လာဖေယက်၊ မားကွစ်ဒါ

ဝီကီပီးဒီးယား မှ

လာဖေယက်၊ မားကွစ်ဒါ(ခရစ် ၁၇၅ရ - ၁၈၃၄)[ပြင်ဆင်ရန်]

မားကွစ် ဒါလာဖေယက်သည် ပြင်သစ်လူမျိုးစစ်သည်တော်နှင့် နိုင်ငံပြုသုခမိန်ဖြစ်၍ နာမည်ရင်းအပြည့်အစုံမှာ မာရီဂျိုးဇက်ပေါအီဗီးရော့ ဂီးလဗတ်ဒူမော်တီယေး ဖြစ်သည်။ လာဖေယက်သည် မိမိဘဝတစ်လျှောက်လုံးတွင် လွတ်လပ်မှု အတွက် ကြိုးပမ်းဆောင်ရွက်သွား၏။ ပြင်သစ်တော်လှန်ရေးတွင် ်သာမက အမေရိကန် တော်လှန်ရေးစစ်ပွဲများတွင်လည်း အားကြိုးမာန်တက် ပါဝင် ဆောင်ရွက်သည်။ ဤသို့ စွဲမြဲ ဲယုံကြည်ပြုမူဆောင်ရွက်ချက်များကြောင့် လာဖေယက်သည် မိမိခံစားရသော စည်းစိမ်၊ လူမှုအဆင့်အတန်းသာမက မိမိ၏ လွတ်လပ်မှုပါ ဆုံးရှုံးရသော်လည်း ပြင်သစ်လူမျိုးရော အမေရိကန် လူမျိုးတို့ကပါ လေးစားကြည်ညိုခြင်းကိုခံရ၍ ကမ္ဘာ့သမိုင်းတွင် ထင်ရှား သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။

လာဖေယက်သည် ၁၇၅၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ပြင်သစ်နိုင်ငံ အွတ်လွားနယ်၊ ရှာဗာနီယက်မြို့၌ မွေးဖွားသည်။ လာဖေယက် သည် မှူးမျိုးမတ်နွယ်မှ ဆင်းသက်ပေါက်ဖွား လာသူဖြစ်သည်။ နှစ်နှစ်သား အရွယ်တွင် သူ၏ဖခင်သေဆုံး၍ ၁၁ နှစ်ကြာသောအခါ သူ၏ မိခင်နှင့် အဘွားသေဆုံးခဲ့ရာ လာဖေယက်သည် အမွေအနှစ်များစွာကို ရရှိလိုက်သည်။

လာဖေယက်သည် ဗာဆေးမြို့ရှိ စစ်တက္ကသိုလ်တွင် ပညာသင်ယူ ူသည်။ အသက် ၁၆ နှစ်အရွယ်တွင် ဩဇာရှိသော ပုဂ္ဂိုလ်ကြီး တစ်ဦး၏ သမီးနှင့် လက်ထပ်သည်။ မကြာမီပင် စစ်တပ်၌ ဗိုလ်ကြီးဖြစ်လာသည်။ သို့သော် လာဖေယက်သည် နန်းတွင်း၌ နေရသည့်ဘဝကို ငြီးငွေ့ပြီးလျှင် အာဏာဖြင့် အုပ်စိုးခြင်းကို မကျေမနပ်ဖြစ်လာသည်။ အသက် ၁၉ နှစ်အရွယ်တွင် ပြင်သစ် ်စစ်တပ်ထဲ၌ ဗိုလ်ကြီးအဖြစ် အမှုထမ်းနေစဉ် အမေရိကန် ကိုလိုနီနယ်သစ်များက အင်္ဂလိပ်အစိုးရကို တော်လှန် ်ပုန်ကန်ကြောင်းကြားသိရသောအခါ များစွာစိတ်အား တက်ကြွခဲ့လေသည်။

သို့ဖြစ်၍ သူသည် ပြင်သစ်ဘုရင်၏ အမိန့်ကို ဖီဆန်ပြီးလျှင် အခက်အခဲ အမျိုးမျိုးအကြားမှပင် အမေရိကန်ပြည်နယ်များသို့ ၁၇၇၇ ခုနှစ်တွင် ထွက်ခွာသွားခဲ့လေသည်။ သူသည် ပိုက်ဆံကြေးငွေမယူဘဲ အမေရိကန်တို့၏ တော်လှန်ရေး လုပ်ငန်း၌ပါဝင်ကူညီလိုကြောင်း ပြောဆိုခဲ့ရာ သူ့အား အာမေရိကန်ကွန်ဂရက်က ဂျော့ဝါရှင်တန်၏အောက်တွင် ဒု-ဗိုလ်ချုပ်ကြီးအဖြစ် ခန့်ထားခဲ့လေသည်။

