လီအွန်ဂျူး

ဝီကီပီးဒီးယား မှ
လီအွန်ဂျူး (၂၀၀၄)

လီအွန်ဂျူး (ကိုရီးယား: 이은주 ၁၉၈၀ ဒီဇင်ဘာ ၂၂ - ၂၀၀၅ ဖေဖော်ဝါရီ ၂၂) သည် တောင်ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။ လူကြိုက်များသော ရဲဘော်ရဲဘက် (၂၀၀၄) နှင့် ဖြောင့်ချက်ပေးစာ (၂၀၀၄) ဇာတ်ကားတို့တွင် ပါဝင်ခဲ့သည်။ အသက် ၂၄ နှစ်အရွယ်တွင် မိမိကိုယ်ကို အဆုံးစီရင်သွား၏။ [၁]

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

၁၉၈၀ ပြည့်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် (မြောက်)ဂျောင်လာပြည်နယ်၊ ဂန်းဆန်မြို့တွင် မွေးသည်။ ငယ်စဉ်က စန္ဒရားတီးသင်ခဲ့ပြီး သရုပ်ဆောင်ဖြစ်ရန် စိတ်ကူးမရှိခဲ့။ ၁၉၉၀ နှစ်များကာလတွင် ဆိုးသို့ပြောင်းလာပြီးနောက် အထက်တန်းဆက်တက်စဉ် ကျောင်းဝတ်စုံဖြင့် ဓာတ်ပုံမိုဒယ်လုပ်ရာမှ လူသိများလာသည်။ [၂]

အနုပညာလမ်းကြောင်း[ပြင်ဆင်ရန်]

ရုပ်သံဇာတ်လမ်းတွဲများတွင်ပါဝင်ရန် ဖိတ်ခေါ်ခြင်းခံရရာ ပထမဆုံးဇာတ်ကားမှာ ၁၉၉၉ ခုထွက် ရောင်စုံထရောက်ငါး ဖြစ်သည်။ ၎င်းတွင် ပတ်ချောင်ဝန်၏ ညီမအဖြစ် သရုပ်ဆောင်သည်။ [၃]

ခေါင်းဆောင်မင်းသမီးအဖြစ် စပါရသော ဇာတ်ကားမှာ ဒါရိုက်တာ ဟွန်ဆန်းဆူ၏ သူ့ရည်းစားတွေကြောင့်အဝတ်မဲ့သွားတဲ့အပျိုလေး ဖြစ်၏။ ၎င်းနောက် သရုပ်ဆောင် လီဗြောင်ဟွန်၏ ၂၀၀၁ ခုထွက် နာမည်ကြီးဇာတ်ကား ဆိုက်ဆိုက်မြိုက်မြိုက် တွင် သရုပ်ဆောင်သည်။ [၄] နောက်ဇာတ်ကားများမှာ လူကြိုက်နည်း၏။

၂၀၀၄ ခုထွက် ကိုရီးယားစစ်ပွဲအကြောင်းရိုက်ကူးသည့် ရဲဘော်ရဲဘက် ဇာတ်ကားတွင် ပါဝင်သည်။ ထိုကားမှာ ကမ္ဘာ့ဈေးကွက်သို့ပင် ပေါက်သော ဇာတ်ကားတည်း။ [၅] ထိုနှစ်တွင်ပင် နာမည်ကြီး ရုပ်သံဇာတ်လမ်း မီးငှက် တွင် ပါဝင်သည်။ နောက်တနှစ်၌ ဒါရိုက်တာ ဒန်နီယယ်ဘွန်း၏ ဖြောင့်ချက်ပေးစာ ဇာတ်ကားတွင် သရုပ်ဆောင်သည်။ ဤဇာတ်ကားကို ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပွဲပိတ်ဇာတ်ကားအဖြစ် ပြသခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဒန်ကွက်တက္ကသိုလ်မှ ဘွဲ့ရပြီးမကြာမီ ၂၀၀၅ ခု၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ဆောင်နမ်မြို့၊ ဘန်ဒန်ရပ်ရှိ တိုက်ခန်းတွင် မိမိကိုယ်ကို ကြိုးဆွဲချကာ အဆုံးစီရင်သွားသည်။ ဖြောင့်ချက်ပေးစာ ဇာတ်ကားတွင် ပါဝင်သော ဝတ်လစ်စားလစ်ဇာတ်ကွက်များကြောင့် အိပ်မပျော်ဖြစ်ကာ စိတ်ကျရောဂါခံစားနေရကြောင်း မိသားစုက ဆို၏။ [၆]

ကိုးကား[ပြင်ဆင်ရန်]

  1. "Korean movie actress found dead". 24 February 2005 – via bbc.co.uk.
  2. "Top Actress's Suicide Shocks Nation". The Chosun Ilbo. 2 February 2005.
  3. Lee, Yong-sung (22 February 2005). "Actress Lee Eun-joo Commits Suicide". The Korea Times.
  4. Paquet, Darcy. "Actors and Actresses of Korean Cinema: Lee Eun-ju".
  5. "The Chosun Ilbo (English Edition): Daily News from Korea - Taegukgi Premiers in Japan". English.chosun.com.
  6. Khang Hyun-sung in Seoul (2014-03-31). "Remorseful actress commits suicide over sexy film role | South China Morning Post". Scmp.com.