လာရီရိုဆန်ဘာ့

ဝီကီပီးဒီးယား မှ

လာရီရိုဆန်ဘာ့ (၁၉၃၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်ဖွား) သည် အမေရိကန်နိုင်ငံသား ဗုဒ္ဓဘာသာတရားပြဆရာတစ်ဦး ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် ရိုဆန်ဘာ့သည် မက်ဆာချူးဆက်ပြည်နယ်၊ ကမ်းဘရစ်တွင် ကမ်းဘရစ်ဝိပဿနာတရားစင်တာ (Cambridge Insight Meditation Center) ကို တည်ထောင်ခဲ့သည်။[၁] ထိုစင်တာတွင် သူသည် အမြဲတမ်းတရားပြဆရာလည်း ဖြစ်သည်။ ထို့ပြင် သူသည် ဟားဘတ်ဆေးဘက်ဆိုင်ရာကျောင်းနှင့် ချီကာဂိုတက္ကသိုလ်တွင် စိတ်ပညာပါမောက္ခ ဖြစ်ခဲ့သည်။ ကမ်းဘရစ်ရှိ ဝိပဿနာစင်တာတွင် တရားပြဆရာအဖြစ်သာမကသေးဘဲ မက်ဆာချူးဆက်ပြည်နယ်၊ ဘာရီရှိ ဝိပဿနာအဖွဲ့ (Insight Meditation Society) တွင်လည်း အကြီးတန်းတရားပြဆရာတစ်ဦး ဖြစ်သည်။[၂]

ရိုဆန်ဘာ့သည် ရုရှား - ဂျူးမိသားစုမှ မွေးဖွားလာသူဖြစ်သည်။ ၎င်းကို အလုပ်သမားအတန်းအစား မိသားစုမှ ကိုနေးကျွန်း (Corney Island) တွင် ဖွားမြင်ခဲ့သည်။ သူ၏ ဖခင်သည် မျိုးဆက် ၁၄ ခုမြောက် ဂျူးဓမ္မဆရာဖြစ်ပြီး မာ့ဝါဒကို လေ့လာခဲ့သည်။[၃]

ရိုဆန်ဘာ့သည် သူ၏ သိပ္ပံဘွဲ့ကို ဘရွတ်လင်ကောလိပ်မှ ရရှိခဲ့ပြီး ဒေါက်တာဘွဲ့ကို လူမှုရေးစိတ်ပညာဘာသာရပ်ဖြင့် ချီကာဂိုတက္ကသိုလ်မှ ရရှိခဲ့သည်။ ထို့နောက်ပိုင်းတွင် ဟားဗတ်၌ စိတ်ရောဂါကုဌာန၌ လက်ထောက်ပါမောက္ခ ဖြစ်လာခဲ့သည်။ သူသည် ပညာရေးအတွေ့အကြုံကို စိတ်ပျက်သွားကာ ဗုဒ္ဓဘာသာတရားလေ့ကျင့်မှုကို စိတ်အားထက်သန်စွာ လေ့လာလေ့ကျင့်ခဲ့သည်။ သူ့ကို ထိုကဲ့သို့ ဆုံးဖြတ်ချက်များ အပြောင်းအလဲ ဖြစ်စေသည့် အဓိကအချက်မှာ ဝိမလသာခါနှင့် Jiddu Krishnamurtiတို့၏ သင်ကြားမှုများမှ ဖြစ်သည်။ သူသည် ကိုရီးယားဆရာ Seung Sahnနှင့်ဂျပန်ဆရာKatagiri Roshiတို့နှင့်အတူဝိပဿနာကိုမလေ့ကျင့်မီ ဇင်ဗုဒ္ဓဘာသာကို ရှစ်နှစ်ကြာသင်ယူခဲ့သည်။Anagarika Munindraသည်ရိုဆန်ဘာ့၏ပထမဆုံးသောဝိပဿနာတရားပြဆရာဖြစ်သည်။[၄]

သူ၏ စာအုပ် Breath by Breath သည် အာနာပါနသတိ လုပ်ငန်းလုပ်ကွက်အား ရှင်းလင်းစွာ ဖော်ပြထားသည့် စာအုပ်တစ်ခု ဖြစ်သည်။ သူ့အား ထိုင်းတရားပြဆရာ Buddhadasaသည် အာနာပါနသတိကို အားထုတ်ရန် လှုံ့ဆော်ခဲ့သည်။ အာနာပါနသတိသည် ကမ်းဘရစ်ရှိ ဝိပဿနာစင်တာတွင် သူ၏ အခြေခံသင်ကြားပြသမှုများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။[၅]

စာအုပ်များ[ပြင်ဆင်ရန်]

  • L. Rosenberg, Breath by Breath: The Liberating Practice of Insight Meditation, Shambhala Publications, 2004. ISBN 1-59030-136-6.
  • L. Rosenberg and D. Guy, Living In the Light of Death: On the Art of Being Truly Alive, Shambhala Publications, 2001. ISBN 1-57062-820-3
  • L. Rosenberg with Laura Zimmerman, Three Steps to Awakening: A Practice for Bringing Mindfulness to Life, Shambhala Publications, 2013. ISBN 1-59030-516-7

ကိုးကား[ပြင်ဆင်ရန်]

  1. Thumma၊ Scott; Gray၊ Edward R. (2004)။ Gay Religion။ Rowman Altamira။ p. 146။ ISBN 978075911506429 November 2014 တွင် ပြန်စစ်ပြီး
  2. Larry RosenbergShambhala Publications။ 2016-05-24 တွင် ပြန်စစ်ပြီး။
  3. Tricycle (2019-08-08)။ Larry Rosenberg and The Art of Doing Nothing။ Tricycle.org။ 2019-12-28 တွင် ပြန်စစ်ပြီး။
  4. Living This Life Fully: Stories and Teachings of Munindra – Mirka Knaster – Google Books။ Books.google.com။ 2019-12-28 တွင် ပြန်စစ်ပြီး။
  5. Gay Religion2019-12-28 တွင် ပြန်စစ်ပြီး