းကို သိရှိလာကြသည်။ ၁၈ဝ၇ ခုနှစ် ရောက်လာသောအခါ ဆာ ဟန်ဖရီ ဒေဗီသည် လျှပ်စစ်ဓာတ်ခွဲနည်းဖြင့် ဆိုဒီယမ်နှင့် ပိုတက်ဆီယမ် တို့ကို ထိုသတ္တုတို့၏ ဟိုက်ဒရောက်ဆိုက် အရည်များမှာ ခွဲထုတ်ယူနိုင် ခဲ့သည်။ ဤကဲ့သို့ လျှပ်စစ်ဓာတ်ကို အသုံးပြုသဖြင့် အက်တမ်များ၊ ဒြဗ် စင်များ ကွဲထွက်လာခြင်းနှင့်စပ်လျဉ်း၍ ဓာတုဗေဒစည်းများရှိကြောင်းကို ၁၉ ရာစုနှစ် အလယ်လောက်ရောက်သောအခါ မိုက်ကယ်ဖားရာဒေးက စမ်းသပ်ပြ လေသည်။


လျှပ်စစ်ဓာတ်ကို ဓာတုဗေဒတွင် အသုံးပြုသောအခါ လိုက်နာ ဆောင်ရွက်ရသည့် သဘောတရားများအနက် မူလအရင်းခံသဘောတရားမှာ အိုင်းယွန်းနိုက်ဗေးရှင်းခေါ် လျှပ်စစ်ဓာတ်ဝင် အစိတ်အပိုင်းများအဖြစ်သို့ အစည်းကွဲသွားတတ်ခြင်းပင်ဖြစ်သည်။ လျှပ်စစ်ဓာတ် ဓာတ်လိုက်ရည် တစ် ခုခုထဲသို့ လျှပ်စစ်ဓာတ်လွှတ်လျှင် ဓာတ်လိုက်ရည်သည် အိုင်းယွန်းခေါ် လျှပ်စစ်ဓာတ်ဝင်နေသော အစိတ်အပိုင်းကလေးများအဖြစ်သို့ ကွဲထွက်သွား ၏။ အိုင်းယွန်းတွင် အက်တမ်တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါရှိတတ် ၏။ ရေတွင်ပျော်ဝင်နေသော ဟိုက်ဒြိုဂျင်ကလိုရိုက် ပျော်ဝင်ရည်ကိုကြည့် လျှင် ထိုပျော်ဝင်ရည်၌ ပျော်ဝင်ပစ္စည်းသုံးမျိုးရှိကြောင်းကို တွေ့ရှိရသည်။ ထိုပစ္စည်းသုံးမျိုးမှာ -
(၁) အစည်းမကွဲသေးသော ဟိုက်ဒြိုဂျင်ကလိုရိုက် မော်လီကျူများ၊
(၂) လျှပ်စစ်အဖိုဓာတ်ကိုဆောင်သော ဟိုက်ဒြိုဂျင် အိုင်းယွန်းများ(H+ ) နှင့်
(၃) လျှပ်စစ်အမဓာတ်ကို ဆောင်သော ကလိုရင်းအိုင်းယွန်းများ(CL_) ဖြစ်သည်။
ထိုပစ္စည်းသုံးမျိုးသည် ပျော်ဝင်ရည် တခုလုံးတွင် တညီတညွတ်တည်း ပျံ့နှံ့လျက်ရှိကြ၏။

