လီတာ

ဝီကီပီးဒီးယား မှ
တစ် လီတာ သည် အလျားတစ်ဘက်တွင် ၁၀ စင်တီမီတာ စီ ရှိသော ဤသေတ္တာ ၏ ထုထည် နှင့် ညီမျှသည်။
ရေ ၁ လီတာ = ရေ ၁ ကီလိုဂရမ် (4 °C ၌ )

လီတာ (သို့) လစ်တာ သည် ထုထည် ကို တိုင်းတာသော မက်ထရစ် ယူနစ်ဖြစ်သည်။

၁ လီတာသည် ၁ ကျူပစ် ဒက်စီမီတာ ၏ ထုထည်ဖြစ်သည်။ ရေ ၁ လီတာ သည် အလေးချိန် ၁ ကီလိုဂရမ် ခန့် ရှိသည်။
အက္ခရာ "L" သို့ "l" ကို လီတာ ၏ သင်္ကေတ အဖြစ် အသုံးပြုသည်။

ထုထည် အနည်းငယ် အတွက် သုံးရာတွင် ဒက်စီလီတာ ကို အသုံးပြုသည်။ 10 dl = one litre
ပို၍ နည်းသော ထုထည် အတွက်မူ မီလီလီတာ ကို အသုံးများသည်။ 1000 ml = one litre
ထို မီလီလီတာ ကို စီစီ ဟုလည်းသိကြပြီး ဆေးပညာဆိုင်ရာ နှင့် အချို့သော အင်ဂျင်နီယာ နယ်ပယ်တွင် အသုံးများသည်။ (ဉပမာ− ၁၀၀ စီစီ ထိုးဆေး ၊ ၁၅၀၀ စီစီ အင်ဂျင်)


အက္ခရာ "l" သည် နံပါတ် "1" နှင့် ဆင်တူယိုးမှား ဖြစ်သောကြောင့် အက္ခရာ "L" ကို အသုံးပြုရန် အကြံပြုချက်ရှိသည်။

  • ၁ လီတာ = ၀.၂၂၀၀ အင်ပီရီရယ် ဂါလန်
  • ၁ လီတာ = ၀.၂၆၄၂ ယူအက်စ် ဂါလန်
  • ၁ အင်ပီရီရယ် ဂါလန် = ၄.၅၄၆၁ လီတာ (မြန်မာနိုင်ငံ တွင် အသုံးများသော ဂါလန်ဖြစ်သည်။)
  • ၁ ယူအက်စ် ဂါလန် = ၃.၇၈၅၄ လီတာ
  • ၁ လီတာ = ၁ ကျူပစ် ဒက်စီမီတာ

[၁]

ကိုးကား[ပြင်ဆင်ရန်]