လီလီအန် ဘတ်တန်ကော့တ်

ဝီကီပီးဒီးယား မှ
လီလီအန် ဘတ်တန်ကော့တ်
မွေးဖွားLiliane Henriette Charlotte Schueller[၁]
(1922-10-21)အောက်တိုဘာ ၂၁၊ ၁၉၂၂
ပါရီမြို့ပြင်သစ်နိုင်ငံ
ကွယ်လွန်၂၁ စက်တင်ဘာ၊ ၂၀၁၇(2017-09-21) (အသက် ၉၄)
ပါရီမြို့ပြင်သစ်နိုင်ငံ
အလုပ်အကိုင်L'Oréal ၏ ရှယ်ယာ အများဆုံးပိုင်ဆိုင်သူ
ကြွယ်ဝမှုIncrease US$၄၄.၂ ဘီလီယံ (မေ ၂၀၁၇)[၂]
အိမ်ထောင်ဖက်(များ)အန်ဒရီး ဘတ်တန်ကော့တ် (m. ၁၉၅၀–၂၀၀၇၊ သူကွယ်လွန်ချိန်ထိ)
သားသမီးဖရန်ဆွာ ဘတ်တန်ကော့တ် မယ်ရာ
မိဘ(များ)Eugène Schueller
Louise Doncieux

လီလီအန် ဘတ်တန်ကော့တ် (၂၁ အောက်တိုဘာ ၁၉၂၂ – ၂၁ စက်တင်ဘာ ၂၀၁၇) သည် ပြင်သစ်အမျိုးသမီး အမွေဆက်ခံသူ၊ နာမည်ကြီးများ အသိုင်းအဝိုင်းတွင် ရေပန်းစားသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ပရဟိတလုပ်ငန်း အလှူရှင် တဦး ဖြစ်သည်။ ကမ္ဘာကျော် အလှကုန် ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ တခုဖြစ်သော L'Oréal ၏ ရှယ်ယာအများဆုံး ပိုင် ဆိုင်သူ ဖြစ်သည်။ အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံခန့် ပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် တယောက်အပါ အဝင် ဖြစ်သည်။

ကိုယ်ရေးအချက်အလက်များ[ပြင်ဆင်ရန်]

ကမ္ဘာအကြီးဆုံး အလှကုန် ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ L'Oréal ကို တည်ထောင်သူ Eugene Schueller ၏ တဦးတည်းသော သမီးဖြစ်ပြီး ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် မွေးဖွားခဲ့သည်။ လီလီအန် အသက် ၅ နှစ် အရွယ်၊ ၁၉၂၇ တွင် သူမအမေ ကွယ်လွန်ပြီးနောက် အဖေဖြစ်သူမှာ နောက်အိမ် ထောင်ထပ် မပြုခဲ့ပဲ သူမအား အနီးကပ်ပြုစုစောင့်ရှောက်ခဲ့သည်။ အသက် ၁၅ နှစ်အရွယ်တွင် သူမ အဖေ ၏ ကုမ္ပဏီ တွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အလှကုန် ပစ္စည်းများအား ဖော်စပ်ထုတ်လုပ် ခြင်းနှင့် ခေါင်း လျှော်ရည်ဘူးများ တံဆိပ်ကပ်ခြင်း တို့ကိုလုပ်ကိုင်ခဲ့သည်။

၁၉၅ဝ ခုနှစ်တွင် ပြင်သစ် အစိုးရအဖွဲ့၌ ဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သူ ပြင်သစ်နိုင်ငံရေးသမား အန်ဒရီ ဘတ်တန်ကော့တ် နှင့်လက်ထပ်ခဲ့ပြီးနောက် L'Oréal ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့ သည်။ ဘတ်တန်ကော့တ် သည် ၁၉၃၀ တွင် သူမ၏ ဖခင် အားပေးတည်ထောင်ခဲ့ပြီး ဒုတိယ ကမ္ဘာ စစ်အတွင်း နာဇီတို့နှင့် အတူ ပူးပေါင်းခဲ့သည့် ပြင်သစ် အကြမ်းဖက် ဖက်ဆစ်ဝါဒီ အုပ်စု တစ်ခုဖြစ်သော La Cagoule အဖွဲ့ဝင်တယောက်ဖြစ်သည်။