အစည်းမကွဲသော ဟိုက်ဒြိုဂျင် ကလိုရိုက် မော်လီကျူများကား လျှပ်စစ်ဖြင့်ဓာတ်ခွဲသောအခါ မည်သို့မျှ ပါဝင်ခြင်း မရှိချေ။ အမှန်မှာ ပျော်ဝင်ရည်ထဲဲတွင်အစည်းမကွဲသော ဟိုက်ဒြိုဂျင် ကလိုရိုက်နှင့် အစည်းကွဲသွားသော ဟိုက်ဒြိုဂျင်အိုင်းယွန်း(H+ ) ကလိုရင်းအိုင်းယွန်း(CL_) တို့သည် အစည်းကွဲသွားလိုက်၊ အစည်းကွဲပြီးသည်နှင့် တပြိုင်နက် ပြန်၍ ပေါင်းစပ်လိုက်နှင့် ညီညွတ်မှု ရလျက်ရှိလေသည်။ ညီညွတ်မှု ရရှိပုံကို အောက်တွင် ပြထားသည်။ H CLÛ H+ CL_

အဓိပ္ပာယ်မှာ ရေတွင် ဟိုက်ဒြိုဂျင်ကလိုရိုက်ကို ထည့်လိုက်သောအခါ လျှပ်စစ်အဖိုဓာတ်ကို ဆောင်သော ဟိုက်ဒြိုဂျင် အိုင်းယွန်း (H+ ) နှင့်လျှပ်စစ်အမဓာတ်ကို ဆောင်သော ကလိုရင်းအိုင်းယွန်း (CL_) တို့သည် ကွဲထွက်သွားကြ၏။ ယင်းသို့ကွဲသွားပြီးသည်နှင့် တဖန် ဟိုက်ဒြိုဂျင်နှင့် ကလိုရင်းတို့သည် ပြန်၍ ပေါင်းစပ်ကြပြီးလျှင် ဟိုက်ဒြိုဂျင် ကလိုရိုက် အက်ဆစ် ပြန်ဖြစ်၏။ ဤသို့ဖြင့် ကွဲသွားလိုက် ပြန်ပေါင်းလိုက်နှင့် အစဉ်မျှတမှုရှိလေသည်။ ဆိုခဲ့သော အဖြစ်အပျက်သည် လျှပ်စစ်ဓာတ်ကို ပျော်ဝင်ရည်ထဲသို့ မလွှတ်မီအချိန်တွင်ဖြစ်၏။ လျှပ်စစ်ဓာတ်ကို ပျော်ဝင်ရည်ထဲသို့ လွှတ်လိုက်သည်နှင့် တပြိုင်နက် အစည်းကွဲနေသော အိုင်းယွန်းတို့သည် ဆိုင်ရာ လျှပ်စစ်ဓာတ်လိုက်တိုင်များသို့ အသီးအသီး ကူးသွားကြ၏။ လျှပ်စစ်အဖိုဓာတ်ကိုဆောင်သော ဟိုက်ဒြိုဂျင်အိုင်းယွန်း (H+ ) များသည် ဓာတ်မတိုင်ရှိရာသို့ သွား၍ လျှပ်စစ်အမဓာတ်ကို ဆောင်သော ကလိုရင်းအိုင်းယွန်း (CL_) များက ဓာတ်ဖိုတိုင်ရှိရာသို့ သွားကြ၏။

ထို့ကြောင့် အိုင်းယွန်းဆိုသည်မှာ လျှပ်စစ်ဓာတ်ကို ဆောင်သော အက်တမ်တခု၊ သို့မဟုတ် လျှပ်စစ်ဓာတ်ကို ဆောင်သော အက်တမ်အများကို ဆိုလိုသည်။ လျှပ်စစ်အဖိုဓာတ်ကို ဆောင်သော အိုင်းယွန်းများကို ကက်တိုင်ယွန်ဟုခေါ်၍ လျှပ်စစ်အမဓာတ်ကို ဆောင်သော အိုင်းယွန်းများကို အန်နိုင်ယွန်ဟု ခေါ်၏။

