လူမှုအရင်းအနှီး
လူမှုအရင်းအနှီးသည်လူမှုရေးသဘောထားအမြင်တစ်ခုဖြစ်သည်။ လူမှုကွန်ယက်များအကြားနှင့် အတွင်းတွင် ဆက်သွယ်ထားမှုများက ရည်ညွှန်းသည်။ အဓိပ္ပာယ်သတ်မှတ်ချက် အမျိုးမျိုး အဖုံဖုံရှိနေ ကြသော်လည်း လူမှုအရင်းအနှီးသည် ခေတ်သစ်လူ့အဖွဲ့အစည်း၏ပြဿနာများ အတွက် “တစ်စုံတစ်ခုသောအတိုင်းအတာအထိ အရာအားလုံးကိုကုစားပေးနိုင်သည်” ဟု ဖော်ပြထားခဲ့ကြသည်။ လူမှုရေးကွန်ယက်များသည် တန်ဘိုးရှိသည်ဆိုသည့် အနှစ်သာရကို မျှဝေသိရထားခြင်းဖြစ်သည်။ ဝက်အူလှည့်တစ်ခု (ရုပ်ပိုင်းဆိုင်ရာအရင်းအနှီး) သို့မဟုတ် ကောလိပ်ကျောင်းထွက်တစ်ဦး (လူ့အရင်းအနှီး) သည်ထုတ်လုပ်မှု (တစ်ဦးချင်းရော၊စုပေါင်း၍ရော) ကိုတိုးတက်စေသည်။ ထိုနည်းတူစွာ လူမှုထိတွေ့ဆက်ဆံမှုများသည် တစ်ဦးတစ်ယောက်ချင်းများနှင့် အုပ်စုများ၏ ထုတ်လုပ်မှုက ထိရောက်စေသည်။ ”
နောက်ခံသမိုင်း
[ပြင်ဆင်ရန်]၁၉၁၆ တွင် အယ်ဂျေဟန်နီဖန်(L.J. Hanifan)၏ဆောင်းပါးတွင်ဆိုထားသည်မှာ ကျေးလက်ကျောင်း များအတွက် အနီးအနားမှထောက်ပံ့ကူညီမှုသည် လူအစုအဖွဲ့အတွင်း “လူမှုရေးရင်းနှီးမှု” နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမြှပ်နှံမှုအား ရည်ညွှန်းထားသည့် လူမှုအရင်းအနှီးဝေါဟာရ၏ ပထမဆုံး ပြယုဂ် တစ်ခု ဖြစ်သည်။ [၃] သဘောထားကိုအကျယ်ချဲ့ဆိုရာတွင် ဟန်နီဖန်သည် လူမှုအရင်းအနှီးကို ရုပ်ဝတ္ထုပစ္စည်းများ နှင့်နှိုင်းယှဉ်သတ်မှတ်ဟြေဆိုထားသည်မှာ –
“ကျွနု်ပ်သည် အိမ်ခြံမြေ သို့မဟုတ် ပုဂ္ဂလိကပိုင်ဆိုင်မှု သို့မဟုတ် သိမ်းဆည်းထားသည်ငွေများ ကို ရည်ညွှန်းဟြေဆိုလိုခြင်းမဟုတ်ပါ။ ဟြေဆိုလိုသည်မှာ ဘဝတွင်သိသာထင်ရှားနေသည့် အကြောင်းကိစ္စများဖြစ်သည်။ လူ၏နေ့တစ်ဓူဝ ဘဝတွင် အမည်နာမအားဖြင့် စိတ်စေတနာကောင်း၊ ပေါင်းသင်းဆက်ဆံမှု၊ အပြန်အလှန်စာနာမှုနှင့် စည်းလုံးမှုဖြစ်စေမည့် တစ်ဦးချင်း၊အဖွဲ့အတွင်း နှင့် မိသားစုများအတွင်း လူမှုဆက်ဆံမှုတို့ကို အလေးထား ဟြေဆိုလိုခြင်းဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် သူ၏အိမ်နီးချင်း နှင့် ရင်းနှီးခဲ့ပြီး သူတို့သည် ထပ်မံ၍အခြားသော အိမ်နီးချင်းများနှင့် ခင်မင်ခဲ့ရာမှ လူမှုအရင်းအနှီးတစ်ခု စုပေါင်းဖြစ်ပေါ်လာသည်။ ထိုလူမှုအရင်းအနှီးသည် လူမှုလိုအပ်ချက်များကို