လူတို့အား စီရင်ရန် တွင်းထဲမှထွက်လာသည့် အမှန်တရား

ဝီကီပီးဒီးယား မှ

လူတို့အား စီရင်ရန် တွင်းထဲမှထွက်လာသည့် အမှန်တရား (ပြင်သစ်: La Vérité sortant du puits armée de son martinet pour châtier l'humanité) သည် ၁၈၉၆ ခုတွင် ပြင်သစ် ပန်းချီဆရာ ဂျင်းလီယွန် ဂျီရုမ်း (Jean-Léon Gérôme) ဆွဲသည့် ပန်းချီကား ဖြစ်သည်။

လူတို့အား စီရင်ရန် တွင်းထဲမှထွက်လာသည့် အမှန်တရား
အနုပညာရှင်ဂျင်းလီယွန် ဂျီရုမ်း
ခုနစ်1896
ဒိုင်မင်းရှင်း91 cm × 72 cm (၃၆ လက်မ × ၂၈ လက်မ)
တည်နေရာအန်းဒီဗိုရှာ ပြတိုက် (Musée Anne de Beaujeu), မော်လင်၊ အဲလီယေ

အတ္တုပ္ပတ္တိရေးသူ ချား မိုရူဗာသီယာ (Charles Moreau-Vauthier) ၏ ရေးသားချက်အရ ဂျီရုမ်းသည် ကုတင်အပေါ်တည့်တည့်တွင် ဤပန်းချီကားအား ကပ်၍ အိပ်ပြီး ၁၉၀၄ ခုတွင် ကမ်းကြိုသည့်အနေအထားဖြင့် လက်နှစ်ဖက်ကို ပန်းချီကားသို့ ဆန့်ကာ သေဆုံးနေကြောင်း တွေ့ရသည်။ ၁၈၉၆ ခုတွင် ဆာလုံမြို့၌ ပြသဖူးသည်။ ၁၉၇၈ ခုတွင် အန်းဒီဗိုရှာ ပြတိုက်သို့ ရောက်ကာ အမြဲတမ်းချိတ်ထားတော့သည်။