လေယာဉ်ပျံသန်းမှု မှတ်တမ်း

ဝီကီပီးဒီးယား မှ

Black Box ကိုစတင်တီထွင်ထုတ်လုပ်စဉ် ၁၉၆ဝ ပြည့်လွန်နှစ်များက သံလိုက်ဓာတ် အသုံးပြုတဲ့ တိပ်ခွေတွေသုံးခဲ့ပါတယ်။

ဒါပေမဲ့ ဒီမိုင်လာတိပ်တွေဟာ မီး လောင်ကျွမ်းမှု ပြင်းထန်ရင် အရည် ပျော်ပျက်စီးကြတာကြောင့် ၁၉၉ဝ ပြည့်နှစ်နောက်ပိုင်းမှာတော့ မှတ် ဉာဏ်ချစ်ပ်ပြားများပါဝင်တဲ့ Solid state memory boards ပြားများ သုံးစွဲလာကြပါတယ်။

Solid-state Technology ဆိုသည်မှာ – ယနေ့ ခေတ်နာမည် ကျောBlack box ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့Honeywell က ပြောခွင့်ရပုဂ္ဂိုလ် Ron Crothy က Solid-State နည်းပညာဆိုတာ အရင်ကသုံးခဲ့တဲ့ တိပ်ရီကော်ဒါလို ရွေ့လျားနေတဲ့ ပစ္စည်းတစ်ခုမှမပါ ဘဲ မှတ်ဉာဏ်ချစ်ပ်ပြား(memory chips) တွေကို တန်းစီပြီး အလွှာ လိုက် အထပ်လိုက် ဖန်တီးထည့် သွင်းထားတဲ့အတွက်Tape သား ခေတ်ထက်အပျက်အစီး နည်းတယ် လို့ ဆိုပါတယ်။ ဓာတ်သေတ္တာခေါ်တဲ့ Black Box ထဲမှာ အရေးပါတဲ့ အစိတ်အ ပိုင်းကတော့ ပျက်ကျဒဏ်ခံမှတ် ဉာဏ်အပိုင်းအတိုကောက် CSMU (Crash Survivable Memory Unit) ပဲဖြစ်ပါတယ်။Black boxရဲ့ အဓိက အစိတ်အပိုင်းနှစ်ခုဖြစ်တဲ့ ပျံသန်းမှုအချက်အလက်မှတ်တမ်း (Flight Data Recorder) နဲ့ လေ ယာဉ်ဦးခန်းပိုင်းအသံဖမ်းမှ တ်တမ်း(Cockpit Voice Recorder) တွေ ကို မှတ်ဉာဏ်ဘုတ်ပြားမှာ အလွှာ လိုက် ထပ်ပြီးတင်ပြခဲ့တဲ့ CSMU ထဲမှာ ထားပါတယ်။ CSMU ဟာ ဆလင်ဒါပုံသ ဏ္ဌာန် ဖြစ်ပါတယ်။ မှတ်ဉာဏ်ဘုတ်ပြားမှာCVRအတွက် အသံမှတ်Óာဏ် ၂ နာရီစာပါရှိပြီးFDRအတွက် မှတ်ဉာဏ် Data သက်သက်၂၅နာရီစာပါရှိပါတယ်။ လေယာဉ်တစ်စင်းရဲ့လိုအပ်တဲ့ အချက်အလက်တွေကို မှတ်သိမ်း နိုင်ဖို့ အဓိကကျတဲ့ နေရာတွေမှာ အာရုံခံပစ္စည်းတွေအနှံ့ တပ်ဆင် ထားပါတယ်။