လျှပ်စစ်အဖိုဓာတ်ကို ဆောင်သော ဟိုက်ဒြိုဂျင် အိုင်းယွန်း (H+ ) သည်ဓာတ်မတိုင်သို့ရောက်၍ တွေ့ထိသောအခါ လျှပ်စစ်အဖိုဓာတ်သည် ပျောက်ပျက်သွားသောကြောင့် သာမန် ဟိုက်ဒြိုဂျင် အက်တမ် အဖြစ်နှင့်သာ ရှိ၏။ ဤကဲ့သို့ သာမန် ဟိုက်ဒြိုဂျင်အက်တမ်များ စုဝေးနေရာတွင် ဟိုက်ဒြိုဂျင် မော်လီကျူများ ဖြစ်လာပြီးလျှင် ပလုံစီများ ထလာလေသည်။

ထိုနည်းအတူ တချိန်တည်းမှာပင် လျှပ်စစ်အမဓာတ်ကို ဆောင်သော ကလိုရင်းအိုင်းယွန်း (CL_) ကလည်း ဓာတ်ဖိုတိုင်ရှိရာသို့ရောက်၍ တွေ့ထိသောအခါ လျှပ်စစ်အမဓာတ်သည် ပျောက်ပျက်သွားသောကြောင့်သာမန် ကလိုရင်းအက်တမ် အဖြစ်နှင့်သာရှိ၏။ ဤကဲ့သို့ သာမန်ကလိုရင်း အက်တမ်များ စုဝေးနေရာတွင် ကလိုရင်း မော်လီကျူများ ဖြစ်လာကြပြီးလျှင် ပလုံစီများ ထပြန်လေသည်။ ဟိုက်ဒြိုဂျင် အိုင်းယွန်းများနှင့် ကလိုရင်း အိုင်းယွန်းတို့သည် ပျော်ဝင်ရည်ထဲမှ ထွက်သွားကြသောကြောင့် အစည်းမကွဲသေးသော ဟိုက်ဒြိုဂျင်ကလိုရိုက်တို့သည် ထပ်၍ အစည်းကွဲကြပြီးလျှင်တဖန် အိုင်းယွန်းများ ဖြစ်ကြပြန်၏။ ဤသို့ လျှပ်စစ်ဓာတ် လွှတ်ထားလျှင် ဟိုက်ဒြိုဂျင်နှင့် ကလိုရင်းဓာတ်တို့သည် ဓာတ်ဖိုတိုင်နှင့် ဓာတ်မတိုင်တို့မှ အသီးအသီး ထွက်နေကြလေသည်။

လျှပ်စစ်ဓာတ်ကို မည်သည့် အရည်တွင်မဆို လွှတ်လိုက်သောအခါ အိုင်းယွန်းများကွဲထွက်လာကြပြီးလျှင် ဆိုင်ရာဓာတ်လိုက်တိုင်များဆီသို့ အသီးအသီးသွားကြသည်။ ထိုအချင်းအရာမှာ အက်ဆစ် ပျော်ဝင်ရည်၊ ဗေ့ပျော်ဝင်ရည်နှင့် ဓာတ်ဆားပျော်ဝင်ရည်များတွင် ပိုမို၍ ထင်ရှား၏။ အကြောင်းသော်ကား အက်ဆစ်၊ ဗေ့နှင့် ဓာတ်ဆားတို့သည် ရေတွင် ပျော်ဝင်သည့်အခါတိုင်း လျှပ်စစ်ဓာတ်စီးမလွှတ်ခင်မှာပင် အိုင်းယွန်း အဖြစ်ဖြင့် အစည်းကွဲထွက်၍ ဓာတ်ဖောက်ပြန်မှုများ ဖြစ်နေသောကြောင့် တည်း။ ထိုကြောင့် မည်သည့်ပစ္စည်းမဆို ရေတွင်ပျော်ဝင်၍ ထိုပျော် ဝင်ရည်ထဲ၌ လျှပ်စစ်အဖိုဓာတ်ကို ဆောင်သော ဟိုက်ဒြိုဂျင် အိုင်းယွန်း (H+ ) များရှိလျှင် ထိုပစ္စည်းကို အက်ဆစ်ဟုခေါ်၏။ အကယ်၍ ပစ္စည်း တခု၏ပျော်ဝင်ရည်ထဲ၌ လျှပ်စစ်အမဓာတ်ကိုဆောင်သော ဟိုက်ဒရောက်ဆီအိုင်းယွန်း (HO_ ) များရှိလျှင် ထိုပစ္စည်းကို ဗေ့ဟုခေါ်၏။ အကယ်၍ ပစ္စည်းတခု၏ပျော်ဝင်ရည်ထဲ၌ ဟိုက်ဒြိုဂျင်အိုင်းယွန်း (H+ ) အစားအခြားလျှပ်စစ်အဖိုဓာတ်ကိုဆောင်သည့် အိုင်းယွန်းများနှင့် ဟိုက်ဒရောက်ဆီအိုင်းယွန်း (HO_ ) အစား အခြားလျှပ်စစ်အမဓာတ်ကို ဆောင်သည့် အိုင်းယွန်းများ ရှိခဲ့လျှင် ထိုပစ္စည်းကို ဓာတ်ဆားဟုခေါ်သည်။ အိုင်းယွန်းများ ကွဲထွက်တတ်သော အက်ဆစ်၊ ဗေ့နှင့် ဓာတ်ဆားတို့၏ ဥပမာများ ကို အောက်တွင်ပြထားသည်။

