လူငယ်တည်းအိမ်များ

ဝီကီပီးဒီးယား မှ

ပထမ ကမ္ဘာစစ်အပြီးတွင် လူငယ်များ နိုးကြား၍ အမြင်ကျယ်လာကြရာ ဥရောပတိုက်တွင် လူငယ်တည်းအိမ် အမည်ရှိ လူငယ်အသင်းများပေါ်ပေါက်လာလေသည်။ ၁၉၃ဝ-၃၁ ခုနှစ် တွင် စတင်တည်ထောင်ကြရာ ပါဝင်သူအသင်းသားများမှာ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြ၍ အသင်းသားတို့သည် နှစ်စဉ်ကြေး အနည်းငယ်စီသာ ပေးသွင်းကြရ၏။

အသင်း၏ ရည်ရွယ်ချက်မှာ လှည့်ပတ်ကြည့်ရှု၍ ဗဟုသုတ ရှာစရာကောင်းသော တောရပ်တောရွာများ၏ အခြေအနေကို ပိုမိုသိရှိကြ ရန်ဖြစ်၍ အပျော်ခရီးထွက်သူများ၊ စက်ဘီးစီး ထွက်သူများအတွက် တည်း ခိုနားနေရန် သင့်တော်မည့်နေရာများ၌ ထိုတည်းအိမ်များကို ထားရှိ လေသည်။ အသင်းသားများသည် တည်းအိမ်များ၌တည်းခိုပါက အခကြေး ငွေ အနည်းငယ်ပေးရ၍ ညဉ့်အိပ်လိုလျှင် အနည်းငယ်ပို၍ပေးရသည်။ သို့ရာ တွင် တည်းအိမ်သပ်ရပ် သန့်ရှင်းမှုအတွက် ဝေပုံကျကူညီလုပ်ကိုင် ်ပေးရ၏။ ထိုတည်းအိမ်မျိုးမှာ ဥရောပမှတစ်ဆင့် တဖြည်းဖြည်းခေတ်စား လာရာ အင်္ဂလန်၊ ဝေလ၊ စကော့တလန်၊ အိုင်ယာလန်ပြည်တို့တွင်လည်း လူငယ်တည်းအိမ်များ တည်ထောင်လာကြသည်။ ယခုအခါ လူငယ်တည်း အိမ်ပေါင်း ၃ဝဝ ကျော်ရှိ၍ အသင်းသားမှာ ခုနစ်သောင်းကျော်မျှ ရှိ လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)