ဥပမာ လေယာဉ်ရဲ့ အလျင်နှုန်း၊ အမြန်နှုန်း၊ အမြင့်ပေ၊ ပင့်အားပိုပေးရွက်ပြားများ အနေအ ထား၊ ပြင်ပအပူချိန်၊ အတွင်းခန်း အပူချိန်နှင့်ဖိအား၊ လေယာဉ်အင် ဂျင်၏ စွမ်းဆောင်ရည်စသည့် အ ချက်များအပြင် အခြားအချက်အ လက် ၈ဝ ကျော်ခန့် မှတ်သားနိုင် ပါတယ်။ ယခင်သုံးခဲ့တဲ့ သံလိုက် တိပ်သားများက အချက်အလက် များကို သက်ဆိုင်ရာ Track (လမ်း ကြောင်း) ၁ဝဝ ခန့်ထိသာ မှတ် သိမ်းနိုင်သော်လည်း ယခု ခေတ် Solid-State မှတ်တမ်းစက်များက ၇ဝဝ လောက်အထိကို မှတ်သိမ်း နိုင်ပါတယ်။ အာရုံခံပ စ္စည်းများက မှတ်သားလိုက်တဲ့ အချက်အလက် များကို ဦးစွာလေယာဉ်ရှေ့ပိုင်း ဦး ခန်းထဲမှာရှိတဲ့ ပျံသန်းမှုအချက်အ လက်ဖမ်းယူ ကိရိယာ(Flight Data Aquisition Unit=FDAU) ထံ ကိုပို့ပါတယ်။ အဲဒီ ကိရိယာက စိစစ်စီမံခန့်ခွဲအပြီးမှာ လေယာဉ် အမြီးပိုင်းမှာ ရှိတဲ့ ဓာတ်သေတ္တာBlack Box ဆီကို ထပ်ပို့ပြီး သိမ်း ဆည်းပါတယ်။ ပုံမှာဖော်ပြထားတာ ကြည့်ရင် ပိုမိုရှင်းလင်းပါလိမ့်မယ်။ Black box များရဲ့ ဒဏ်ခံနိုင်စွမ်း။ ဘယ်လောက်ဆိုးရွားတဲ့ အခြေ အနေမျိုးနဲ့ ပျက်ကျတဲ့ အခြေအနေ ဖြစ်ပါစေ။ ဒီဓာတ်သေတ္တာတွေကို မပျက်စီးနိုင်အောင် အတတ်နိုင် ဆုံး တီထွင်ဖန်တီး ထုတ်လုပ်ရပါ တယ်။

ခရီးသည်တင် လေယာဉ် ကြီးတွေမှာ မဖြစ်မနေတပ်ဆင်ရ မယ့်Black boxများရဲ့ဒဏ် ခံနိုင် စွမ်းကို စံချိန်စံညွှန်း သတ်မှတ်ပြီး စမ်းသပ်မှုရလဒ် စံ ချိန်မီမှသာလျှင် သုံးစွဲတပ်ဆင်ခွင့်ရှိပါတယ်။

အဓိက ဒဏ်ခံနိုင်စွမ်း ရှိရမယ့်အချက်တွေ ကို အောက်မှာတင်ပြပေးပါရစေ။

တိုက်ခိုက်ဆောင့်ကျဒဏ်(crash Impact)

Black Box အဓိကကျ တဲ့ CSMU အပိုင်းကို စမ်းသပ် သူများက အမြောက်ပြောင်းထဲထည့် ပစ်သလို ကမ္ဘာ့ဆွဲအားရဲ့၃၄ဝဝဆ ပြင်းတဲ့အားနဲ့ ပစ်ပေါက်စမ်းသပ်ပါ တယ်။ အထဲက မှတ်တမ်းတွေကို ပြန်လည်ထုတ်ယူချိန်မပျက်ရပါ။

စတီးလ်ချောင်းထိုးစမ်းသပ်မှု(Pin Drop)

လေယာဉ်ပျက်ကျချိန်မှာ လေ ယာဉ်ရဲ့ အစိတ်အပိုင်းများထဲက မာကျောတဲ့သံချောင်းလို အရာဝတ္ထု များ ဝင်ဆောင့်နိုင်တဲ့ဒဏ်ကို စမ်း သပ်ခြင်းဖြစ်ပါတယ်။ CSMU ကို အမြင့် ၁ဝ ပေကနေပြီး ပေါင် ၅ဝဝ အလေးချိန်ရှိတဲ့ စတီးလ် (သံမဏိ ချောင်း ဒဿမ ၂၅ လက်မအချင်းရှိ) ချောင်းနဲ့ ဆောင့်ထိုးစမ်းသပ်ပါ တယ်။ ဖောက်ထွင်းပျ က်စီးမှုမရှိ ရပါ။

ဖိချေစမ်းသပ်မှု (Static Crush)

