လူဝီဖိလစ်

ဝီကီပီးဒီးယား မှ

လူဝီ ဖိလစ်(ခရစ် ၁၇၇၃ - ၁၈၅ဝ)[ပြင်ဆင်ရန်]

လူဝီဖိလစ်သည် အော်လီယန်းမြို့စားကြီး လူဝီဖိလစ်ဂျိုးဇက်၏ သားတော်ဖြစ်၍ ခရစ် ၁၇၇၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ပြင်သစ်တော ်လှန် ရေးကြီး စတင်ဖြစ်ပွားစဉ်က လူဝီ ဖိလစ်မင်းသားမှာ ၁၆ နှစ်သားအရွယ်မျှ သာရှိသေးသည်။ သို့သော် ပြင်သစ်တော်လှန်ရေးကြီး၏ ဒီမိုကရေစီသ ဘော တရားများကို နှစ်ခြိုက်လှသဖြင့် အမျိုးသားအစောင့်တပ်တွင် ပါဝင်အမှု ထမ်းခဲ့သည်။ သူသည်ဗိုလ်ချုပ်ကြီးရာထူးအထိ ကြီးမြင့်ခဲ့ပြီးလျှင် ဗာလမီ တိုက်ပွဲ၊ ဂျင်းမက်တိုက်ပွဲနှင့် နီးယားဝင်ဒင် တိုက်ပွဲတို့တွင် ပါဝင်ခဲ့၏။ ထို့ နောက်တွင် ပြင်သစ်သမ္မတနိုင်ငံတော်ကို ပုန်ကန်မှုတွင် ပါဝင်ခဲ့သဖြင့် နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရလေသည်။ ၁၈၁၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ ပြန်လာခဲ့သည်။ ယခင်က သိမ်းဆည်းထားခြင်းခံရသော သူပိုင်ခြံမြေများကိုလည်း ပြန်လည်ရရှိလေ သည်။ ၁၈၃ဝ ပြည့်နှစ်တော်လှန်မှုကြောင့် ဒဿမချားဘုရင် ထီးနန်း စွန့်ရ သောအခါ ဗိုလ်ချုပ်လာဖေယက်၏အစွမ်းဖြင့် လူဝီဖိလစ်သည် ဘုရင်အဖြစ် တင်မြေ|ာက်ခြင်းခံရလေသည်။ လူဝီဖိလစ်သည် ဒီမိုကရေစီဝါဒကို လက်ကိုင်ထားသော ဘုရင်ဟု ထင်ရှားကျော်ကြားခဲ့လေသည်။ ပြည်သူပြည်သားများကလည်း လူဝီဖိလစ် အား နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နိုင်လိမ့်မည်ဟု မျှော်လင့် ယုံကြည်ခဲ့ကြသည်။ သို့ရာတွင် သူ၏လုပ်ငန်းများသည် ဒီမိုကရေစီ လမ်း စဉ်အရ မဟုတ်ခဲ့သောကြောင့် သူလိုလားသည့်အတိုင်း နိုင်ငံတော်ကို ရှေး ကထက်ပို၍ တိုးတက်ကောင်းမွန်အောင် မအုပ်စိုးနိုင်ခဲ့ပေ။ ၁၈၃ဝ ပြည့်နှစ် တော်လှန်မှုကြီး၏ အကျိုးကို လူချမ်းသာများ သာ ခံစားရလေသည်။ ထို့ပြင် သူအုပ်စိုးခဲ့သော ၁၈ နှစ်အတွင်း ပြင်သစ် နိုင်ငံတွင် ရှိသမျှလူတန်းစားများနှင့် မသင့်မတင့်ဖြစ်ခဲ့ရလေသည်။ ဒဿမ ချား၏ အဆက်အနွယ်များကို သစ္စာစောင့်သိ ရိုသေကြသူများက သူ့အား သဘောမကျသကဲ့သို့ သမ္မတနိုင်ငံ ထူထောင်လိုသူများကလည်း သူ၏ သက်ဦးဆံပိုင် စနစ်အရ အပြုအမူများကို ရွံရှာမုန်းတီးလာကြလေသည်။ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဖြစ်အောင်ဆောင် ရွက်ပေးပါရန် မကြာခဏ တောင်းဆိုခဲ့သည်များကို လူဝီ ဖိလစ်နှင့် သူ၏ ဝန်ကြီး ဂီဇောတို့က ပယ်ချခဲ့လေသည်။ နောက်ဆုံး အစိုးရသည် ၁၈၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားသော 'ပြုပြင်ရေး ထမင်းစားပွဲ'ကို မကျင်းပရန် တားမြစ်လိုက်လေရာ ထိရောက်စွာ နှိမ ်နင်းနိုင် စွမ်းမရှိသဖြင့် ၁၈၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မိဖုရားကြီး နှင့်အတူ ဗြိတိသျှကောင်စစ်ဝန်၏ အကူအညီဖြင့် အင်္ဂလန်ပြည်သို့ တိတ် တဆိတ် ထွက်ပြေးရလေသည်။ အဂ‡လန်ပြည့်ရှင် ဝိတိုရိယ ဘုရင်မကြီး သည် လူဝီဖိလစ်ဘုရင်နှင့် မိဖုရားတို့အား ကလဲယားမောင့်အရပ်တွင် နေ ထိုင်ခွင့်ပေးလေသည်။ ထိုအရပ်၌ပင် ၁၈၅ဝ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် လူဝီ ဖိလစ်ဘုရင် ကံကုန်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)