လေရဟက်စက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

လေရဟတ်စက်များသည် လောကသဘာဝ၏ အင်အားကို လူတို့အသုံးချရာတွင် စရိတ်အကျဉ်းဆုံးစက်များဖြစ်လေသည်။ သဘာဝအတိုင်းတိုက်ခတ်လျက်ရှိသော လေသည် လူတို့အဖို့ များစွာအဖိုး တန်သော အင်အားဖြစ်စေကြောင်းကို သမုဒ္ဒရာ ပင်လယ်တို့၌ ရွက်သင်္ဘော များ လွှင့်ခဲ့ကြသော ဖီနီရှန်တို့၏ လက်ထက်မှစ၍ သိရှိခဲ့ကြ၏။ လေ ရဟတ်စက်များကို မည်သည့်ခေတ်က မည်သူတီထွင်ခဲ့သည်ကို ကျွနု်ပ်တို့ မသိကြရသော်လည်း ရောမတို့ခေတ်က လောကသဘာဝ၏ အင်အားများကို သုံးသော ကောက်စေ့ကြိတ် ရေရဟတ်စက်များရှိခဲ့ခြင်းကိုထောက်သော် လေ ရဟတ်စက်များသည်လည်း ထိုအချိန်ကပင် ရှိခဲ့သည်ဟု ယူသော်ရသင့် လေသည်။ ရောမတို့၏ နောက်ဖြစ်သော ခေတ်တွင် လေရဟတ်စက်များကို ဟော်လန်နိုင်ငံမှ အများအပြား စတင်သုံးစွဲခဲ့ကြသည်။ ဟော်လန်နိုင်ငံသည် မြေပြင်ပြန့်ရုံမက ပင်လယ်လေကို တိုက်ရိုက်ရရှိသဖြင့် လေရဟတ်စက်များ ဖြင့် လုပ်ငန်းတွင်ကျယ်နိုုင်ပေသည်။ မြေပြန့်အရပ်များ၌ လေသည် တစ်နှစ်လျှင် ကိုးလခန့် ပင်လယ်ပြင်ထက် ပေ ၁ဝဝ အမြင့်တွင် တစ်နာရီ လျှင် ၁ဝ မိနစ်နှုန်းဖြင့် တိုက်ခတ်သည်။ ထိုမျှ အင်အားရှိသောလေကို အသုံးပြုရန် လူတို့သည် ရဟတ်ကြီးများပြုလုပ်ကြရသည်။ ထိုရဟတ်ကြီး များ၏ အရွက်များမှာ သစ်သားဘောင်ကြီးများတွင် ရွက်ဖျင်အုပ်ထားသော အပြားများဖြစ်၍ အရွက်လေးချပ်ကို ဝင်ရိုးတံတစ်ခု၌ ဆုံ၍တပ်ထား၏။ မျှော်စင်သဖွယ် အတော်အတန်မြင့်သော အဆောက်အအုံအထက်ပိုင်း၌ ထို ဝင်ရိုးကိုတပ်ဆင်သည်။ ဝင်ရိုး၏ အတွင်းပိုင်းတစ်နေရာ၌ ခွေးသွားစိတ်ဘီး ကြီးတပ်ကာ ထိုခွေးသွားစိတ်များနှင့် အံချ၍ အခြားခွေးသွားစိတ် ဘီးကြီး တစ်ခုကို ထောင်လျက်တပ်ဆင်သော ဝင်ရိုးတစ်ခုရှိရ၏။ ထိုဒုတိယ ခွေး သားစိတ်ဘီးဝင်ရိုးအောက်ပိုင်း၌ ကျောက်ပြားဝိုင်းစသည့် ကြိတ်ရန်ကိရိယာ များကို တပ်ဆင်သည်။ ရဟတ်များကို လေလာရာဘက်သို့ လှည့်ပတ်နိုင်ရန် စက်ရုံအဆောက်အဦကို လက်ကိုင်တံဖြင့် လှည့်၍ရအောင် ဆုံလည်ပြုလုပ် ထားရသည်။ လေလာရာသို့ မျက်နှာမူမိသောအခါ ရဟတ်အရွက်များကို လေတိုး၍ လည်သောကြောင့် ယင်း၏ဝင်ရိုးလည်လေရာ ဝင်ရိုးနှင့်ဆက် လျက်ရှိသော ခွေးသွားစိတ်ဘီး၊ ကြိတ်ကျောက် စသည်တို့လည်း လည်လေ သည်။ ဤကား ရှေးလေရဟတ်စက်များ၏ အခြေခံသဘောပင်တည်း။ တစ်ခေတ်ထက်တစ်ခေတ် တိုးတက်ကောင်းမွန်အောင် ပြုပြင်လာ ကြသော လေရဟတ်စက်များတွင် ရဟတ်ကို လေလာရာသို့လှည့်ပေးသော ဆုံလည်ကို အဆောက်အအုံ၏ အပေါ်ပိုင်းတွင် ထားသဖြင့် ပိုမိုလွယ်ကူလာ ၏။ လေရဟတ်စက်များဖြင့် ဂျုံ၊ ပြောင်း၊ စပါး စသည်များကို အခွံချွတ် ခြင်း၊ ထောပတ်၊ ဒိန်ခဲ စသည်တို့ စီရင်ခြင်း စသောလုပ်ငန်းများအပြင် စပါးလှေ့ခြင်းများကိုပါ ပြုလုပ်နိုင်ခဲ့ကြသည်။


ယခုအခါတွင် လေရဟတ်စက်များသည် ရှေးကထက် များစွာ ကောင်းမွန်တိုးတက်လာခဲ့ရုံမက အခြားစက်များကဲ့သို့ပင် များစွာတွင်ကျယ် လျက်ရှိသော လုပ်ငန်းများကို လက်တွေ့လုပ်ကိုင်နိုင်ကြပြီဖြစ်၏၊ လေ ရဟတ်စက်များတပ်ဆင်ပုံ၊ လှည့်ပုံမှအစ အတွင်းစက်ကိရိယာများ တပ်ဆင် ပုံတို့တွင် ခေတ်မီနည်းများကိုသုံးကာ ကောက်စေ့များကို အခွံချွတ်ရုံ၊ ထော ပတ်၊ ဒိန်ခဲ လုပ်ရုံမျှသာမဟုတ်တော့ဘဲ ရေစုတ်စက်များ၊ လျှပ်စစ်ဓာတ်အား ပေးစက်များကိုပင် မောင်းနှင်နိုင်ခဲ့လေသည်။ ထိုသို့ ခေတ်မီလေရဟတ်စက် များကို ၁၉၂၄ ခုနှစ်က မေဂျာဗီလောဆိုသူ ပြုပြင်တီထွင်ခဲ့သည်။ သူ၏ ပြုပြင်တီထွင်မှုသည် ရှေးစနစ်ဖြင့်လည်သော လေရဟတ်စက်များထက် အဆပေါင်းများစွာတွင်ကျယ်သော လုပ်ငန်းများကို လုပ်နိုင်လေရာ ပင် လယ်လေကောင်းစွာ ရရှိသောကမ္ဘာ့နိုင်ငံမျးစွာ၌ အသုံးပြုလျက်ရှိလေသည်။ ယခုခေတ် လေရဟတ်စက်များသည် ရှေးကကဲ့သို့ လေကြောင်းတည့်ရာသို့ လူကလှည့်မပေးရဘဲ အလိုအလျောက် လှည့်သွားစေရန်စီမံထားသည်။ အဆောက်အအုံများကိုလည်း သံဖြင့်ဆောက်လုပ်၍ အတွင်းစက်ကိရိယာတွင် လည်း အချင်း ၁၈ ပေမှ ၂ဝ အထိရှိသော ဘီးကြီးများ တပ်ဆင်ကာ လုပ် ကိုင်ကြပြီဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)