အက်ဆစ်များ[ပြင်ဆင်ရန်]

ဟိုက်ဒြိုကလေရစ် အက်ဆစ် (ဟိုက်ဒြိုဂျင် ကလိုရိုက်)တွင် (ံဏယ ဂ္ဂူပ္ပ ) အိုင်းယွန်းများရှိ၏။ နိုက်ထရစ်အက်ဆစ်တွင် (ံဏယ န္ဒဥ၃ ပ္ပ ) အိုင်းယွန်းများရှိ၏။ ဆာလဖျူရစ် အက်ဆင်တွင် (ံဏယ ှဥ၄ှု )အိုင်းယွန်းများရှိ၏။

ဗေ့များ[ပြင်ဆင်ရန်]

ဆိုဒီယမ်ဟိုက်ဒရောက်ဆိုက်တွင် (န္ဒဏေယ ဥံ ပ္ပ ) အိုင်းယွန်းများရှိ၏။ ပိုတက်ဆီယမ် ဟိုက်ဒရောက်ဆိုက်တွင် (ုဏယ ဥံ ပ္ပ ) အိုင်းယွန်းများရှိ၏။

ဓာတ်ဆားများ[ပြင်ဆင်ရန်]

ဆိုဒီယမ် ကလိုရိုက်တွင် (န္ဒဏေယ ဂ္ဂူ ပ္ပ ) အိုင်းယွန်းများရှိ၏။ ပိုတက်ဆီယမ် ကလိုရိုက်တွင် (ုဏယ ဂ္ဂူ ပ္ပ ) အိုင်းယွန်းများရှိ၏။ ဆိုဒီယမ် နိုက်ထရိတ်တွင် (န္ဒဏေယ န္ဒဥ၃ ပ္ပ )အိုင်းယွန်းများရှိ၏။ ဆိုဒီယမ် ဗိုင်ကာဗွန်နိတ်တွင် (န္ဒဏေယ ံဂ္ဂဥ၃ ပ္ပ )အိုင်းယွန်းများရှိ၏။

