လေသင်္ဘောနှင့် မီးပုံးပျံ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

လေထဲ၌ သွားလာပျံသန်းနိုင်သော လေယာဉ်ပျံများ ဖြစ်မြောက်ရေးအတွက် ရှေးဦးစွာ လမ်းထွင်ပေးလိုက်သည့် နေ့ကား ခရစ် ၁၇ဝ၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ပင်ဖြစ်သည်။ ထိုနေ့တွင် ပြင်သစ်နိုင်ငံ အန်နိုနေးမြို့အနီးရှိ ကွင်းပြင်ကြီးတစ်ခု၌ ကြီးမားသော လူထု ကြီးကို တွေ့မြင်ရလေသည်။ လူထုကြီးကား မီးပုံးပျံကောင်းကင်သို့ တက် လိမ့်မည်ဟူသော သတင်းကိုရသဖြင့် ထိုကွင်းသို့ လာရောက်စုရုံးနေကြခြင်း ဖြစ်၏။ ကွင်းအလယ်တွင် ပိတ်ဖြင့်ပြုလုပ်ထားသော အဝတ်အိတ်ကြီး တစ်ခုကို ထောက်တစ်ခုဖြင့် ထောက်၍ထားသည်၊ အဝတ်အိတ်ကြီးအနီးတွင် ကောက်ရိုးများကို စုပုံထားသည်။ မီးပုံပျံ လွှတ်မည့်သူများကား မွန့်ဂိုး လဖီးယား ညီအစ်ကိုနှစ်ယောက်ဖြစ်ကြ၍ ထိုညီအစ်ကိုနှစ်ဦးက ထောက်တွင် ချိတ်ဆွဲထားသော အဝတ်ကြီးအောက်တွင် ကောက်ရိုးများကို မီးရှို့လိုက်ကြ သည်။ ထိုအခါ၌ အဝတ်အိတ်ကြီးသည် မှိုင်းများဝင်လာသဖြင့် ကား၍ထွက် လာသည်။ မီးကြောင့် ဖြစ်ပေါ်လာသောလေပူနှင့် အခိုးတို့သည် အဝတ် အိတ်ထဲသို့ ဝင်၍ အိတ်ကြီးကား နိုင်သမျှကား၍လာသောအခါ သူတို့သည် အဝတ်အိတ်ကို ထောက်မှဖြုတ်၍ လွှတ်တင်လိုက်ကြသည်။ လူထုကြီးကား မီးပုံးပျံ ကောင်းကင်သို့တက်သွားသည်ကို မြင်ရသဖြင့် ဝမ်းသာ၍မဆုံးရှိ တော့၏။ ထိုမီးပုံးပျံ ကောင်းကင်သို့ တက်သွားခြင်းမှာ လေသင်္ဘောများနှင့် လေယာဉ်ပျံများဖြစ်ပေါ်ရေးအတွက် ပထမအဆင့်ပင်ဖြစ်ပေသည်။ မွန့်ဂိုးလဖီယား ညီအစ်ကိုနှစ်ယောက် မီးပုံးပျံလွှတ်သည့် သတင်း သည် တောမီးပမာ ကမ္ဘာ အရပ်ရပ်သို့ ပျံ့နှံ့သွားပြီးလျှင် တိုင်းပြည်တိုင်း လိုလိုမှလည်း အဝတ်အိတ်ကြီးများကို မှိုင်းခံကာ ကောင်းကင်သို့ တက် အောင်ပြုလုပ်ကြလေသည်။ ထိုကဲ့သို့ပြုလုပ်စဉ် သိပ္ပံပညာရှင်တို့သည် ဓာတ် အိမ်ပျံများဖြစ်ပေါ်ရေးအတွက် သင့်လျော်မည့်ဓာတ်ငွေ့များကို ရှာဖွေစပြုလာ ကြသည်။ လေထက်ပေါ့သောဓာတ်ငွေ့သည် လေပေါ်သို့ ပျံတက်နိုင်ရမည်ဟု သိပ္ပံပညာရှင်တို့ ယုံကြည်ကြသဖြင့် လေထက်ပေါ့သော ဓာတ်ငွေ့များကို ရှာဖွေခဲ့ကြသည်။ ထိုကဲ့သို့ ရှာဖွေကြရာမှ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ကို တွေ့ရှိ ကြ၏။ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့သည် လေထက် ဆယ့်ငါးဆမျှ ပို၍ပေါ့ပါး ကြောင်းကို တွေ့ခဲ့ကြသဖြင့် သိပ္ပံပညာရှင်တို့သည် အဝတ်အိတ်များတွင် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ကို ထည့်ကာ ကောင်းကင်သို့ လွှတ်ခဲ့ကြသည်။ သို့ သော် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့နှင့် ကောင်းကင်သို့ ပျံတက်သောအခါ ဓာတ် အိမ်ပျံများသည် မကြာခဏ မီးလောင်တတ်ကြောင်းကို တွေ့ခဲ့ကြ၏။ ထို ကဲ့သို့ ဖြစ်ရခြင်းမှာ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ မီးလောင်တတ်သည့် သတ္တိရှိ သောကြောင့်ဖြစ်သည်။ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ မီးလောင်တတ်ကြောင်းကို သိပ္ပံပညာရှင်တို့ သိရှိလာကြသောအခါ လေထက်လည်းပေါ့၍ မီးလည်း မလောင်နိုင်သော ဓာတ်ငွေ့တစ်မျိုးကို ရှာဖွေကြပြန်ရာ ဟီလီယမ်ခေါ် ဓာတ် ငွေ့ကို တွေ့ရှိကြလေသည်။ ဟီလိယမ်ဓာတ်ငွေ့သည် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ လောက် မပေါ့သော်လည်း လေထက် ခုနစ်ဆမျှ ပို၍ပေါ့ပြီးလျှင် မီးလောင် နိုင်သဖြင့် လေသင်္ဘောများအတွက် များစွာအရေးပါအရာရောက်လေသည်။ လေသင်္ဘောများနှင့် ဓာတ်အိမ်ပျံများ မပေါ်ပေါက်မီက မီးပုံးပျံ များအတော်ပင် ခေတ်စားခဲ့၏။ ထိုစဉ်က မီးပုံးပျံ၏ အောက်ဘက်တွင်ပါ သော မှိုင်းပုံးမှမီးကို ပို၍တောက်ခြင်းဖြင်း မီးပုံးပျံကို အပေါ်သို့ ပို၍တက် စေနိုင်ခဲ့ပြီးလျှင် မီးအားကို လျှော့ပေးခြင်းဖြင့် မီးပုံးပျံကို အောက်သို့ဆင်း သက် စေနိုင်ခဲ့သည်။ ဓာတ်အိမ်ပျံများ ပေါ်ပေါက်လာသော အခါတွင်မူ ဓာတ်ငွေ့ကို လျော့စေနိုင်သော အခင်များကို တပ်ဆင်ကြရသည်။ ဓာတ်အိမ် ပျံကို ဓာတ်ငွေ့ပေးခြင်းဖြင့် အပေါ်သို့တက်စေနိုင်ပြီးလျှင် အောက်သို့ ဆင်း စေလိုသောအခါ ဓာတ်ငွေ့အချို့အဝက်ထွက်သွားအောင် အခင်ကို