စစ်အပြီးတွင် သူ၏ ခင်ပွန်း La Cagoule အဖွဲ့ဝင်တယောက် ဖြစ်သူသည် L'Oréal တွင် ဝင်ရောက်လုပ်ကိုင် ခဲ့ပြီး သူ၏ နိုင်ငံရေးသမား အတိတ်ကို မြုပ်နှံခဲ့သည်။ နောက်ဆုံးတွင် ပြင်သစ်နိုင်ငံ, Neuilly-sur-Seine မြို့၊ rue de Delabordere တွင် ၁၉၅၁ က ဆောက်လုပ် ခဲ့သော Arte Moderne mansion တွင် အခြေချနေထိုင်ခဲ့သည်။ သူတို့တွင် ၁၉၅၃ ဇူလိုင် ၁၀ နေ့တွင် သမီး ဖြစ်သူ Francoise ကို မွေးဖွားခဲ့သည်။ ၁၉၅၇ တွင် သူအဖေသေဆုံးသောအခါ သူ့အဖေပိုင်ဆိုင်သည့် L'Oréal မှ ရှယ်ယာများအားလုံးကို အမွေ ဆက်ခံခဲ့ပြီး L'Oréal တွင် ရှယ်ယာအများဆုံးပိုင်ဆိုင်သူ ဖြစ်လာခဲ့သည်။

၁၉၆၃ တွင် လီလီအန် သည် ရှယ်ယာအများဆုံး ပိုင်ဆိုင် သော်လည်း L'Oréal သည် အများပိုင် ကုမ္ပဏီဖြစ်လာခဲ့သည်။ ၁၉၇၄ တွင် Nestle S.A ၏ ရှယ်ယာ ၃ % ကို သူ ၏ ရှယ်ယာတဝက်နီးပါး နှင့် လဲလှယ်ခဲ့ သည်။ ၂၀၀၉ ဒီဇင်ဘာ ၃၁ စာရင်းအရ L'Oréal ကုမ္ပဏီတွင် Ms Bettencourt ပိုင်ဆိုင်သော ရှယ်ယာတန်ဖိုး ၁၈၅ ၆၆၁ ၉၇၈ (၃၁%) အနက် ရ၆ ၄၄၀၅၄၁ ( ၁၂.၇၆%)ကို သူ့သမီးကပိုင်ဆိုင်သည်။ ကျန်ရှိသော ရှယ်ယာ များတွင် 178 381 021 (29.78%) ကို Nestle ကဝယ်ယူထားပြီး ၂၁၆ ၃၈၄ ရ၆၂ (၃၆.၁၂%) ကို အများ ပြည်သူက ဝယ်ယူပိုင်ဆိုင်ကြသည်။ ကျန်ရှိသော ရှယ်ယာ ၃.၁ % ကို ကုမ္ပဏီ၏ ရန်ပုံငွေ (သို့မဟုတ်) အများပိုင် စုငွေအဖြစ်ထားရှိသည်။

ဘီတန်ကော့တ် မိသားစုနှင့်Nestleတို့သည် ရှယ်ယာပိုင်ဆိုင်သူများ၏ သဘောတူညီမှု စည်းမျဉ်းများ အတိုင်း အတူတကွ လုပ်ကိုင်ခဲ့ကြ သည်။ မစ္စ ဘတ်တန်ကော့တ် သည် L'Oréal ၏ ဒါရိုက်တာအဖွဲ့ဝင် တယောက်ဖြစ်ပြီး ၁၉၉၅ ခုနှစ်မှတည်းက ထိုရာထူး ကို တာဝန်ယူလုပ်ကိုင်ခဲ့ ခြင်းဖြစ်သည်။ သူ ၏သမီး နှင့် သမက် ဂျင်းန် ပရဲ မဲရာ့စ် တို့သည်လည်း ဒါရိုက်တာအဖွဲ့ဝင်များပင် ဖြစ်ကြသည်။