ချက်ချင်းဖူလုံစေသည်။ လူမှုအရင်းအနှီးသည် လူစုအဖွဲ့ကြီးတစ်ခုလုံးအတွင်း နေထိုင်မှုအခြေအနေများကို တန်ဘိုးရှိသော တိုးတက်မှုဖြစ်စေရန် လုံလောက်သည့် လူမှုစွမ်းအားရှိသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် သူ၏အသင်းအဖွဲ့များတွင် အိမ်နီးချင်းများမှ ကူညီမှု၊ စာနာမှုနှင့် ပေါင်းသင်းဆက်ဆံမှု တို့၏ အကျိုးကျေးဇူးများကိုတွေ့မြင်လာလျှင် လူမှုအရင်းအနှီး၏ အရာအားလုံးကို စုစည်းပေါင်းစပ်ထားခြင်း ဖြင့် လူအစုအဖွဲ့တစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေသည်။”
အမျိုးမျိုးသော သဘောထားအမြင်များ
[ပြင်ဆင်ရန်]အားလုံးသောလူမှုရေးသိပ္ပံနယ်ပယ်များဖြင့် အမျိုးမျိုးသော သဘောထားအမြင်များကို ချဉ်းကပ်ဖွင့်ဆိုနေကြစဉ်တွင် အချို့သည် ဂျိမ်းစ်ဂျက်ကော့ (Jane Jacobs) ၁၉၆၀ ၏ ခေတ်သစ်ဝေါဟာရသုံးစွဲမှုနောက်သို့ အစလိုက်ရှာနေကြသည်။ သို့ရာတွင် သူမသည် ကွန်ယက်များ၏ တန်ဘိုးကို ရည်ညွှန်းဟြေဆိုမှုအား ဆောင်းပါး တစ်ခုတွင် ထည့်သွင်းသုံးစွဲခဲ့ခြင်းသာဖြစ်ပြီး လူမှုအရင်းအနှီး ဝေါဟာရကို သိသာထင်ရှားသောအဓိပ္ပာယ်ဖွင့်ဆိုခဲ့ခြင်း မရှိပါ။ နိုင်ငံရေးသိပ္ပံပညာရှင် ရောဘတ်ဆယ်လီဘာရီ သည် အနောက်အလယ်ပိုင်း နိုင်ငံရေးသိပ္ပံဂျာနယ်တွင်ပါသည့် သူ၏ဆောင်းပါး “အကျိုးရှိမည့် အုပ်စုများ၏ဖလှယ်မှုသဘောတရားတစ်ခု” ၁၉၆၉ တွင် အကျိုးရှိအုပ်စု ဖွဲ့စည်းခြင်း၏ မရှိမဖြစ်အစိတ် အပိုင်းတစ်ခုအဖြစ် ဝေါဟာရကို ကြိုတင်ဟြေဆိုခဲ့သည်။ လူမှုရေးပညာရှင် ပီရာဗော်ဒူး (Pierre Bourdieu) သည် ၁၉၇၂ ခုနှစ်သူ၏ “အလေ့အကျင့်သဘောတရား၏ပုံကြမ်း” ဆောင်းပါးတွင် ဝေါဟာရကို သုံးစွဲခဲ့ပြီးနှစ်အနည်းငယ်အကြာတွင် လူမှုအရင်းအနှီးဝေါဟာရ ကို ယဉ်ကျေးမှု ၊ စီးပွားရေးနှင့် သင်္ကေတဆိုင်ရာအရင်းအနှီးတို့နှင့် ကွဲဟြးခြားနားသည့် ဝေါဟာရအဖြစ် အမျိုးအစားသတ်မှတ်ခဲ့သည်။
လူမှုရေးပညာရှင်များဖြစ်ကြသည့် ဂျိမ်းစ်ကိုးမင်း(JamesColeman)၊ ဘာရီဝဲမင်း(Barry Wellman)နှင့် စကော့ဝတ်တလေ (Scot Wortley) တို့သည်ဖွံ့ဖြိုးရေးနှင့် လူအများကြိုက်သဘောထားပါဝင်သည့် ဂလင်လိုရီ (Glenn Loury) ၁၉၇၇ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လက်ခံသဘောတူကြ သည်။ ၁၉၉၀ ပြည့်နှစ်များနှောင်းပိုင်းတွင် ဤသဘောထားသည် ရောဘတ်ပွတ်နမ် (Robert Putnam) ၏ “တစ်ယောက်တည်း ဘောလုံးလှိမ့်ခြင်း” [၂] နှင့် ပွတ်နမ်နှင့်လူဝစ် (Lewis Feldstein) တို့၏ “အတူတကွ ကောင်းစားရေး” စာအုပ်များအပါအဝင် အဓိကစာအုပ်များ၏ အကြောင်းအရာနှင့် ကမ္ဘာ့ဘဏ်သုတေသနအစီအစဉ်၏ ပစ်မှတ်အဖြစ်ဖော်ဆောင်ပေးခဲ့ခြင်းတို့ဖြင့် လူသိများမှု ရရှိလာခဲ့သည်။
လူမှုအရင်းအနှီးကို အထူးပြုထားသည့် သဘောထားတွင် များစွာရှည်ကြာခဲ့သည့် သမိုင်းကြောင်းရှိသည်။ တွေးခေါ်ပညာရှင်များသည် အသင်းအဖွဲ့ဘဝနှင့် ဒီမိုကရေစီတို့အကြား ရှိဆက်စပ်မှုကိုရှာဖွေခဲ့ကြသည်။ အမေရိကန်နိုင်ငံရေးသိပ္ပံတွင် လူမှုပေါင်းစည်းမှုနှင့် ဆက်စပ်မှု တို့၏ သဘောထားများကိုစုစည်းပြီး အများကြိုက် ဓလေ့ထုံးတမ်းဖြစ်စေသည့် အကြောင်းများ ရေးသားခဲ့သည့် ဂျိမ်းစ်မက်ဒီဆင် (James Madison) ပြည်ထောင်စုသမားစာတမ်းများ နှင့် အဲလက်စီဒီတော့ကွီဗွီး (Alexis de Tocqueville)၊ (အမေရိကန်ရှိ ဒီမိုကရေစီ) ကဲ့သို့သော ရှေးခေတ်ဟောင်း စာရေးဆရာကြီးများ၏ ၁၉ ရာစုနှစ်ရေး သားချက်များမှ ထုတ်ယူရရှိသည့် အလားတူသဘောကို သုံးစွဲနေကြသည်။ ဂျွန်ဒီဝီး (John Dewey) သည် “လူမှုအရင်းအနှီး” ၏ ပထမဆုံးတိုက်ရိုက် ပင်မ သုံးစွဲမှုကို ၁၈၉၉ တွင် “ကျောင်းနှင့် လူ့အဖွဲ့အစည်း” စာအုပ်တွင် ရေးသား ခဲ့သည်။
အဓိပ္ပာယ်များ ၊ ပုံစံများနှင့် အတိုင်းအတာ
[ပြင်ဆင်ရန်]လူမှုအရင်းအနှီးသည်သူ၏အသုံးအနှုန်းကို များစွာသောအဓိပ္ပာယ်များဘာသာပြန်ဆိုမှုများနှင့် သုံးစွဲမှုများသို့ချေးငှားခဲ့သည်။ ဒေးဗစ်ဟယ်ပန်း (DavidHalpern) ညွှန်ပြပြောဆိုသည်မှာ အယူဝါဒဆုံးဖြတ်ပေး သူများအတွက်လူမှုအရင်းအနှီး၏ ရေပန်းစားမှုသည် သဘောထား၏ဒွန်တွဲနေမှုနှင့်ချိတ်မိနေသည်။ ဒွန်တွဲနေမှုမှာ“လူမှုရေး၏အရေးပါမှုကို ပြန်လည်ထုတ်ဖော်ပြောဆိုနေချိန်တွင် စီးပွားရေးအနံ့ခံမှု ရရှိသောကြောင့်ဖြစ်သည်။” သုတေသနသမားများအတွက် အဓိပ္ပာယ်ကျယ်ဝန်းစွာ ရှင်းပြနိုင်သည့်အတွက်ကြောင့် ဝေါဟာရသည်ခေတ်စားလာသည်။ လူမှုအရင်းအနှီးအတွက်ပွားများသုံးစွဲမှုများ သည် အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပွားများလာ သည်အထိ ဖြစ်စေသည်။ လူမှုအရင်းအနှီးကို အထက်တန်းစားမန်နေဂျာကြီးများ၏ လုပ်ဆောင်မှုများအား ရှင်းပြပြောဆိုရန်ကြိမ်ဖန်များစွာ သုံးစွဲခဲ့ကြသည်။ ဝေါဟာရသည် လုပ်ဆောင်မှုအားဖြင့် ကွဲဟြးနေသည့်အုပ်စုများ၏ လုပ်ရပ်ကို တိုးတက်စေသည်။