ဟိုက်ဒြိုကလောရစ် အက်ဆစ်ပျော်ဝင်ရည်ထဲသို့ လျှပ်စစ်ဓာတ် လွှတ်လိုက်သည့်အခါ ဟိုက်ဒြိုဂျင်နှင့် ကလိုရင်းတို့ ထွက်လာ ကြောင်းကို အထက်တွင်ပြခဲ့ပြီ။ သို့သော် ကော့ပါး ဆာလဖိတ် (ဂ္ဂကယ ှဥ၄ ) ပျော်ဝင်ရည်ထဲသို့ လျှပ်စစ်ဓာတ်လွှတ်လိုက်သည့် အခါတွင်မူကား (ဂ္ဂကဏ) ကော့ပါးခေါ် ကြေးနီသည် ဓာတ်မတိုင်တွင် စု၍နေသည်ကို တွေ့ရ၏။ လျှပ်စစ် အမဓာတ်ကိုဆောင်သော ဆာလဖိတ် (ှဥ၄ ပ္ပ ) အိုင်းယွန်းမှာမူ သတ်သတ်ထွက်မလာပဲ ရေနှင့် ရောသွားပြီးလျှင် ဆာလဖျူရစ် အက်ဆစ် ဖြစ်သွား၏။ ဖြစ်ပုံမှာ ၂ှဥ၄ ဏ ံ၂ဥ င်္ ံ၂ှဥ၄ ဏ ဥ၂ ဆာလဖိတ် အိုင်းယွန်း ဏ ရေ င်္ ဆာလဖျူရစ် အက်ဆစ် ဏ အောက်ဆီဂျင်


ဤပုံစံကို ကြည့်ခြင်းအားဖြင့် ဓာတ်ဖိုတိုင်မှ ဆာလဖိတ် (ှဥ၄ ပ္ပ )ထွက်၍မလာပဲ အောက်ဆီဂျင်ဓာတ်သာလျှင် ထွက်လာကြောင်းသိရ၏။ လျှပ်စစ်ဓာတ်စီးကို ဓာတုဗေဒ နည်းအမျိုးမျိုးဖြင့် ရယူနိုင်၏။ သို့သော် ထိုသို့ရရှိသော လျှပ်စစ်ဓာတ်စီးသည် စွမ်းအင်အနေမှ ပြောင်းလဲလာသဖြင့် ထိုလျှပ်စစ်ဓာတ်စီး၏ အနည်းအများသည် ပြောင်းလဲလာသော စွမ်းအင်ပေါ်တွင် အမှီပြု၍ တည်၏။ အဓိ ပ္ပာယ်မှာ စွမ်းအင်များလျှင် လျှပ်စစ်ဓာတ်စီးများ၍ စွမ်းအင်နည်းလျှင် လျှပ်စစ်ဓာတ်စီးနည်းသောဟူ၏။