ပရဟိတ လုပ်ငန်းများသို့လှူဒါန်းမှုများ[ပြင်ဆင်ရန်]

၁၉၈၇ တွင် လီလီအန် ဘတ်တန်ကော့တ်, သူ့ခင်ပွန်း၊ သမီးတို့နှင့် အတူ Bettencourt Schueller Foundation ( La Fondation Bettencourt Schueller ) ကို ထောင်ခဲ့သည်။ ထို အဖွဲ့သည် ဆေးပညာ၊ ယဉ်ကျေးမှု စ သော ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရန်နှင့် နှင့် လူသားချင်းစာနာထောက်ထား သော လုပ်ငန်းများကို အဓိကလုပ်ဆောင်ရန် ဖြစ်သည်။ ထိုအဖွဲ့သည် ပြင်သစ်နိုင်ငံ၊ Neuilly-sur-Seine တွင် တည်ရှိသည်။

ထိုအဖွဲ့သည် တနှစ်လျှင် ပေါင်သန်း ၁၆၀ ခန့်အသုံးစရိတ် ရှိပြီး ထို အသုံးစရိတ်အားလုံး ၅၅% နီးပါးကို သိပ္ပံပညာ သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများတွင် အသုံးပြုပြီး ၃၃%ကို လူသားချင်းစာနာထောက် ထားပြီး ပေးကမ်းလှူဒါန်းသော လုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများတွင် အသုံးပြုသည်။ ကျန်သည့် ၁၂% ကို ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းများတွင် အသုံးပြုသည်။ မည်သည့်ကဏ္ဍတွင်မဆို ထူးချွန်သည့်ပညာရှင်များအား အပ်နှင်းသည့် ဆုအား ထိုအဖွဲ့အစည်းမှ အကုန်အ ကျခံလှူဒါန်းသည် ။ ဥပမာအားဖြင့် Liliance Bettencourt Prize for Life Sciences ဆုသည် အသက် ၄၅ နှစ်အောက် ဥရောပမှ ဇီဝဆေးပညာ လုပ်ငန်းတွင် သုတေသန လုပ်ငန်းလုပ်ကိုင်သူများကို နှစ်စဉ်ချီးမြှင့်သည့် ဆုတဆုဖြစ်သည်။

ထိုဆုရရှိသူသည် ဇီဝဗေဒ၊ ရုက္ခဗေဒပညာစသော ပညာရပ်များတွင် လေ့လာမှုများကို ဆက်လက်လုပ် ကိုင်နိုင်ရန် ယူရိုငွေ ၂၅၀၀၀၀ ချီးမြှင့်ခြင်းခံရသည်။ Bettencourt Schueller Foundation သည် မကြာသေးမီကပင် Musee Marmottan Monet ရှိ new Monet wing အတွက်ငွေကြေးထောက်ပံ့ခဲ့သည်။

မကြာသေးမီက ပြုလုပ်ခဲ့သော လူသိများထင်ရှားမှုများ[ပြင်ဆင်ရန်]

ဘတ်တန်ကော့တ် သည် အများအားဖြင့် မီဒီယာများကို ရှောင်ရှားလေ့ရှိပြီး အင်တာဗျူး အနည်းငယ်ကိုသာ လုပ်ခွင့်ပြုခဲ့သည်။ ၂၀၀၇ခုနှစ်ကတည်းက မီဒီယာများက စေ့စေ့စပ်စပ် မေးမြန်းခြင်းခံခဲ့ရပြီး ဖရန်ကွိုက်စ် မာရီ ဘန်နီရာ နှင့် သူမ၏ ပက် သက်မှု၊ ခပ်တန်းတန်းဖြစ်သွားခဲ့သော သူမ၏ သမီး ဖရန်ကွိုက်စ် နှင့် ဆက်ဆံရေး၊ ပြင်သစ် သမ္မတ နီကိုလက်စ် ဆာကိုဇီ အပါအဝင် ကွန်ဆာဗေးတစ်ပါတီဝင် ပြင်သစ်နိုင်ငံရေးသမားများကို ငွေကြေးထောက်ပံထားမှုများ သည် လူသိများ ကျော်ကြားခဲ့သည်။

“L’affaire Bettencourt”[ပြင်ဆင်ရန်]

ကြားသိရသမျှကတော့ လီလီအန် ဘတ်တန်ကော့တ် သည် ပြင်သစ်စာရေးဆရာ၊ပန်းချီ ရေးသူ တဖြစ်လဲ နာမည်ကျော်ကြားသူများကို ဓာတ်ပုံရိုက်သူ Francois-Marie Banier နှင့် ၁၉၈၇ တွင် ပြင်သစ် မဂ္ဂဇင်း Egoiste အတွက် သူမအား ဓာတ်ပုံရိုက်စဉ် စတင်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဘန်နီရာ နှင့် ဘတ်တန်ကော့တ် တို့သည် သူငယ်ချင်းများ ဖြစ်ခဲ့ကြပြီး Banier ကို ယူရိုငွေ ၁.၃ ဘီလီယံခန့်တန်ဖိုးရှိ လက်ဆောင်များကို ပေးအပ်ခဲ့ပြီး သူမသည် Banier ၏ အကျိုးရှိမည့် ကိစ္စများကို အဓိကလုပ် ဆောင်ပေး သူတယောက် ဖြစ်လာခဲ့သည်။ ထိုလက်ဆောင်များထဲတွင် ၂၀၀၃ တွင် ယူရို ၂၅၃ သန်းတန် အသက်အာမခံတစ်ခု၊ ၂၀၀၆ တွင် ယူရို ၂၆၂ သန်းတန် အသက်အာမခံတစ်ခု၊ (၁၅) ၂၀၀၁ ယူရိုငွေဈေးဖြင့် Picasso, Matisse, Mondrain, Delaunay နှင့် Leger တို့၏ လက်ရာများအပါအဝင် ယူရိုငွေ သန်း ၂၀တန်ဖိုးရှိ အနုပညာလက်ရာ ၁၁ ခု၊ စိတ်ကူးယဉ် အိပ်မက် ဆန်သော အနုပညာလက်ရာများကိုပြုလုပ်သူ Man Ray ၏ လက်ရာ ဓာတ်ပုံ တစ်ပုံ(၂)(၁၆)၊ နှင့် ငွေသားများ လဲ ပါဝင်သည်။

ထိုအသက်အာမခံများသည် Bettencourt မှ ၂၀၀၃ နှင့် ၂၀၀၆ ခုနှစ်များတွင် ဆေးရုံတက် ၍ဆေးကုသခံယူပြီးနောက်တွင် Banier ထံသို့လက်မှတ်ရေးထိုး လွဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ၂၀၀၇ ဒီဇင်ဘာတွင် သူမခင်ပွန်း Andre Bettencourt သေဆုံးခဲ့ပြီးနောက် သမီးဖြစ်သူ ဖရန်ကွိုက်စ် မာရီ ဘန်နီရာ က ဘန်နီရာ အား ဥပဒေကြောင်းအရ abus de faiblesse ( Ms.Bettencourt အား ပုဂ္ဂိုလ်ရေးအရ အမြတ်ထုတ်လိုသောကြောင့် ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကို အပြည့်အဝအသုံးချခဲ့ခြင်း ) အမှုဖြင့် တရားစွဲဆိုခဲ့သည်။