CSMU ရဲ့ မည်သည့် မျက်နှာ ပြင် မည်သည့်ဝင်ရိုးကိုမဆို ပေါင် ၅ဝဝဝ ဖိအားနှုန်း(5000 pound/sqinch) နဲ့ ငါးမိနစ် ဖိချေစမ်းသပ် ပါတယ်။ ပုံမပျက်စေရပါ။

မီးအပူဒဏ်ခံစမ်းသပ်မှု (Fire Test)

ပရိုပိန်းဓာတ်ငွေ့မီးနဲ့ ဖိုသုံးခု ဆိုင်ထိုးပြီး အပူချိန် ၂ဝဝဝ ဒီဂရီ ဖာရင်ဟိုက် (၁၁ဝဝ ဒီဂရီဆဲလ်စီး ယပ်စ်) အတွင်းမှာ ၁ နာရီထားပြီး စမ်းသပ် ပါတယ်။ မှတ်ဉာဏ် မပျက်စီးရပါ။

ပင်လယ်အောက်ဒဏ်ခံ စမ်းသပ်မှု (Deep Sea Submersion)

ပင်လယ်ဆားငန်ရေထဲ ဖိအား များစွာပေးပြီး ၂၄ နာရီစိမ်ထားတဲ့ စမ်းသပ်မှု ဖြစ်ပါတယ်။ ရေအောက် ပေပေါင်း ၁၅ဝဝဝ မှာရှိတဲ့ ဖိအား ဖြစ်ပါတယ်။

ဆားငန်ရေဒဏ်ခံစမ်းသပ်မှု (Salt water submersion)

ဆားငန်ရေ(ပင်လယ်ရေ)အတွင်း ရက်ပေါင်း၃ဝထားပြီး စမ်းသပ်ပါတယ်။

အရည်စိမ်စမ်းသပ်မှု (Fluid immersion)

လေယာဉ်ဆီ၊ စက်ဆီ၊ ချော ဆီနှင့် မီးသတ်ဓာတုဆေးရည်များ ပက်ဖျန်းမှုဒဏ်ကို ခံနိုင်ရည် ရှိ မရှိ စမ်းသပ်ခြင်း ဖြစ်ပါတယ်။

ဓာတ်သေတ္တာ Black Box ထဲက ULBစမ်းသပ်မှု

ULB ဆိုတာ တခြား မဟုတ် ပါ။ ရေအောက်တည်နေရာ ရည် ညွှန်းပြအသံလွှင့်စက် (Under water Locator Beacon) ဆိုတာ ဖြစ်ပါတယ်။Black Box နဲ့ အမြဲ တမ်းတွဲလျက်သား နေရပါတယ်။ လေယာဉ်များ ပင်လယ်တွင်း ပျက် ကျခဲ့ရင် ဒီပစ္စည်းလေးကသူရှိတဲ့ နေရာကို အလိုအလျောက် အသံ လွှင့်ပြီး ရှာဖွေသူများကို အသိပေးပါ တယ်။ လူတွေ နားနဲ့မကြားနိုင်တဲ့ Ultrasonic pulse အသံများကို ပြတ်တောင်းပြတ်တောင်း ထုတ် လွှင့်ပေးပါတယ်။ ရေနဲ့ထိတွေ့မှသာ အသံလွှင့်ထု တ်နိုင်စေဖို့ အာရုံခံ ပစ္စည်းလေး တပ်ဆင်ထားပါတယ်။ ရေအောက်ပေ ၁၄ဝဝဝ အနက်က တောင် အသံထုတ်လွှင့်နိုင်ပါတယ်။ တစ်စက္ကန့်ကို တစ်ကြိမ်နှုန်းနဲ့ ရက် ပေါင်း ၃ဝ ထိ လွှင့်နိုင်ရပါတယ်။ သူ့မှာ သက်တမ်း ၆နှစ်ခံတဲ့ ဘက် ထရီ ပါဝင်ပါတယ်။