လျှပ်စစ်ဓာတ်စီးရသော နည်းတွင် အလွယ်ကူဆုံးသော နည်း တနည်းမှာ အောက်ပါအတိုင်းဖြစ်၏။

ဆာလဖျူရစ် အက်ဆစ် အပျော့ရည် ထည့်ထားသော ဖန်အိုးတလုံး တလုံးထဲသို့ သွပ်တချောင်း (ဇည ) နှင့် ကာဗွန်တချောင်း (ဂ္ဂ ) ထည့်ထား၏။ (ဟိုက်ဒြိုကလောရစ်အက်ဆစ်ကိုလည်း သုံးနိုင်သည်။) အက်ဆစ်ရည်သည်သွပ်ချောင်းကို တဖြည်းဖြည်း စား၏။ သွပ်ချောင်းကို အက်ဆစ်စားရာမှ ထွက်လာသော သွက်အက်တမ် တခုတခုသည် သွပ်ချောင်းတွင် အီလက်ထရွန် နှစ်ခုစီ ချန်ထားရစ်ခဲ့၏။ ဤကဲ့သို့ ကျန်ရစ်ခဲ့သော အီလက်ထရွန်များသည် သွပ်ချောင်းတွင် လျှပ်စစ်အမဓာတ်ကိုဖြစ်စေ၏။ သွပ်ကို ဆာလဖျူရစ် အက်ဆစ်က စား၍ သွပ်အက်တမ်သည် သွပ်ချောင်းမှ ထွက်လာသောကြောင့် ဆာလဖျူရစ် အက်ဆစ်မှ ဟိုက်ဒြိုဂျင် အိုင်းယွန်း (ံဏ ) နှစ်ခုသည်လျှပ်စစ်အဖိုဓာတ်ကို ဆောင်ပြီးလျှင် ကာဗွန်ချောင်း (ဂ္ဂ ) ရှိရာသို့ သွားကြ၏။ ရောက်သွားကာ ဟိုက်ဒြိုဂျင် အိုင်းယွန်းတိုင်းသည် ကာဗွန်ချောင်းမှ အီလက်ထရွန်တခုစီကို ယူပြီးလျှင် ဓာတ်မျှတ သွားသောကြောင့် သာမန် ဟိုက်ဒြိုဂျင် အက်တမ် တခုဖြစ်သွား၏။ ထိုပြင် ကာဗွန်ချောင်းမှ အီလက်ထရွန်များ ထွက်သွားသောကြောင့် ကာဗွန်ဓာတ်လိုက်တိုင်သည် လျှပ်စစ်အဖိုဓာတ်ကို ဆောင်၏။ သွပ်ဓာတ်လိုက်တိုင်သည် လျှပ်စစ်အမဓာတ် မပြည့်ဝမခြင်း အီလက်ထရွန်များကို ဆက်၍ဆက်၍ လက်ခံလျက်ရှိရာ လျှပ်စစ် အမဓာတ်နှင့် ပြည့်ဝသော အခါမှ အီလက်ထရွန်များ အလာရပ် သွားတော့၏။ ထိုနည်းအတူ ကာဗွန်ဓာတ်လိုက်တိုင်သည်လည်း လျှပ်စစ်အဖိုဓာတ်နှင့် ပြည့်ဝသောအခါမှ အီလက်ထရွန်များအထွက် ရပ်သွားတော့၏။ ဤအခြေအနေကို ရောက်သောအခါ အိုင်းယွန်း များ ပြောင်းလဲခြင်း မရှိတော့ချေ။

ဓာတ်လိုက်တိုင်များကို လျှပ်စစ်ဓာတ်အိုး အပြင်ဖက်မှ သတ္တု ကြိုးတခုခုနှင့် ဆက်သွယ်ပေးလိုက်လျှင် သွပ်ဓာတ်လိုက်တိုင် နှင့် ကာဗွန် ဓာတ်လိုက်တိုင် နှစ်ခုကြားတွင် လျှပ်စစ်ဓာတ် စီးနေ၏။ အိုင်းယွန်းများ ပြောင်းလဲမှုရပ်စဲသွားသောအခါမှ သာလျှင် လျှပ်စစ်ဓာတ်စီး ရပ်စဲသွားလေသည်။

သတ္တုတို့၏ လျှပ်စစ်ဓာတ်အားစဉ် စာရင်း အက်ဆစ် အပျော့ရည်ထဲသို့ သွပ်ကို ထည့်လိုက်သော အခါ သွပ်က ဟိုက်ဒြိုဂျင်ကို ဖယ်ရှားလိုက်သဖြင့် ဟိုက်ဒြို ဂျင် ဓာတ်ငွေ့ ထွက်သွားသည်။ ထွက်သွားပုံမှာ အောက် ပါအတိုင်းဖြစ်၏။


ဇည ဏ ၂ံဂ္ဂူ င်္ ဇညဂ္ဂူ၂ ဏ ံ၂ ဇင့်(သွပ်) ဏ ဟိုက်ဒြို ကလောရစ် အက်ဆစ် င်္ ဇင့် ကလိုရိုက် ဏ ဟိုက်ဒြိုဂျင်


ထိုနည်းအတူ ကော့ပါး ဆာလဖိတ် ဓာတ်ဆားရည်ထဲသို့ သွပ်ကို ထည့်လိုက်သောအခါ သွပ်သည် ကော့ပါး (ကြေးနီ) ကို ဖယ်ထုတ်လိုက်၏။ ဖယ်ထုတ်လိုက်ပုံမှာ အောက်ပါ အတိုင်းဖြစ်၏။


