လျင်မြန်တုံ့ပြန်မှုကုဒ်

ဝီကီပီးဒီးယား မှ
ဝီကီပီးဒီးယားမြန်မာ၏ ဗဟိုစာမျက်နှာသို့ ရည်ညွှန်းသော QR ကုဒ်

QR ကုဒ် (သို့) လျင်မြန်တုံ့ပြန်မှုကုဒ် (Quick Response Code) သည် မက်ထရစ်ဘားကုဒ် matrix barcode (သို့မဟုတ် နှစ်ဖက်မြင်ဘားကုဒ် two-dimensional barcode) အမျိုးအစားဖြစ်ပြီး၊ ၁၉၉၄ ခုနှစ်တွင် ဂျပန်မော်တော်ယာဉ်ကုမ္ပဏီ Denso Wave မှ တီထွင်ခဲ့သည်။[၁] ဘားကုဒ်သည် ၎င်းနှင့်တွဲကပ်ထားသော ကုန်ပစ္စည်းနှင့်ပတ်သက်တဲ့ အချက်အလက်များကို စက်ဖြင့်ဖတ်နိုင်သော အညွှန်းတစ်ခုဖြစ်သည်။ QR ကုဒ်သည် ဝက်ဘ်ဆိုဒ် website (သို့) အပလီကေးရှင်း (application) တစ်ခုကို ညွှန်ပြသော တည်နေရာ၊ အမှတ်အသား (သို့) ခြေရာခံ အချက်အလက်တစ်ခု ပါဝင်ပြီး အချက်အလက်များကို အကျိုးရှိရှိ သိုလှောင်ရန် စံဖြစ်သော စာဝှက်ခြင်းပုံစံ "encoding modes" လေးခု (ဂဏန်း၊ အက္ခရာ၊ ဘိုဒ် byte/ဘိုင်နရီ binary ၊ ဂျပန်စာလုံး ခန်းဂျီး (kanji) နှင့် ခန (kana) ကို အသုံးပြုထားပြီး အခြားဆင့်ကဲများ extensions ကိုလည်း အသုံးပြုထားသည်။[၂]

QR ကုဒ်သည် အဖြူရောင်နောက်ခံပေါ် စတုရန်းကွန်ရက်တစ်ခုရှိပြီး ကွန်ရက်အတွင်း အနက်ရောင်စတုရန်းကွက်များစွာဖြင့် အစီအရီလုပ်ထားသော ပုံတစ်ခုဖြစ်သည်။ ကင်မရာကဲ့သို့သော ပုံရိပ်ဖော်စက်ဖြင့် ဖတ်နိုင်ပြီး၊ ပုံကို မှန်ကန်စွာ အဓိပ္ပာယ်ကောက်ယူနိုင်မှု မရှိသေးခင် Reed-Solomon error correction ဟုခေါ်သော အမှားပြင်ဆင်ခြင်းစနစ်ကို သုံးသည်။ ထို့နောက် လိုအပ်သောအချက်အလက်များကို ပုံ၏အလျားလိုက်နှင့် ဒေါင်လိုက်အစိတ်အပိုင်းနှစ်ခုစလုံးတွင် ဖော်ပြထားသော ပုံစံများမှ ထုတ်ယူသည်။

သမိုင်း[ပြင်ဆင်ရန်]

QR ကုဒ်စနစ်သည် ဂျပန်မော်တော်ယာဉ်ကုမ္ပဏီ Denso Wave ၏ အင်ဂျင်နီယာ မစဟိရိုဟရ (Masahiro Hara) မှ ၁၉၉၄ ခုနှစ်တွင် တီထွင်ခဲ့သည်။ ကနဦး ဒီဇိုင်းသည် အဖြူ၊ အမဲအပိုင်းအစများဖြင့် ပုံဖော်ထားသည်။ မော်တော်ယာဉ်များ ထုတ်လုပ်နေစဉ်အတွင်း ခြေရာခံရန် ရည်ရွယ်ပြီး မြန်နှုန်းမြင့် စကင် (scan) ဖတ်ခြင်းအတွက် ရည်ရွယ်ပုံစံထုတ်ခဲ့သည်။ ၎င်းသည် စံဖြစ်သော UPC ဘားကုဒ်များနှင့် နှိုင်းယှဉ်လျှင် ၎င်း၏ လျင်မြန်စွာဖတ်နိုင်မှုနှင့် သိုလှောင်နိုင်မှုပမာဏတို့ကြောင့် မော်တော်ယဉ်လုပ်ငန်းပြင်ပမှာပါ လူကြိုက်များလာသည်။ ယနေ့ခေတ်တွင် ထုတ်ကုန်များခြေရာခံခြင်း၊ အချိန်ခြေရာခံခြင်း၊ ကုန်ပစ္စည်းအမှတ်အသား သတ်မှတ်ခြင်း၊ စာရွက်စာတန်းများ စီမံခန့်ခွဲခြင်း၊ အချက်အလက်များ ဖော်ပြခြင်း၊ ဝက်ဘ်စာမျက်နှာ ဖွင့်ကြည့်ခြင်း၊ ကြိုးမဲ့နက်ဝပ်တစ်ခုကို ချိတ်ဆက်ခြင်း၊ အီးမေးလ်(သို့) စာတိုပို့ခြင်း အစရှိသော ပိုမိုလွယ်ကူအဆင်ပြေစေသော ရည်ရွယ်ချက်ဖြင့် နေရာတကာ သုံးစွဲနေကြပြီ ဖြစ်သည်။ ထို့အပြင် QR ကုဒ် ဖန်တီးပေးသော အခမဲ့၊ အခပေး ဆော့ဖ်ဝဲလ်၊ အွန်လိုင်းကိရိယာ အများအပြား ရှိနေပြီ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. QR Code development story။ Denso-Wave (2021-08-22)။
  2. QR Code features။ Denso-Wave။ 2013-01-29 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2011 တွင် ပြန်စစ်ပြီး။