သို့ဖြင့် နောင်အခါ အမေရိကန် သမ္မတဖြစ်လာမည့် ဝါရှင်တန်နှင့်ခင်မင်ချစ်ကျွမ်းဝင်ခဲ့သည်။ သူ၏ ဆောင်ရွက်ချက်များမှာ အထူးပင်ခရီးရောက်လှပေသည်။ သူ၏ လုံ့လပယောဂ ကြောင့်ပင် ၁၇၇၈ ခုနှစ်၌ အမေရိကန်နယ်သစ်များသည် ပြင်သစ်အစိုးရနှင့် မဟာမိတ် ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပေရာ ပြင်သစ်တို့က လူအင်အား၊ လက်နက် အင်အား အကူအညီများ ပေးခဲ့လေသည်။ အကယ်၍သာ ထိုသို့ ပြင်သစ် တို့ထံမှ အကူအညီမရပါက အမေရိကန်တို့၏ တော်လှန်ရေးမှာ အောင်မြင် မည်မဟုတ်ချေ။

၁၇၈၉ ခုနှစ်တွင် ပြင်သစ်တော်လှန်ရေး ဖြစ်ပွားသောအခါ လာဖေယက်သည် လွတ်လပ်ရေးကို မြတ်နိုးသူပီပီ ကိုယ်ဖိ ိရင်ဖိ ကူညီအားပေးရန် မိမိ၏ဇာတိဌာနသို့ ပြန်လာသည်။ ပြင်သစ်နိုင်ငံသို့ရောက်သောအခါ အမျိုးသားလွှတ်တော်တွင် အခွင့်အရေးများကိုကြေညာရန် အကြံပေးခဲ့လေသည်။ ဗက်စတီးထောင်ကြီးကို လူထုကဝင်စီးပြီး နောက်တစ်နေ့၌ သူ့ကို အမျိုးသားကာကွယ်ရေးတပ်၏ ဦးစီးဗိုလ်ချုပ်အဖြစ် ခန့်ထားကြသည်။ သူသည် နှစ်နှစ်ခန့်မျှ ပြင်သစ်နိုင်ငံတွင် အရေးအပါဆုံးလူ ဖြစ်ခဲ့လေသည်။ သူပင်လျှင် တော်လှန်ရေးစစ်တပ်များအတွက် အနီ၊ အဖြူ၊ အပြာပါသော သုံးရောင်ချယ်အလံကို အသုံးပြုရန် စတင်အကြံပေးခဲ့လေသည်။

လာဖေယက်သည် ပြင်သစ်လူမျိုးတို့ လွတ်လပ်မှုရရှိရေးအတွက် ကြိုးပမ်းရာ၌ အဂ‡လန်ပြည်တွင်ကဲ့သို့ပင် စည်းမျဉ်းခံဘုရင် အုပ်ချုပ်ရေး စနစ်မျိုးကို လိုလားသူဖြစ်၏။ ၁၆ ဆက်မြောက် လူဝီဘုရင်က ပြင်သစ် နိုင်ငံမှ ထွက်ပြေးရန် ကြိုးစားသောအခါ လာဖေယက်သည် ဘုရင်ကို လိုက်လံဖမ်းဆီးရန် အမိန့်ထုတ်ပေးခဲ့၏။ ၁၇၉၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ပြဋ္ဌာန်းအတည်ပြု ုပြီးနောက်တွင် အနားယူကာအေးအေးဆေးဆေးနေထိုင်ခဲ့ရာ ပရပ်ရှား၊ ဩစတြီးယားနိုင်ငံများနှင့် စစ်ဖြစ်တော့မည့်ဆဲဆဲ ဖြစ်နေသဖြင့် စစ်တပ်တွင် ပြန်လည်အမှု ထမ်းခဲ့ရပြန်လေသည်။