Black Box ကို တွေ့ရှိလျှင် လေယာဉ် ပျက်စီးမှုအတွက် စုံစမ်းစစ်ဆေးဖို့ သက်ဆိုင်ရာအာ ဏာပိုင်များက လေယာဉ်မတော် တဆထိခိုက်ပျက်စီးမှု စုံစမ်းစစ် ဆေးရေး အဖွဲ့ကို ဖွဲ့စည်းရပါတယ်။ အဲဒီအဖွဲ့ဟာ လေယာဉ်ပျက်တဲ့ နေရာကို အမြန်ဆုံး ဖြစ်နိုင်သမျှ ရောက်ရှိရပါတယ်။ ဒီအဖွဲ့အတွက် အဓိကကျတဲ့ ပစ္စည်းကတော့ စုံ စမ်းစစ်ဆေးရာမှာ အထောက်အ ကူပေးမယ့် ဓာတ်သေတ္တာBlack Box ပါပဲ။

မြေပြင်ပေါ်မှာ ဖြစ်စေ၊ ရေအောက်မှာဖြစ်စေ ဒီပစ္စည်းကို တွေ့ပြီးရင် အထဲကအချက်အလက် တွေ မပျက်စီးစေဘဲပြန်လ ည်ဖော် ထုတ်နိုင်ဖို့သတိထားကိုင်တွယ် ထိန်းသိမ်းရပါတယ်။ ကျွမ်းကျင်သူ များရဲ့ အကူအညီမပါဘဲ မိမိသ ဘောအလျောက် ဖွင့်ခွင့်မရှိပါဘူး။ ပင်လယ်ရေအောက်ထဲ ကပြန်ဆယ် ရရှိရင်လည်း ကုန်းပေါ်မှာ အခြောက် လှန်းခွင့်မရသေးဘဲ ရေလုံသို လှောင်ကန်တစ်ခုခုမှာ ဆက်ပြီး ထည့်သွင်း သယ်ဆောင်ရပါတယ်။

မှတ်ဉာဏ်ပြားများကို အလွယ်တကူ ပြန်လည်ရရှိနိုင်သလို အလွန်ခက် ခဲစွာနဲ့ ကျွမ်းကျင်သူများရဲ့ အထူး ပစ္စည်းကိရိယာများသုံးပြီး ပြန်လည် ဖော်ထုတ်ယူရတာလည်းရှိပါတယ်။ အသံများနဲ့ အချက်အလက်များ ပြန်လည်ဖော်ထုတ်ရတဲ့အခါမှာ ဒီBlack Box အတွက် သီးခြား ထုတ်လုပ်ထားတဲ့Hardware နဲ့ ှSoftware များရှိမှသာ ဖော်ထုတ် နိုင်တာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ဓာတ်သေတ္တာ လို့မြန်မာလိုတစ်ခုတ်တရလေး အမည်ပေးလိုက်တBlack Box ရဲ့ အကြောင်း တော်တော်လေး စုံစုံ လင်လင် တီးမိခေါက်မိလောက်ပြီ လို့ ထင်ပါတယ်။

ပြောရရင်Black Box များရဲ့ အဓိကတာဝန်ကတော့ သူပါသွားတဲ့ လေယာဉ်ကြီးရဲ့အခြေ အနေအရပ်ရပ်ကို စဉ်ဆက်မပြတ် မှတ်သားနေပြီး ပျက်ကျမှ သာလျှင် အသုံးဝင်တယ်လို့ ယူဆရသလိုရှိ ပေမယ့် လေကြောင်းလိုင်းများရဲ့ လိုအပ်ချက်အရ လေယာဉ်မှူးများ ရဲ့ ပျံသန်းမှုလက်ရည်လက်သွေးကို လည်း လေကြောင်း လိုင်းရဲ့Safetyအတွက် ပေါက်ကြားလို့မရတဲ့ အ တွင်းရေး (Confidential) တစ်ရပ် အနေနဲ့ ဆောင်ရွက်ရပါတယ်။

အန္တရာယ်ဖြစ်စေနိုင်တဲ့ ပျံသန်းမှု အခြေအနေမျိုး ပြုလုပ်တတ်တဲ့ မှတ်တမ်းစစ်ဆေးချက်တွေ့ရင် သက်ဆိုင်တဲ့ လေယာဉ်မှူးကို သီး သန့်ခေါ်ယူ သတိပေးတာမျိုး ပြန်လည်သင်ကြားရတာမျိုး ပြုလုပ် ရပါတယ်။