ဇည ဏ ဂ္ဂကှဥ၄ င်္ ဇညှဥ၄ ဏ ဂ္ဂက ဇင့် ဏ ကော့ပါး ဆာလဖိတ် င်္ ဇင့်ဆာလဖိတ် ဏ ကော့ပါး (ကြေးနီ)


ယင်းသို့ ဖယ်ထုတ်လိုက်ပုံသည် အိုင်းယွန်းများ လှုပ်ရှား မှုကိုသာလျှင် အရင်းခံသောကြောင့် အိုင်းယွန်းများနှင့်သာ သက်ဆိုင်လေသည်။ အောက်တွင် ဖော်ပြထားသော သတ္တု များနှင့် ဟိုက်ဒြိုဂျင်တို့သည် အိုင်းယွန်းများ ကွဲထွက်နေ သောအရည်တွင် တခုကိုတခု အစဉ်အတိုင်း ဖယ်ရှားနိုင်၏။

ပုံပမာအားဖြင့် လစ်သီယမ်သည် ပိုတက်ဆီယမ်ကို၎င်း၊ ထိုအောက် ရှိ ဒြဗ်စင်အသီးအသီးကို၎င်း ဖယ်ရှားနိုင်၏။ ပိုတက်ဆီယမ်သည် ဆိုဒီယမ်ကို၎င်း၊ ထိုအောက်ရှိ ဒြဗ်စင်အသီးအသီးကို၎င်း ဖယ်ရှား နိုင်၏။ ဆိုဒီယမ်သည် ဗေရီယမ်ကို၎င်း ထိုအောက်ရှိ ဒြဗ်စင်အသီးအသီးကို၎င်း ဖယ်ရှား၏။ ဤသို့ဖြင့် အစဉ်အတိုင်း ဖယ်ရှားသွားနိုင်ကြပေသည်။ ယင်းကဲ့သို့ စီစဉ်ထားသော စာရင်းကို သတ္တုတို့၏ လျှပ်စစ်ဓာတ်အားစဉ် စာရင်းဟုခေါ်၏။ လျှပ်စစ်ဓာတ် အိုးတခုတွင် ဓာတ်လိုက်တိုင်နှစ်ခုရှိရာ ထိုဓာတ်လိုက်တိုင် နှစ်ခုလုံးသည်အကယ်၍ သတ္တုချည်းဖြစ်ခဲ့လျှင် စာရင်း၌ အထက်ဖက်ကျသော သတ္တုသည် ဓာတ်မတိုင်ဖြစ်၍ အောက်ဖက် ကျသော သတ္တုချောင်းသည် ဓာတ်ဖိုတိုင်ဖြစ်သည်။ ဓာတ်လိုက်တိုင် ပြုလုပ်ထားသော သတ္တုနှစ်မျိုးသည် စာရင်းတွင် အထက်နှင့်အောက် ကပ်မနေပဲ ကွာနေလေလေ လျှပ်စစ်ဓာတ်အားမှာ ပို၍ကောင်းလေ လေဖြစ်၏။ အဓိပ္ပာယ်မှာ လျှပ်စစ်ဓာတ်အိုးတွင်ရှိသော လျှပ်စစ် ဓာတ်အား ပို၍ကောင်းသည်ဟု ဆိုလို၏။ သတ္တုဓာတ်အား ပျော် ဝင်ရည်များကို လျှပ်စစ်ဓာတ်ဖြင့် ဓာတ်ခဲရာတွင်မူကား အဆိုပါ စာရင်းတွင် အပေါ်ဖက်ကျသော သတ္တုဖြစ်လေလေ၊ ပျော်ဝင်ရည်မှ ထိုသတ္တုကို ထုတ်ပစ်ရန် လိုအပ်သော လျှပ်စစ်ဓာတ်အားမှာ ပို၍များရလေလေဖြစ်သည်။ သို့မှသာလျှင် ပျော်ဝင်ရည်မှ လွတ် ထွက်လာသည့် သတ္တုသည် ဓာတ်မတိုင်တွင် စု၍နေမည်ဖြစ်လေသည်။

