လူးရှပ်စ် ကွင်းရှပ်စ် စင်စင်နေးတပ်စ်

ဝီကီပီးဒီးယား မှ
လူးရှပ်စ် ကွင်းရှပ်စ် စင်စင်နေးတပ်စ်
Statue of Cincinnatus at his plough in Cincinnati, Ohio
Consul of the Roman Republic
တာဝန်သက်တမ်း
460 BC
ယခင်လူPublius Valerius Publicola and Gaius Claudius Inregillensis Sabinus
ဆက်ခံသူQuintus Fabius Vibulanus and Lucius Cornelius Maluginensis Uritinus
Dictator
တာဝန်သက်တမ်း
458 BC
Dictator
တာဝန်သက်တမ်း
439 BC
ကိုယ်ရေး အချက်အလက်များ
မွေးဖွားc. 519 BC
Kingdom of Rome
ကွယ်လွန်c. 430 BC (aged c. 89)
Roman Republic
ကြင်ဖော်(များ)Racilia
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ Roman Republic
ရာထူးGeneral
တိုက်ပွဲ/စစ်ပွဲများBattle of Mount Algidus

လူးရှပ်စ် ကွင်းရှပ်စ် စင်စင်နေးတပ်(ဘီစီ ၅၁၉-၄၃၀) သည် နိုင်ငံရေးအာဏာကို စုံမက် ခင်တွယ်ခြင်း မရှိဘဲ၊ နိုင်ငံနှင့် အမျိုး၏အကျိုးကို သည်ပိုးဆောင်ရွက်သူ ရောမလူမျိုး မျိုးချစ်ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။ ဘီစီ ၄၅၈ ခုနှစ်လောက်တွင် အီကွီယန်လူမျိုးတို့သည် ရောမပိုင်နယ်များကို ဝင်ရောက်တိုက်ခိုက်ကြရာ၊ ရောမမြို့တော်ကြီးသည် ရောမစစ်တပ်ကြီးနှင့်တကွ ရန်သူတို့ ဝန်းရံခြင်းကို ခံရလေသည်။


ထိုအချိန်တွင် စင်စင်နေးတပ်သည် မှူးမတ်မျိုးနွယ်ပင် ဖြစ်လင့်ကစား၊ ဆင်းရဲနွမ်းပါး၍ လယ်သမားအဖြစ်နှင့် လယ်ထွန်ဆင်းနေခိုက်ဖြစ်သည်။ ထိုအခါ ရောမနိုင်ငံ ဆီနိတ်အဖွဲ့သည်၊ ရန်သူတို့ကို နှိမ်နင်းပေးရန် စင်စင်နေးတပ်အား ဖိတ်ခေါ်၍ ရန်သူတို့ကို နှိမ်နင်းနေသမျှသော ကာလအတွင်းတွင် ရောမနိုင်ငံ၏ အာဏာရှင်အဖြစ်နှင့် ဆောင်ရွက်ရန် ပန်ကြားလေသည်။ ရောမနိုင်ငံ၏ စိုးရိမ်ဖွယ်အခြေအနေကို သိသောအခါ၊ စင်စင်နေးတပ်သည် ထွန်တုံးကိုပစ်၍၊ ရောမမြို့တော်သို့ ချက်ချင်းလိုက်လာပြီးသော်၊ စစ်တိုက်နိုင်သူဟူသမျှကို စည်းရုံးကာ၊ ရန်သူတို့ကို တွန်းလှန် ဖြိုဖျက်လိုက်လေသည်။

စင်စစ်နေးတပ် အာဏာရှင်အဖြစ်နှင့် ရန်သူတို့ကို နှိမ်နင်းရန်၊ ၁၆ ရက်နေ့အကြာတွင် ရန်သူကို ရှင်းလင်းသော လုပ်ငန်းသည် ပြီးစီး၍ သွားခဲ့သည်။ ထိုအခါ စင်စင်နေးတပ်သည် အာဏာရှင်အဖြစ်ကို ဆီနိတ်အဖွဲ့အား ပြန်အပ်၍ လယ်ထွန်မြဲ ထွန်လေသည်။ ဘီစီ ၄၃၉ ခုနှစ်တွင် အသက် ၈ဝ အရွယ်သို့ ရောက်သောအခါ၊ စင်စင်နေးတပ်သည် ပြည်တွင်းစစ်ပြဿနာ တစ်ခုနှင့် ရင်ဆိုင်ရပြန်သည်။ ဤအကြိမ်၌လည်း ၂၁ ရက်တာမျှ အာဏာရှင်အဖြစ် ခံယူ၍ တိုင်းပြည်၏ရန်ဆူးရန်ငြောင့်တို့ကို ဖယ်ရှားပြီးသော် အာဏာရှင်ဘဝကိုစွန့်၍ လယ်လုပ်မြဲ လုပ်ပြန်သည်။ ထိုကြောင့် ရောမလူမျိုးတို့က စင်စင်နေးတပ်ကို ရာထူးဌာနန္တရ မမျှော်ကိုးဘဲ၊ နိုင်ငံ၏ အကျိုးကို ရွက်ဆောင်သော အာဇာနည် ယောက်ျားကောင်း တစ်ဦးအနေနှင့် အလေးအမြတ် ပြုကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)