ဗျူဟာမြောက်မဟာမိတ်များမှရရှိလာသည့် အဖိုးတန်တစ်ခုဖြစ်သည်။ ထောက်ပံ့ရေးကွင်းဆက်၏ ဆက်ဆံမှုများကိုလည်း တိုးတက်ကောင်းမွန်စေ သည်။ ရှေးယခင်လူမှုအရင်းအနှီးအား အဓိပ္ပာယ်ဖွင့်ဆိုရန် ကြိုးစားမှုများသည် ၎င်းကို အရင်းအမြစ်တစ်ခုဖြင့် လူ ထုကောင်းစားရေး သို့မဟုတ် တစ်ဦးတစ်ယောက်ချင်းများ၏ အကျိုးအမြတ်အတွက် မည်မျှလုပ်ပေးနိုင်မည်လဲဆိုသည့် အမြင်ပေါ်တွင်သာ ကြည့်ရှုခဲ့သည်။ ပွတ်နမ် အကြံပြုထားသည်မှာ လူမှုအရင်းအနှီးသည် လူအစုအဖွဲ့များ နှင့် နိုင်ငံများတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန် အထောက်အကူပြု ဆက်ဆံရေးများကို ပြည့်စုံစေသည်။ ထို့အပြင်ခေတ်သစ် လူမှုအဖွဲ့အစည်းများကို ပြည့်စုံစေသည်။ ထို့အပြင်ခေတ်သစ်လူမှုအဖွဲ့အစည်း များတွင် အမြစ်တွယ်နေသည့် ဥပမာ ဒုစရိုက်မှု ၊ လူမှုပြဿနာများကို နှိမ့်နင်းနိုင်သည့် အဖိုးတန် နည်းလမ်းများဖြစ်သည်။ လူမှုဆက်ဆံရေးများ၏ ကွန်ယက်မှရရှိသည့် တစ်ဦးတစ်ယောက်၏ အ ကျိုး အမြတ်နှင့် ၎င်းတို့ကပင်လျှင် ကြိုက်နှစ်သက်၍ ကွန်ယက်တွင် ချည်နှောင်ခံထားရသူများအပေါ် ကြည့်မြင်သူများနှင့် နှိုင်းယှဉ်ရာတွင် လူမှုအရင်းအနှီး ထည့်ပေးလိုက်ချင်းဖြင့် သတင်းအချက်အလက်နှင့် ကျွမ်းကျင်မှုအား ကိုယ်ပိုင်ရရှိမှုကို တိုးမြှင့်ပေးပြီး စွမ်းအားကို တိုးတက်ကောင်းမွန်လာစေသည်။ ဤအမြင်အရ တစ်ဦးတစ်ယောက်ချင်းများသည် အဖွဲ့အစည်းများ၏ကောင်းကျိုးထက် ၎င်းတို့၏ရှေ့ဖြစ်လာမည့် ကိုယ်ပိုင်အသက်မွေးလမ်းကြောင်း အလားအလာများအတွက် လူမှုအရင်း အနှီးကို သုံးစွဲနိုင်သည်။
အရင်းအနှီး၏ပုံစံများ
[ပြင်ဆင်ရန်]အရင်းအနှီး၏ပုံစံများတွင် ပီရာဗော်ဒူးသည် အရင်းအနှီး၏ပုံစံသုံးမျိုးကို ခွဲခြားပြ ထားသည်။ စီးပွားရေးအရင်းအနှီး ၊ ယဉ်ကျေးမှုအရင်းအနှီးနှင့် လူမှုအရင်းအနှီး။ သူသည် လူမူအရင်းအနှီးကို “အမှန်တစ်ကယ် သို့မဟုတ် စွမ်းရည်ရှိသည့် အရင်းအနှီးများ၏ စုစုပေါင်းပမာဏသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ခင်မင်မှု၊ နားလည်မှု ရှိသည့် အဖွဲ့အစည်းပုံစံဆက်ဆံမှုများ၏ အနည်းနှင့်အများဆိုသလို တာရှည်ခံမည့်ကွန်ယက် ရှိထားမှု နှင့် တိုက်ရိုက်ဆက်စပ်နေသည်။” ဟုအဓိပ္ပာယ် ဖွင့်ဆိုသည်။ သူ၏သဘောထားအပေါ်ထိတွေ့မှုသည် လူမှုအရင်းအနှီး ပိုင်ဆိုင်သူများအား အကျိုးဖြစ်ထွန်းစေမှုများအပေါ် နှင့် “ဤအရင်း အမြစ်ကိုဖန်တီးရန် ရည်ရွယ်ချက်အတွက် စဉ်းစားတွေးခေါ် တည်ဆောက်ထားသော လူမှုအပေါင်း အသင်း” ဆိုသည် တို့ကို နည်းလမ်းတကျ ရှုမြင်ထားသည်။
ဂျိမ်းစ်ကိုးမင်းသည် လူမှုအရင်းအနှီးကို “ပူးတွဲ၍အကျိုးရှိသော မူလအခြေခံနှစ်ခုပါသည့် ဖြစ်တည်မှုအမျိုးမျိုး အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုသည်။ ၎င်းတို့အားလုံးတွင် လူမှုရေးအဆောက်အဦး အသွင်အပြင် အချို့ပါဝင်သည်။ ၎င်းတို့သည် ပြုလုပ်သူ၏သေချာသည့်ပြုလုပ်မှုများကို အဆောက်အဦးအတွင်းတွင် ဖြည့်ဆည်းပေးသည်” [၁] ဆိုလိုသည်မှာ လူမှုအရင်းအနှီးသည် ဆက်ဆံမှုများ၏ကွန်ယက်များအပြန်အလှန်ရှိမှု ၊ ယုံကြည်မှုနင့် လူမှုရေးစံနမူနာများမှ ဖြစ်ပေါ်လာစေသည့် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် စုပေါင်း၍ လုပ်ဆောင်မှုကို ဖြည့်ဆည်းပေးသည့် မည်သည့်ကိစ္စရပ်တစ်ခုကိုမဆို ခေါ်ဆိုသည်။ ကိုးမင်း၏သဘောထားအမြင်တွင် လူမှုအရင်းအနှီးသည် ကြားနေအရင်းအမြစ်တစ်ခုဖြစ်ပြီး မည်သည့်အပြုအမူကို မဆို လွယ်ကူသက်သာစေသည်။ သို့သော် လူမှုအဖွဲ့အစည်းသည် ရလဒ်တစ်ခုအဖြစ် ကောင်းလားမည်လားဆိုသည်မှာ တစ်ဦးတစ်ယောက်ချင်း ၏ မည်သို့အသုံးချထားသနည်းဆိုသည့်အပေါ် မူတည်သည်။
ရောဘတ်ပွတ်နမ်၏အဆိုအရ “လူမှုအရင်းအနှီးသည် လူမှုကွန်ယက်များအားလုံး၏စုပေါင်း တန်ဘိုးအား ရည်ညွှန်းသည်”။ လူမှုအရင်းအနှီးသည် တစ်ဦးနှင့်တစ်ဦးကိစ္စရပ်များ ဆောင်ရွက်ပေးရန် ထိုလူမှုကွန်ယက်များမှ ထွက်ပေါ်လာသည့် ဩဇာသက်ရောက်မှုများဖြစ်သည်။ ပွတ်နမ်နှင့်သူ၏နောက်လိုက်များအဆိုအရ လူမှုအရင်းအနှီးသည် ဒီမိုကရေစီတည်ဆောက်ရန်နှင့် ထိန်းသိမ်းရန် အတွက်အဓိကသော့ချက်ဖြစ်သည်။ ပွတ်နမ်ဟြေဆိုသည်မှာ လူမှုအရင်းအနှီးသည် အမေရိကန်နိုင်ငံတွင် ကျဆင်းနေသည်။ ဤအကြောင်းအရာသည် အစိုးရအား ယုံကြည်မှုအနိမ့်ဆုံးအဆင့်နှင့် လူထုပါဝင်မှုအနိမ့်ဆုံးအဆင့်တို့တွင် တွေ့မြင်နေရသည်။ ပွတ်နမ်ထပ်မံ ဟြေဆိုသွားသည်မှာ တယ်လီဗွီးရှင်းနှင့်မြို့ပြ ကို့ရိုးကားရားဖြစ်နေမှုသည် အမေရိကန်နိုင်ငံ၏ လုပ်ရပ်များတွင် ပေါ်လွင်နေသည့် အခန်းက ဏ္ဍတစ်ခုဖြစ်ပြီး ၊ ဝေးလေ“ဆက်သွယ်မှုခက်လေ”ဖြစ်သည်။ ပွတ်နမ်ယုံကြည်ထားသည်မှာ လူမှုအရင်းအနှီးကိုယုံကြည်မှုစုစုပေါင်း နှင့် လူအစုအဖွဲ့အတွင်း သို့မဟုတ် တစ်ယောက်နှင့်တစ်ယောက်အကြားတွင် “အပြန်အလှန်ရှိမှု”တို့ဖြင့် တိုင်းတာနိုင်သည်။
နန်းလင်း (Nan Lin) ၏ လူမှုအရင်းအနှီးသဘောထားအမြင်သည် တစ်ဦးတစ်ယောက်ချင်း ချဉ်းကပ်မှု ကို ပို၍အသားပေးသည် - “ဈေးကွက်နေရာမှရမည့် အကျိုးအမြတ်ကို မျှော်လင့်ပြီး လူမှုဆက်ဆံရေးများတွင် ရင်းနှီးမြှပ်နှံမှု”။ ဤသဘောထားသည် ဗော်ဒူး ၊ ဖလပ် နှင့် အဲရစ်ဆန် တို့ကဲ့သို့သော အချို့သောသူများ၏ သဘောထားများကိုပါ ထည့်သွင်းထားသည်။ “လူမှုအရင်းအနှီးနှင့်ဖွံ့ဖြိုးမှု လာမည့်အစီအစဉ်”တွင် ဖရန်စစ် ဖူကူယာမာ (Francis Fukuyama) ထောက်ပြထားသည်မှာ လူမှုအရင်းအနှီးကို သဘောတူညီနိုင်သည့် အဓိပ္ပာယ်သတ်မှတ်ချက် မရှိပါ။ ထို့ကြောင့် သူရှင်းပြသည်မှာ “လူမှုပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးသော အချိုးကျပါဝင်သည့် စံများ သို့မဟုတ် တန်ဘိုးများဖြစ်ပြီး အမှန်တကယ် လူမှုဆက်ဆံရေးတွင် ချက်ချင်းဆောင်ရွက်ပေးခြင်း” ဖြစ်သည်။ (ဖူကူယာမာ ၂၇) ဖူကူယာမာ သည် ဤအဓိပ္ပာယ်သတ်မှတ်ချက်ကို သူ၏စာအုပ်တစ်လျှောက်လုံးတွင် သုံးစွဲသွားသည်။
သူထောက်ပြပြောဆိုသွားသည်မှာလူမှုအရင်းအနှီးသည် အောင်မြင်သောဖွံ့ဖြိုးမှုအတွက်ကြိုတင်လိုအပ်မှုတစ်ခုဖြစ်သည်။ သို့သော်လူမှုအရင်းအနှီးတည်ဆောက်ရန်ခိုင်မာသည့် ဥပဒေစည်းမျဉ်းစည်းကမ်း နှင့် အခြေခံနိုင်ငံရေးအဖွဲ့အစည်းများ လိုအပ်သည်။ သူယုံကြည်ထားသည်မှာ ခိုင်မာသည့်ဒီမိုကရေစီတစ်ခု နှင့်တောင့်တင်းသည့် စီးပွားရေးတိုးတက်မှုအတွက်ခိုင်မာသည့်လူမှုအရင်းအနှီး လိုအပ်သည်။ မိသားစုစံနစ်ပုံစံသည် ယုံကြည်မှုအတွက် အဓိကပြဿနာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ထိုစံနစ်သည် ကိုယ်ကျင့်တရားနှစ်မျိုးကို မွေးစားထားသည်။ ထိုအထဲတွင် တစ်စုံတစ်ယောက်သည် မိသားစုအဖွဲ့ဝင်များ၏ ထင်မြင်ချက်များကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သည်။
