လိုင်ဖိုင်

ဝီကီပီးဒီးယား မှ
ပထမဆုံး Li-Fi ပစ္စည်း
လိုင်ဖိုင် လိုဂို

shwehmoneAsoeLinလိုင်ဖိုင် (Light Fidelity အတိုကောက်: Li-Fi) ဆိုသည်မှာ နည်းပညာဆိုင်ရာစကားလုံးတစ်လုံးဖြစ်ပြီး အီလက်ထ‌ရောနစ် ကိရိယာတစ်ခုမှ တစ်ခုသို့ ကြိုးမဲ့စနစ်ဖြင့် အချက်အလက်များကို ‌ပေးပို့နိုင်‌သော စနစ်တစ်ခုဖြစ်သည်။ အင်တာနက်ကွန်ရက်ကိုလည်း လိုင်ဖိုင်စနစ်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည်။ လိုင်ဖိုင်စနစ်သည် အလင်းကို အ‌ခြေခံ၍ အချက်အလက်များကို ထုတ်လွှတ်ခြင်းနှင့်လက်ခံခြင်းတို့ကို ပြုလုပ်သည်။

လိုင်ဖိုင်စနစ်၏ အလင်းအတွက် အယ်လ်အီးဒီ (LED) မီးလုံးများကို အဓိကအသုံးပြုသည်။ အယ်လ်အီးဒီ မီးလုံးငယ်လေးများ၏ အလင်း‌ရောင်များမှတဆင့် အချက်အလက်များသည် စားပွဲတင်ကွန်ပျူတာများ၊ လက်ကိုင်ကွန်ပျူတာများ၊ ပုံထုတ်စက်များ၊ လက်ကိုင်ဖုန်းများနှင့်ကွန်ပျူတာဆက်စပ်ပစ္စည်းများထံသို့ အပြန်အလှန်စီးဆင်းမည်ဖြစ်သည်။ ထိုသို့ အသုံးပြုလာနိုင်သည်ဖြစ်၍ အီလက်ထ‌ရောနစ်ဆက်စပ်ပစ္စည်းများအားလုံးကိုလည်း ကွန်ပျူတာစနစ်များဖြင့် ထိန်းချုပ်စီမံလာနိုင်မည်ဖြစ်သည်။ လိုင်ဖိုင်စနစ်ကို စမ်းသပ်စနစ်အဖြစ် ၂ဝ၁၃ ခုနှစ်ကတည်းက စတင်အသုံးပြုလာကြသည်။ လက်ရှိအချိန်တွင် ဝိုင်ဖိုင်စနစ်ကိုသာ ကမ္ဘာနှင့်အဝှမ်း၌ အသုံးတွင်ကျယ်‌နေ‌သော်လည်း ၂ဝ၁၈ ခုနှစ်ခန့်တွင် လိုင်ဖိုင်စနစ်ကို အသုံးပြုလာမည်ဟု ခန့်မှန်းထားကြသည်။

လိုင်ဖိုင်ကို အသုံးပြုခြင်း‌ကြောင့် အင်တာနက်နှင့်အချက်အလက်စီးဆင်းမှုမြန်နှုန်းသည်လည်း မြင့်တက်လာမည်ဖြစ်သည်။ သုတေသနများ၏ အဆိုအရ မြန်နှုန်းသည် တစ်စက္ကန့်လျှင် ၁ဝ ဂစ်ဂါဘိုက်ခ် (10Gbit) ရှိသည်ဟု ဆိုသည်။[၁]

စာညွှန်း[ပြင်ဆင်ရန်]

  1. Anthony Cuthbertson (23 November 2015)။ LiFi internet: First real-world usage boasts speed 100 times faster than WiFi။ 3 December 2015 တွင် ပြန်စစ်ပြီး။
  2. ဝိုင်ဖိုင်အလွန်အနာဂတ်သည် လိုင်ဖိုင်ဖြစ်မည်၊ ဟန်ဇော်၊ ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်း၊ ၂ဝ၁၄ ခုနှစ် ဩဂုတ်
  3. ဝိုင်ဖိုင်အလွန်အနာဂတ်သည် လိုင်ဖိုင်ဖြစ်မည် | ဟန်ဆန်း