လိုသမျှဖွင့် ပေးရလေသည်။ ဓာတ်အိမ်ပျံကို အလွန်မြင့်သည့်နေရာသို့ တက်စေနိုင်ရန် သဲအိတ်များကို ယူဆောင်သွားကြရသည်။ ဓာတ်အိမ်ပျံ သဲအိတ်များကို ယူဆောင်သွားကြရသည်။ ဓာတ်အိမ်ပျံ အတက်နှေးသွားသောအခါတွင် သံ အိတ်အချို့ကို အောက်သို့ ချပေးခြင်းဖြင့် ဓာတ်အိမ်ပျံသည် အပေါ်သို့တက် သွားပြန်လေသည်။ ဓာတ်အိမ်ပျံများ ခေတ်စားလောသောအခါ သိပ္ပံပညာရှင်တို့သည် လေထု၏ အထက်ပိုင်းသဘောကို ရှာဖွေစပြုလာကြသည်။ ထိုကဲ့သို့ ရှာဖွေ ရာမှ လေထု၏ အထက်ပိုင်းတွင် လေနည်းကြောင်းကို သိလာကြသည်။ ထို အတွက် ဓာတ်အိမ်ပျံနှင့် လိုက်ပါသူများသည် အောက်ဆီဂျင်ဓာတ်ငွေ့ကို ယူဆောင်သွားကြရသည်။ လေထု၏ အထက်ပိုင်းသို့ ရောက်သောအခါ အသက်ရှူရန်ခက်ကြသဖြင့် အသင့်ပါလာသော အောက်ဆီဂျင်ဓာတ်ငွေ့ကို ရှူကြရသည်။ ၁၉၃၅ ခုနှစ်တွင် ပါမောက္ခပစ်ကတ်ဆိုသူသည် ဓာတ်အိမ်ပျံ ဖြင့် အထက်သို့ ၁ဝ မိုင်ခွဲခန့်မျှ ပျံတက်နိုင်ခဲ့ပေသည်။ လေထု၏ အထက်ပိုင်းသို့ ဓာတ်အိမ်ပျံများနှင့် ပျံတက်ရာတွင် ဓာတ်အိမ်ပျံနှင့် လိုက်သူများသည် အောက်ဆီဂျင်ဓာတ်ငွေ့ကို ယူဆောင်သွားရုံမျှနှင့် ဒုက္ခ ကင်းပြီဟု မဆိုနိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော် ဓာတ်အိမ်ပျံသည် လေ နည်းသည့်နေရာသို့ ရောက်သွားသောအခါ အပြင်ဘက်ရှိ လေထု၏ဖိအား သည် နည်းပါးသဖြင့် ဓာတ်အိမ်ပျံအတွင်းရှိ ဓာတ်ငွေ့တို့သည် ကား၍ထွက် လာကာ ဓာတ်အိမ်ပျံ ပေါက်ကွဲတတ်သောကြောင့် ဖြစ်ကြသည်။ ထို့အတွက် ဓာတ်အိမ်ပျံတွင် ပါဝင်သောအဝတ်သည် ဓာတ်ငွေ့၏ တွန်းကန်အားကို ခံနိုင်ရည်ရှိရန် အလွန်အရေးကြီးသည်။ ထို့အပြင် ဓာတ်အိမ်ပျံများတွင် သွား လိုသည့်ဘက်သို့ ပဲ့ကိုင်ပေးနိုင်သော ကိရိယာမပါသဖြင့် လေဆောင်ကြဉ်း ရာသို့သာ လိုက်ပါသွားတတ်၍ ဓာတ်အိမ်ပျံဖြင့် သွားလိုသည့်နေရာသို့ မသွားရောက်နိုင်ကြချေ။ သိပ္ပံပညာရှင်တို့သည် ဓာတ်အိမ်ပျံကို လိုသောနေရာသို့ သွား ရောက်နိုင်စေရန် နည်းသစ်များကိုရှာဖွေကြသည်။ ထိုကဲ့သို့ ရှာဖွေရာမှ လေ သင်္ဘောကို စဉ်းစားမိလာကြပြန်သည်။ ရှေးဦးစွာ လေသင်္ဘောကို တက်မ ဖြင့်သွားလာနိုင်အောင် ကြံစည်ကြသော်လည်း မအောင်မြင်ခဲ့ကြချေ။ ခရစ် ၁၈၅၂ ခုနှစ်တွင် ဟင်နရီဂစ်ဖတ်ဆိုသူသည် အလယ်တွင် ပိုက်ပူ၍ အဖျားရှူးသော လွန်းအိမ်ပုံသဏ္ဌာန်ရှိသည့် လေသင်္ဘောတစ်စင်းကို ဆောက်လုပ်ပြီးလျှင် ရေနွေးငွေ့ဖြင့်မောင်းနှင်သည့် စက်တစ်လုံးကို လေ သင်္ဘောတွင်တပ်ဆင်ကာ ကောင်းကင်တွင် ခုတ်မောင်း၍ကြည့်ရာ လေကို အနည်းငယ်ဆန်၍ သွားနိုင်ကြောင်းကို တွေ့ခဲ့လေသည်။ လေသင်္ဘောတွင် မော်တာဖြင့် လည်စေသည့် ရဟတ်ကို ပထမ စ၍ တပ်ဆင်ပြိးလပျံသန်းနိုင်ခဲ့သူမှာ အယ်လဗာတိုဆန်းတော့ ဒျူးမောင့် ဆိုသူဖြစ်၏။ သူသည် ၁၉ဝ၃ ခုနှစ် အောက်တိုဘာလတွင် လေသင်္ဘောကို ပျံသန်းကြည့်ရာ တစ်နာရီလျှင် ၁၉ မိုင်နှုန်းမျှနှင့် ပျံသန်းနိုင်ခဲ့လေသည်။ ခေတ်မီသော လေသင်္ဘောများကို ဂျာမန်လူမျိုး ကောင့်ဖာဒီနန်ဖွန် ဇက်ပလင်ဆိုသူက စတင်၍ ဆောက်လုပ်နိုင်ခဲ့၍ ဆောက်လုပ်သော လေ သင်္ဘောများကိုလည်း ဇက်ပလင်ဟုပင်ခေါ်ကြသည်။ လေသင်္ဘော၏ကိုယ် ထည်ကို အလျူမီနီယမ်သတ္တုဖြင့် ဆောက်လုပ်၏။ ကိုယ်ထည်ကို အရောင် တင်ဆေးသုတ်ထားသော ပိုးပိတ်ဖြင့် ဖုံးအုပ်၍ အထဲတွင် ဓာတ်ငွေ့အိတ် အမြောက်အမြားကို ထည့်ထားသည်။ ရဟတ်များကိုမူ စက်တွင်မဟုတ်ဘဲ ဇက်ပလင်၏ကိုယ်ထည်တွင် တပ်ဆင်ထား၏။ ထို့နောက် ထိုဇက်ပလင်ကို ကောင်းကင်၌ ခုတ်မောင်းကြည့်သောအခါ ကောင်းစွာအောင်မြင်သည်ကို တွေ့ရလေသည်။ ၁၉ဝဝ ပြည့်နှစ်အတွင်း၌ ပထမဇက်ပလင်ကို စမ်းသပ်ခဲ့၍ ထို ဇက်ပလက်သည် တစ်နာရီလျှင် ၁၈ မိုင်နှုန်းဖြင့် လိုရာခရီးသို့ သွားနိုင်ခဲ့ သည်။ ၁၉ဝ၆ ခုနှစ်တွင် ဒုတိယဇက်ပလင်ကိုပြုလုပ်ကာ ဆွစ်ဇာလန် နိုင်ငံသို့ ပျံသန်းခဲ့သည်။ ထို့နောက် ပေါ်ပေါက်လာသော ဇက်ပလင်သည် တစ်နာရီ ၂၃ မိုင်နှုန်းမျှနှင့် ပျံသန်းနိုင်ခဲ့ပြီးလျှင် သွားလိုသည့်ဘက်ကို လည်း လွယ်ကူစွာနှင့်ပင် သွားနိုင်ခဲ့သည်။ ဓာတ်အိမ်ပျံဖြင့် လိုရာသွားနိုင် ခြင်းကို ထိုပုဂ္ဂိုလ်ကြီးက စ၍တီထွင်ခဲ့သည်ဟု ဆိုရပေမည်။ ဂျာမန်အစိုးရသည် စစ်မက်ဖြစ်ပွားသော အခါတွင်ဇက်ပလင်များ အသုံးဝင်မည်ကိုသိသဖြင့် ပစ္စည်းဥစ္စာ ကုန်ခန်းသလောက် ဖြစ်နေပြီဖြစ်ဖြစ် သောကြောင့် ဇက်ပလင်အားအစိုးရကိုယ်တိုင် ငွေအားဖြင့် ကူညီခဲ့လေသည်။ ၁၉၁၄ ခုနှစ်၌ ပထမကမ္ဘာစစ် ပေါ်ပေါက်လာသောအခါ ဂျာမနီနိုင်ငံတွင် ဇက်ပလင်တပ်ကြီးတစ်တပ် ရှိနေလေပြီ။ ထိုလေတပ်ဖြင့် အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံများသို့သွားရောက်ကာ ဗုံးများကိုကြဲချရန်ဖြစ် သည်။ သို့ရာတွင် ဇက်ပလင်များမှာ ကိုယ်ထည်ကြီးမားသဖြင့် အောက်မှ ပစ်ခတ်သော အမြောက်ကျည်ဆံများဘေးမှ မလွတ်ကင်းသည့်ပြင် လျင်မြန် စွာ ပျံသန်းနိုင်သည့် လေယာဉ်ပျံကလေးများက ပတ်ချာဝိုင်းပျံသန်း၍ မီး လောင်စေတတ်သည့် ကျည်ဆံများဖြင့် ပစ်ခတ်ခြင်းကိုခံကြရကာ မီး လောင်ပျက်ကျကြသည်ကများသဖြင့် စစ်ဘက်၌အသုံးပြုရန် ကောင်းမွန်လှ သည်ဟု မဆိုသာပေ။ သို့သော် ငြိမ်းချမ်းလျက်ရှိသော အခါများတွင်မူ ကုန် စည်တင်ဆောင်ရေးအတွက် များစွာအရေးပါနိုင်ပေသည်။ ၁၉၁၉ ခုနှစ်တွင် ဗြိတိသျှတို့ကလည်း ဇက်ပလင်ကဲ့သို့သော လေသင်္ဘောကို ပြုလုပ်နိုင်ခဲ့ပြီးလျှင် အန္တလန္တိတ်သမုဒ္ဒရာကိုပင် ဖြတ်ကျော် နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ ပျံသန်းကြည့်ရာ အောင်မြင်ပြီးလျှင် အပြန် ခရီးတွင် ပို၍လျင်မြန်စွာ ပျံသန်းနိုင်ခဲ့လေသည်။ စစ်အတွက်ပြုလုပ်သော ဇက်ပလင်တို့တွင် မော်တော်စက်များကို တပ်ဆင်ထားလေ့ရှိကြ၍ ထိုစက်များကို ဇက်ပလင်ကိယ်ထည်၏ ရှေ့၊ အလယ်နှင့် နောက်ပိုင်းတို့တွင်ရှိသော အိမ်ကလေးများတွင် တပ်ဆင်ထား ကြသည်။ ဗြိတိန်နိုင်ငံတွင် ပထမ လေသင်္ဘော ၁ဝဝ နှင့် လေသင်္ဘော ၁ဝ၁ တို့ကို ဆောက်လုပ်ကြပြန်သည်။ ၁ဝဝ သည် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းခဲ့၏။ သို့သော် ၁ဝ၁ မှာမူ ၁၉၃ဝ ပြည့် နှစ်၊ အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံသို့ပျံသန်းခဲ့စဉ် ပြင်သစ်နိုင်ငံ၌ ပျက်ကျသဖြင့် လူပေါင်း ၄၆ ယောက်မျှ သေဆုံးခဲ့ရလေသည်။ ထို လေသင်္ဘောပျက်စီးပြီးနောက် ၁ဝဝ ကိုလည်း အသုံးမပြုကြတော့ချေ။ နောက်ထပ်၍လည်း လေသင်္ဘောများကို မဆောက်လုပ်ကြတော့ချေ။ ဂျာမနီနိုင်ငံမှ ကုန်စည်နှင့်လူများကို တင်ဆောင်သော ဟင်ဒင် ဗတ်ခေါ် လေသင်္ဘောကိုဆောက်တည်ခဲ့သည်။ ထိုလေသင်္ဘောသည် တစ်နှစ် ကုန်ဆုံးသောအခါ ၁၉၃၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု လိတ်ဟတ် မြို့တွင် ပျက်ကျသွားလေသည်။ ဂျာမနီနိုင်ငံတွင် ၁၉၂၇ ခုနှစ်က ဂရပ် အမျိုးအစား ဇက်ပလင်လေသင်္ဘောတစ်စင်းကို ဆောက်လုပ်ခဲ့သေးသည်။ ထိုလေသင်္ဘောကို ၁ဝ နှစ်ခန့် အသုံးပြုရပြီးလျှင် ၁၉၃၈ ခုနှစ်တွင် ဒုတိယ ဂရပ်ဇက်ပလင်တစ်စင်းကို ထပ်မံဆောက်လုပ်ကြပြန်ရာ ပေပေါင်း ၈ဝ၃ မျှ ရှည်လျားလေသည်။ ပထမကမ္ဘာစစ်အတွင်းက အမေရိကန်ပြည်ထောင်စုမှ အလွန်ကြီး မားသော လေသင်္ဘောသုံးစင်း ဆုံးရှုံးခဲ့၏။ ထိုလေသင်္ဘောများနှင့်အတူ လူ ပေါင်း ၉ဝ လည်းသေကြေပျက်စီးခဲ့ရသည်။ လေသင်္ဘောများသည် ပျက်စီး ခြင်းဘေးနှင့် မကြာခဏ တွေ့ကြုံခဲ့ရ၏။ သို့ရာတွင် စစ်အတွင်း အသုံး ကျခဲ့ပုံများကို မမေ့နိုင်ကြသည့်အတိုင်း အချို့နိုင်ငံမှ လေသင်္ဘောများကို တစ်မျိုးတစ်ဖုံ ပြုပြင်ပေးပြီးလျှင် ပြန်လည်အသုံးပြုကောင်းပြုစရာရှိပေသည်။ မြန်မာနိုင်ငံ၌ကား မြန်မာအမျိုးသားထဲမှ ဦးကျော်ရင်ဆိုသူ မီးပုံး ပျံစီးသူရဲတစ်ဦး ထူးထူးခြားခြား ပေါ်ပေါက်ခဲ့ဖူးပေသည်။ သူသည် ထားဝယ်မြို့မှ ပုံဆွဲဆရာဖြစ်၍ ၁၉၂၉ ခုနှစ် အသက် ၅ဝ ကျော် အရွယ် တွင် မီးပုံးပျံကို စတင်စီးပြခဲ့သည်။ သူ၏ မီးပုံးပျံမှာ ပိတ်အဝတ်ဖြင့်ချုပ် ထား၍ လုံးပတ်အတောင်တစ်ရာခန့်ရှိပြီးလျက် ရေနံချေးမှိုင်းဖြင့် မိုးပေါ်ပျံခဲ့ သည်။ သူသည် ၁၉၂၉ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ ၁ဝ နှစ်အတွင်း၌ မီးပုံး ပျံငါးလုံးဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် အကြိမ်ပေါင်း ၅၅ ကြိမ် စီးပြ ခဲ့သည်။ ထူးခြားချက်မှာ ဦးကျော်ရင်သည် မီးပုံးပျံစီးပြစဉ် မီးပုံးပျံအောက် ဘက်ရှိကြိုးမှ တွဲလောင်းချထားသော ဘားတန်းပေါ်၌ သက်စွန့်ဆံဖျား ကျွမ်းအမျိုးမျိုးထိုးပြီး လိုက်ပါပြခြင်းပင်ဖြစ်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)