ဖူကူယာမာ ယုံကြည် သည်မှာ လူမှုအရင်းအနှီးတံတားခင်းခြင်း (ပွတ်နမ်၏ တစ်ဦးတည်း ဘောလုံးလှိမ့်ခြင်းတွင် သုံးစွဲခဲ့သည့်ဝေါဟာရ) သည် ခိုင်မာသည့် လူမှုအရင်းအနှီးအတွက် မရှိမဖြစ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျယ်ပြန့်သည့် ယုံကြည်မှု အကွာအဝေးသည် အားလုံးသောအရာများ၏ နယ်နိမိတ်များကို ဖြတ်ကျော်၍ ဆက်သွယ်ပေးနိုင်မှုရှိပြီး အဖွဲ့အစည်း များအတွက် အခြေခံအဖြစ်ဆောင်ရွက်ပေးသည်။ သို့သော းလည်း သူသည် များစွာသော ပြဿနာများနှင့် ဖြေရှင်းနိုင်မှုများကို သူ၏စာအုပ်တွင် ထောက်ပြထားသည်။ ခိုင်မာသည့် လူမှုအရင်းအနှီးတည်ဆောက်ရန် နှင့်ဆောင်ရွက်ရန်ကိစ္စရပ်များ များစွာရှိနေသေးသည်ကို ဝန်ခံထားသည်။
ရှုထောင့်များ
[ပြင်ဆင်ရန်]လူမှုအရင်းအနှီး၏အခြေခံအုတ်မြစ် (TSCF) အကြံပြုထားသည်မှာ လူမှုအရင်းအနှီးကို ၎င်း၏ထင်ဟပ်မှုများနှင့် ရောထွေးခြင်းမပြုလုပ်ရပါ။ ဥပမာအဖြစ် လူမှုအရင်းအနှီးသည် လူတစ်ယောက်၏ ပိုင်ဆိုင်မှုများနှင့် ရောထွေးခြင်းမပြုလုပ်ရပါ။ ဥပမာအဖြစ် လူမှုအရင်းအနှီးသည် လူတစ်ယောက်၏ ပိုင်ဆိုင်မှုများနှင့် စုစည်းမှု ရည်ရွယ်ချက်တွင် အသုံးပြုမှုများ၏ ကွန်ယက်များအဖြစ် ရံဖန်ရံခါသိရှိထားစဉ်တွင် လူမှုအရင်းအနှီးသည် အစစ်အမှန်လူမှုအရင်းအနှီးကို ဖွဲ့စည်းပေးသည့် ကွန်ယက်များ ဖန်တီးရန် ၊ ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးစေရန် ပို ၍ကောင်းသော ကြိုတင်အစီအစဉ်များဖြစ်သည်။ အလားတူစွာပင် လူထုပါဝင်မှုသည် လူမှုအရင်းအနှီး၏ ထင်ဟပ်မှုတစ်ခုဖြစ်သည်။ သို့သော် လူမှုအရင်းအနှီးကိုယ် တိုင်မဟုတ်ပါ။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် လူမှုအရင်းအနှီးသည် စုပေါင်းထားသော စိတ်ကြိုတင်ပြင်ဆင်မှု တစ်ခုဖြစ်ပြီး လူအစုအဖွဲ့၏ ဝိညာဉ်နှင့်နီးစပ်သည်။
နာဟာပိ (Nahapiet) နှင့် ဂိုရှယ် (Ghoshal) တို့၏ ပညာတတ်အရင်းအနှီးဖန်တီးမှုအတွင်းမှ လူမှုအရင်းအနှီး၏ အခန်းကဏ္ဍကို စစ်ဆေးမှုတွင် အကြံပြုထားသည်မှာ လူမှုအရင်းအနှီးကို အစုအဖွဲ့ သုံးခု၏ဝေါဟာရ များအဖြစ် ထည့်သွင်းစဉ်းစားထားရမည်။ ထိုသုံးခုမှာ အဆောက်အဦးပိုင်း၊ ဆက်ဆံရေးပိုင်းနှင့် သိနားလည်မှုပိုင်း တို့ ဖြစ်သည်။ လူမှုအရင်းအနှီး၏ အဆောက်အဦးပိုင်း ရှုထောင့်များသည် စံနစ်တစ်ခုအတွင်းတွင် အခြားသူများကို လျော့ရဲရဲချည်နှောင်ထားသလား တင်းတင်းချည်နှောင်ထားသလား ဆိုသည့်တစ်ဦးတစ်ယောက် ၏ စွမ်းဆောင်နိုင်မှုနှင့် ဆက်စပ်ပတ်သက်မှုကို ကားလို့စ်ဂါစီယာတီမွန် (Carlos García Timón) မှ ဖော်ပြခဲ့သည်။ ဤရှုထောင့်များသည် တစ်ဦးတစ်ယောက်၏ ကွန်ယက် သို့မဟုတ် စုပေါင်းကွန်ယက်အား ပြုလုပ်သူ တစ်ဦး၏စီစဉ်ထားရှိမှုမှ ရရှိလာသည့် အကျိုးဖြစ်ထွန်းမှုအပေါ် အထူးအလေးထားသည်။
လျော့လျော့နှင့် တင်းတင်းချည်နှောင်ထားမှု အကြား ခြားနားမှုများကို ဂရန်နိုဗက်တာ (Granovetter) မှ ရှင်းပြထားသည်။ ဆက်ဆံရေးပိုင်းရှုထောင့်သည် တစ်ဦးတစ်ယောက်ချင်းများ အကြား ဆက်သွယ်မှု စရိုက်လက္ခဏာအပေါ်တွင် အထူးအလေးထားသည်။ ဤရှုထောင့်သည် အခြားသူများနှင့်၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှု နှင့် တစ်ဦးတစ်ယောက်သည် ကွန်ယက်တစ်ခုအတွင်းရှိနေမှု တို့ကို ဖော်ပြခြင်းအားဖြင့် အကောင်းဆုံး စရိုက်လက္ခဏာဖြစ်စေသည်။ ဟေဇယ်တ န် (Hazleton) နှင့် ကင်နန် (Kennan) တို့သည် ဆက်သွယ်ရေးဆိုသည့် တတိယထောင့်ကို ဖြည့်စွက်ခဲ့ကြသည်။ ဆက်သွယ်ရေးသည် သတင်းအချက် အလက်ဖလှယ်ခြင်း ၊ အခက်အခဲများနှင့် ဖြေရှင်းမှုများကို ခွဲခြားဖော်ပြခြင်းနှင့် ပြဿနာများကိုစီမံခြင်းတို့မှ တစ်ဆင့် လူမှုအရင်းအနှီး ရယူရန်နှင့် သုံးစွဲရန် လိုအပ်သည်။ ဘွက်ဆော့ (Boisot) ၊ ဘိုလန် (Boland)နှင့် တန်ဆာကီ (Tensaki) တို့၏အဆိုအရ ၊ ဖလှယ်မှုအချို့ဖြစ်သော အဖွဲ့များအတွင်း အနည်းဆုံးပြဋ္ဌာန်းချက်အချို့ကိုမျှဝေရန် အဓိပ္ပာယ်ပြည့်ဝသည့် ဆက်သွယ်ရေးလိုအပ်သည်။ သိနားလည်မှုရှုထောင့်သည် တစ်ဦးတစ်ယောက်ချင်းများ သို့မဟုတ် အုပ်စုများသည် တစ်ယောက်နှင့်တစ်ယောက် သိရှိမှုနှင့်နားလည်မှုများ မျှဝေသည့်အပေါ် အထူးအလေးထား သည်။ ကွန်ယက်အခြေပြု သဘောထားအမြင်ကို လူမှုအရင်းအနှီး စုပေါင်းထားရှိမှုများ(အဖွဲ့အစည်း များ သို့မဟုတ် လုပ်ငန်းအစုအဖွဲ့များကဲ့သို့သော) အား စရိုက်လက္ခဏာဖော်ပြရန်အတွက်လည်း သုံးစွဲနိုင်သည်။
ရည်ညွှန်းကိုးကား
[ပြင်ဆင်ရန်]- လူမှုအရင်းအနှီးဖောင်ဒေးရှင်း (ပက်ထရစ် ဟူးနော့တ်) Archived 6 January 2010 at the Wayback Machine.