လစ်သီယမ် ဆိုဒီယမ် ဗေရီယမ် ကယ်လဆီယမ် မက်ဂနီဇီယမ် အလျူမီနီယမ် မန်းဂနိ ဇင့် (သွပ်) ကရိုမီယမ် ကက်ဒမီယမ် အိုင်းယန်း (သံ) ကိုဗော့ နစ်ကယ် တင်း လက် (ခဲ) ဟိုက်ဒြိုဂျင် ကော့ပါး (ကြေးနီ) အာဆီနစ် ဗစ်စမတ် အန်တီမိုနီ မာကျူရီ (ပြဒါး) ဆီးလဗား (ငွေ) ပလေဒီယမ် ပလက်တီနမ် ဂိုး (ရွှေ)

ဓာတ်ငွေ့များမှ အိုင်းယွန်းကွဲထွက်ခြင်း[ပြင်ဆင်ရန်]

ဓာတ်ငွေ့များသည် အရည်နှင့် အခဲတို့ထက်ပို၍ လွတ် လပ်စွာ နေရာတကာသို့ ပျံ့နှံ့သွားနိုင်ကြသည်။ ယင်းသို့ ပျံ့နှံ့နိုင်ခြင်းကြောင့် ဓာတ်ငွေ့တို့၏ အက်တမ်များသည် တု နှင့်တခု တိုက်ခိုက်မိတတ်ကြလေသည်။ ယင်းသို့ တိုက်ခိုက် မိကြခြင်းကြောင့်၎င်း၊ နေပူရှိန် အလင်းရောင် အိပ်စရေး ရောင်ခြည် စသည်တို့ကြောင့်၎င်း ဓာတ်ငွေ့တို့၏ အက် တမ်များသည် အိုင်းယွန်းများအဖြစ်သို့ အစည်းကွဲထွက် သွားကြ၏။ အရည်သည် အိုင်းယွန်းများအဖြစ်ဖြင့် အစည်း ကွဲထွက်မှုကြောင့် လျှပ်စစ်ဓာတ်လိုက်နိုင်ဘိသကဲ့သို့ ဓာတ် ငွေ့သည်လည်း လျှပ်စစ်ဓာတ်လိုက်နိုင်၏။ သို့သော် ဓာတ်ငွေ့ တို့၏ အစည်းကွဲထွက်မှုသည် အရည်တို့၏ အစည်းကွဲထွက်မှု လောက် အသုံးမဝင်လှချေ။ ယခုအခါ နီယွန် မီးလုံးများ ထွန်းရာ၌လောက်သာ ဓာတ်ငွေ့တို့၏ အစည်းကွဲထွက်မှုကို လက်တွေ့အသုံးပြုလျက်ရှိလေသည်။

အိုင်းယွန်း နိုက်ဇေးရှင်းခေါ် အိုင်းယွန်းများအဖြစ် အစည်းကွဲထွက်မှုသည် ယခုအခါဆေးဖက်ဆိုင်ရာတွင် များ စွာပင် အသုံးဝင်လာလေသည်။ အသုံးပြုပုံမှာ ကိုယ်ခန္ဓာ အတွင်းသို့ အရေပြားမှတဆင့် လိုအပ်သောဆေးဖြင့် စီမံ ထားသည့် အိုင်းယွန်းများကို လျှပ်စစ်ဓာတ် အကူအညီဖြင့် သွင်းပေးခြင်းဖြစ်၏။ ဤနည်းကို အထူးသဖြင့် အဆစ်အမြစ် ရောင်သောရောဂါများ ကုသရာတွင် အသုံးပြုလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)