အကျိုးဆက်အားဖြင့် ပြင်သစ်ပြည်သူ့ရဲတပ်ဖွဲ့ရှိ ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ခွဲမှ ဘဏ္ဍာရေးအဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဘတ်တန်ကော့တ် ၏ဝန်ထမ်းနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ပြီးနောက် ၂၀၀၉ စက်တင်ဘာ တွင်ထိုအမှုကို Nanterre ရှိတရားရုံးသို့ကြားနာစစ်ဆေးနိုင်ရန် တင်ပြဖို့ဆုံးဖြတ်ခဲ့သည်။၂၀၀၉ ဒီဇင်ဘာတွင် Nanterre တရားရုံးမှ ဘတ်တန်ကော့တ် ၏ စိတ်ကျန်းမာရေးနှင့် ပက်သက်ပြီး ဆေးစစ်ထား သော အဖြေလွှာမရရှိသောကြောင့် စီရင်ချက်မချနိုင်ပဲ ၂၀၁၀ ဧပြီလ ( ၂၀၁၀ ဇူလိုင်လအထိထပ်တိုးပေးခဲ့) ရွေ့ဆိုင်းခဲ့သည်။ သို့သော် Bettencourt သည် စိတ်ကျန်းမာရေးအတွက် ဆေးစစ်ရန် ငြင်းဆိုခဲ့သည်။ ဘတ်တန်ကော့တ် ၏ အိမ်ဖော်အမျိုးသား Pascal Bonnefoy က အချက်အလက် အပြည့်အစုံကို အသံသွင်း ထားသော တိပ်ခွေတခွေကို လူသိရှင်ကြားထုတ်ဖော်ခဲ့ပြီးနောက် ၂၀၁၀ ဇူလိုင်တွင် ထိုအမှုကို ၂၀၁၀ ဆောင်းဦးရာသီ (စက်တင်ဘာလ မှ နိုဝင်ဘာလ) တိုင်အောင် ဆုံးဖြတ်ချက်ချနိုင်ရန် ထပ်မံရွေ့ ဆိုင်းခဲ့သည်။

ထိုတိပ်ခွေတွင် ဘန်နီရာ သည် ဘတ်တန်ကော့တ် ၏ တဦးတည်းသောအမွေဆက်ခံသူ (သူ့သမီးနှင့် မြေးနှစ်ယောက်ကို လွှဲပြောင်းပေးထားပြီးဖြစ်သောဘတ်တန်ကော့တ် ၏ များပြားလှစွာသော အိမ်ရာခြံမြေများ အပါအဝင် L'Oréal မှ ရှယ်ယာများ မပါဘဲ ) ဖြစ်ကြောင်း စွပ်စွဲဖော်ပြ ထားသည်။

Madoff ၏ သားကောင်ဖြစ်ခဲ့သူ[ပြင်ဆင်ရန်]

ဘတ်တန်ကော့တ် သည် .. Bernard Madoff ၏ လိမ်ညာပြုလုပ်သော ရင်းနှီးမြုပ်နှံမှုတွင် ယူရို ၂၂ သန်း ဆုံးရုံးခဲ့ပြီး လူသိအများဆုံးအလိမ်ညာခံလိုက်ရသူ တယောက်အဖြစ် ဖော်ပြခြင်းခံရသည်။ သူမသည် René-Thierry Magon de la Villehuchet နှင့် ပူးပေါင်းတည်ထောင်ခဲ့သော Access International Advisors ၏ စီမံမှုဖြင့် ရန်ပုံငွေတွင် ပထမဆုံးရင်းနှီးမြုပ်နှံသူ ဖြစ်သည်။ သူ၏ ရန်ပုံငွေတွင် ခေါင်းဆောင်ဖြစ်သူ၏ ငွေပမာဏ တော်တော်များများကို Madoff နှင့်အတူ ရင်းနှီးမြုပ် နှံထားကြောင်း သိခဲ့ရပြီးနောက်တွင် De la Villehuchet သည် ၂၀၀၈ ဒီဇင်ဘာ ၂၃ တွင် သူ့ကိုယ်သူ သတ် သေခဲ့သည်။

နိုင်ငံရေး အတင်းအဖျင်းစကားများ[ပြင်ဆင်ရန်]

၂၀၁၀ ဇွန်လ Bettencourt affair တွင် သူမ အိမ်ရှိ အိမ်ဖော်အမျိုးသားက အသံဖမ်းထားသည့် တိတ်ခွေတခုကို လူသိရှင်ကြား ဖော်ထုတ်ခဲ့ပြီး နောက်တွင် သူမသည် ပြင်သစ်ထိပ်သီး နိုင်ငံရေးအတင်းအဖျင်းများတွင် ပါဝင်ပက် သက်ခဲ့သည်။ ထိုတိတ်ခွေမှာ Battencourt နှင့် သူမ၏ ဘဏ္ဍာရေးအကြံပေးအရာရှိ Patrice de Maistre တို့စကားပြော ဆိုနေမှုကို အသံဖမ်းထားခြင်း ဖြစ်ပြီး သူမသည် အခွန်ရှောင်ထားသည့် များပြားလှသော ငွေသားပမာဏကို ဆွစ်ဇာလန်ဘဏ်တွင် လျှို့ဝှက် အပ်နှံသိမ်းဆည်းထားခြင်း အကြောင်းပါဝင်သည်။

လူသိများကြော်ကြားသူများအား အဓိကထားစုံစမ်းဖော်ထုတ်သည့် အခွန်တိမ်းရှောင်သူများ ဖော်ထုတ်ရေး အဖွဲ့တွင် ငွေစာရင်း အရာရှိအဖြစ် လုပ်ကိုင်နေသည့် Eric Woerth က Bettencourt ပိုင်ဆိုင် သည့် ကြွယ်ဝချမ်းသာမှုများကို စီမံခန့်ခွဲသည့် အလုပ်နေရာ၌ သူ့မိန်းမအား ခန့်အပ်ထားရန် တောင်းဆိုနေသည့် စကားသံများလဲ ပါဝင်သည်။ ထို့အပြင် Woerth ငွေစာရင်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း Bettencourt အား အခွန် ပေးဆောင်သည့်အပေါ် အခွန်လျော့ပေါ့ငွေအဖြစ် ယူရို သန်း ၃၀ ကို ပြန်ပေးခဲ့သည်။

၂၀၁၀ ဇူလိုင်တွင် ဘတ်တန်ကော့တ် ထံတွင် ယခင်ကစာရင်းကိုင်အဖြစ်လုပ်ခဲ့ဖူးသူ ကလဲယား သီဘော့သ် ကပြင်သစ်စုံစမ်းစစ်ဆေးရေး Web-site ဖြစ်သော Mediapart နှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် Neuilly-sur-Sein ရှိ ဘတ်တန်ကော့တ် ၏ အိမ်တွင် ပြင်သစ် ကွန်ဆာဗေးတစ် နိုင်ငံရေးသမားများသည် ပိုက်ဆံ များ ပြည့်ကျပ်နေအောင် ထည့်သွင်းထားသော စာအိတ်များကို မကြာခဏ ပေးခံရလေ့ရှိကြောင်း လူသိရှင်ကြား နိုင်ငံရေး ကောလဟာလတစ်ခု အဖြစ် ထုတ်ဖော်ပြောကြားခဲ့သည်။ ကလဲယား သီဘော့တ် က ဝေါ့သ် သည် ပေါ်ပြူလာလှုပ်ရှားမှု ယူနီယမ် (Union for a Popular Movement) တွင် ဘဏ္ဍာရေးမှူးအဖြစ် အလုပ်လုပ်စဉ် ၂၀၀၇ မေလတွင် ယူရို ၁၅၀,၀၀၀ ပါဝင်သော စာအိတ်တခုကို Nicolas Sarkozy ၏ သမ္မတ ရွေးချယ်တင်မြှောက်ရေး ကမ်ပိန်း သို့ ရည်ရွယ်၍ ပေးအပ်ခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။

