လောကဓံ

ဝီကီပီးဒီးယား မှ

အင်္ဂုတ္တရ ပါဠိတော်၊ စာမျက်နှာ (၇)။ အဋ္ဌကထာ၊ စာမျက်နှာ (၁၉၅)။ လောကဓမ်တရား ၈-ပါး။ လောကသားတွေ အမြဲတွေ့ကြုံ ခံစားနေရသော တရားရှစ်ပါး၊ ဆင်ခြင်တုံကင်းသောသူကို ရူးသွပ်တုန်လှုပ်စေနိုင်သော သဘောရှိ၏။

လောကဓံတရား ရှစ်ပါး[ပြင်ဆင်ရန်]

  • (၁) လာဘ - လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊
  • (၂) အလာဘ - လာဘ်နည်း၍ညှိုးငယ်တုန်လှုပ်ခြင်း။
  • (၃)ယသ - အခြံအရံများ၍တက်ကြွတုန်လှုပ်ခြင်း၊
  • (၄) အယသ - အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း၊
  • (၅) ပသံသာ - ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း၊
  • (၆) နိန္ဒ - အကဲ့ရဲ့ခံရ၍ဝမ်းနည်း တုန်လှုပ်ခြင်း၊
  • (၇) သုခ - ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း၊
  • (၈) ဒုက္ခ - ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း။ [၁]


တည်ငြိမ်ရင့်ကျက်ပြီး လောကဓံကို ခံနိုင်ရည်ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင်........


၁။ ပစ္စည်းဥစ္စာတွေ ရရှိနေလည်း ————- မာန်မတက်သင့်ဘူး။

၂။ ပစ္စည်းဥစ္စာတွေ မရရင်လည်း ————- စိတ်မဆင်းရဲသင့်ဘူး။

၃။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ ရှိနေလည်း ———— သိပ်ပျော်စရာလို့ မမြင်သင့်ဘူး။

၄။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ မရှိလည်း ———– ခပ်အေးအေးပဲနေတက်ရမယ်။

၅။ ချီးမွမ်းခံရလို့လည်း ———— ဝမ်းမြောက်ဝမ်းသာမဖြစ်သင့်ဘူး။

၆။ ကဲ့ရဲ့ ခံရလို့လည်း ————– ဒေါသမဖြစ်သင့်ဘူး။

၇။ ဆင်းရဲခြင်းကြုံတွေ့ရလည်း ————- ကြံကြံခံနိုင်ရမယ်။

၈။ ချမ်းသာခြင်းကို ကြုံတွေ့ရလည်း ———— ထောင်လွှားမာန်တက်ခြင်းမဖြစ်သင့်ဘူး။

လူ့သဘာဝကတော့ ပျော်စရာရှိရင်ပျော်လိုက်တယ်၊ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းနေမယ်။ ဒါပါပဲ။ ဒါပေမယ့် ဘာကိုမှ လွန်လွန်ကြူးကြူးမဖြစ်ဖို့နဲ့၊ ပျော်စရာ၊ ဝမ်းနည်းစရာတွေကြုံတွေ့လာရတဲ့အခါ၊ ပျော်ရွှင်မှုတွေနဲ့ ကိုယ်လိုချင်တာတွေဖြစ်နေတုန်းမှာလည်း ဒါတွေဟာ လောကဓံလို သတိလေးထားပြီး သိပေးလိုက်ရင်……. စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ကိုယ်ဖြစ်ချင်တာတွေမဖြစ်လာတဲ့အခါ ခံစားရတာ နည်းနည်းသက်သာတယ်၊ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
  2. sawsanblog