သူမက သမ္မတ နီကိုလက်စ် ဆာကိုဇီ သည် Neuilly-sur-Seine တွင် မြို့တော်ဝန် အဖြစ် ၁၉၈၃ မှ ၂၀၀၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်စဉ်က ဘတ်တန်ကော့တ် အိမ်သို့မကြာခဏ လာရောက်လည်ပတ်လေ့ ရှိပြီး ပိုက်ဆံများထည့် သွင်းထားသော စာအိတ်များကို လက်ခံရယူလေ့ရှိကြောင်း သူမကိုယ်တိုင် ထုတ်ဖော် ပြောဆိုခဲ့ပြီး နောက် သူမ ကိုယ်တိုင်ပင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် သူမသည် သမ္မတ နီကိုလက်စ် ဆာကိုဇီ ၏ တရားမဝင် ငွေကြေးကိစ္စနှင့် ပက်သက်ပြီး သူမ၏ သက်သေထွက်ဆိုချက်ကို ပြန်လည်ရုပ်သိမ်းရန် ပြင်သစ်ရဲတပ်ဖွဲ့မှ ဖိအားပေး ခြင်းခံခဲ့ ရကြောင်းကို အတည်ပြု ပြောကြားခဲ့သည်။ သမ္မတ နီကိုလက်စ် ဆာကိုဇီ နှင့် မစ္စတာ ဝေါ့သ် တို့နှစ်ဦးစလုံးက ထိုမမှန်မကန်လုပ်ခဲ့မှုကို ငြင်းဆိုခဲ့ကြသည်။ ထိုစွပ်စွဲချက် များနောက်ပိုင်း တွင် ပြင်သစ်ရဲတပ်ဖွဲ့က ဘတ်တန်ကော့တ် ၏ ကြွယ်ဝချမ်းသာမှုများကို စီမံခန့်ခွဲသည့် Clymene ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ ဒီ မေစထရီ ၏ အိမ်နှင့် အလုပ်ဌာနကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ သည်။

ပြင်သစ်တွင် နိုင်ငံရေးအရ လှူဒါန်းမှုများကို နိုင်ငံရေး ပါတီများအတွက် ယူရိုငွေ ရ၅၀၀ နှင့် တစ်သီးပုဂ္ဂလ နိုင်ငံရေးသမားများအတွက် ယူရို ၄၆၀၀ အထိသာလှူဒါန်းရန် ကန့်သတ်ထားသည်။ ယူရို ၁၅၀ နှင့် အထက် ထောက်ပံ့ လှူဒါန်းမှုများကို အလှူရှင်မှ ထိုငွေကြေး၏ အဓိကဇစ်မြစ်ကို အတိအကျ ရှင်းလင်း ဖော်ထုတ်ထားပြီးသော ချက်လက်မှတ်ဖြင့်သာ လှူဒါန်းရမည် ဖြစ်သည်။

Forbes မှ အဆင့်သတ်မှတ်ချက်များ[ပြင်ဆင်ရန်]

Forbes စာရင်းအရ အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံခန့် ပိုင်ဆိုင်ပြီး ကမ္ဘာ့နံပါတ် ၁၇ ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ သူမသည် ဥရောပတွင် အချမ်းသာဆုံးနှင့် ကမ္ဘာ့နံပါတ် ၃ အဆင့်ရှိ အချမ်းသာဆုံးအမျိုးသမီး ( ခရစ်စတီ ဝေါ်လ်တန် နှင့် အဲလစ် ဝေါ်လ်တန် တို့ နောက်တွင် ကပ်လျက် ) ၊ ပြင်သစ်တွင် ဒုတိယ အချမ်းသာဆုံး ( ဘားနတ် အာနို့တ် နောက်တွင်ကပ်လျက်) ဖြစ်သည်။ ၂၀၀၅ Forbes စာရင်းအရ ကမ္ဘာ့နံပါတ် ၃၉ အဆင့်ရှိ အစွမ်းအစအရှိဆုံး အမျိုးသမီးတယောက်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Sergio A. Berumen; Karen Arriaza Ibarra (2008)။ Treinta inmensas fortunas y cómo se hicieron (Spanishဘာသာစကားဖြင့်)။ Madrid: Ecobook။ p. 46။ ISBN 8496877043OCLC 2302344172012-11-27 တွင် ပြန်စစ်ပြီးCS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  2. Liliane Bettencourt & family