သို့သော် သူသည် တစ်ယူသန် တော်လှန်ရေးသမား များဖြစ်သော ဂျက္ကဗင်းတို့၏ တရားလက်လွတ် ပြုကျင့်မှုကို မနှစ်မြို့ နိုင်သည့်ပြင် စည်းမျဉ်းခံဘုရင်အုပ်ချုပ်ရေးကို ထောက်ခံအားပေးလိုသူဖြစ်၍ ထိုစဉ်က အုပ်ချုပ်ရေး အာဏာကို ကြိုးကိုင်နေသော ဂျက္ကဗင်းတို့ကိုဖြုတ်ချရန် ကြံစည်ခဲ့လေသည်။ သို့ဖြစ်၍ မကြာမီ သစ္စာဖောက်ဟူ၍ သူ့အားစွပ်စွဲ သည်ကိုခံရပြီးလျှင် အသက်အန္တရာယ်အတွက် စိုးရိမ်ရသောကြောင့် ဗယ်လ ဂျီယမ်နိုင်ငံသို့ ထွက်ပြေးရလေသည်။ ထိုနိုင်ငံ၌ သူ့ကို ဩစတြီးယန်းတို့က ဖမ်းဆီးအကျဉ်းချထားခဲ့ရာ နပိုလီယန် တက်လာသောအခါကျမှ ခရစ် ၁၇၉၇ ခုနှစ်တွင် လွတ်မြောက်သွားခဲ့၏။ ၁၇၉၉ ခုနှစ်၌ ပြင်သစ်နိုင်ငံသို့ ပြန်လည်နေထိုင်သည်။ သို့သော် ဆီနိတ်အဖွဲ့ဝင်အဖြစ် ခန့်ထားခြင်းကိုမူ လက်မခံခဲ့ချေ။

၁၈၁၅ ခုနှစ်တွင် နပိုလီယန်သည် အဲလဗကျွန်းမှ ပြန်လည် ရောက်ရှိပြီးနောက် အတန်ရက်ရောသော အခြေခံဥပဒေကို ပြဋ္ဌာန်း ပေးသည်။ လာဖေယက်ကိုလည်း ပြည်သူ့လွတ်တော်တွင် အမတ်အဖြစ် ရွေးကောက် တင်မြေ|ာက်သည်။ သို့သော် နပိုလီယန် အာဏာယူလွန်းသည်ကို သဘောမကျသဖြင့် အတိုက်အခံပြုခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြေ|ာက်ခြင်းခံရသည်။ ဝါးတာလူးတိုက်ပွဲအပြီးတွင် နပိုလီယန် နန်းမှဆင်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

လာဖေယက်သည် ၁၈၂၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု သို့ သွားရောက်လည်ပတ်သည်။ အမေရိကန်ကွန်ဂရက်က လာဖေယက်အား ကျေးဇူးတုံ့ပြန်သောအားဖြင့် ဒေါ်လာ ၂ဝဝဝဝဝ နှင့် ဖလော်ရီဒါပြည်နယ်တွင် မြို့နယ်တစ်ကွက်ကိုပေးသည်။ ထိုအတောအတွင်း ဂရိ၊ အီတာလျံ၊ စပိန်၊ ပေါ်တူဂီ၊ လက်တင်အမေရိကန်၊ ဗယ်လာဂျီယန်နှင့် ပိုးတော်လှန်ရေး အဖွဲ့များနှင့်ဆက်သွယ်၍ ကူညီအားပေးခဲ့သည်။ အမေရိကန် ်ပြည်ထောင်စုမှ ပြန်လည်ရောက်ရှိသည်တွင် ပြည်သူ့လွှတ်တော်တွင ် ပြန်လည်ရွေးကောက် တင်မြေ|ာက်ခြင်းခံရသည်။

နပိုလီယန် စစ်ရှုံးပြီးနောက် ပြင်သစ်နိုင်ငံကို အုပ်စိုးခဲ့သော ဒဿမ ချားဘုရင်က သက်ဦးဆံပိုင်ဝါဒကို ပြန်လည်အသက် ်သွင်းရန် ကြံစည်သောအခါ လာဖေယက်သည်ခေါင်းဆောင်၍ အတိုက်အခံပြုခဲ့၏။ လာဖေယက်သည် ၁၈၃ဝ ပြည့်နှစ် အရေးတော်ပုံ၌လည်း ပါဝင်ဆင်နွဲခဲ့ပြီးနောက် အမျိုးသား ကာကွယ်ရေးတပ် ဗိုလ်မှူးအဖြစ်နှင့် ဒသမချားကို နန်းချ ပြီးလျှင် လူဝီဖိလစ်ကို နန်းတင်ခဲ့လေသည်။ ပြင်သစ်နိုင်ငံသည် သမ္မတ နိုင်ငံဖြစ်မြောက်ရေးအတွက် အချိန်မရောက်သေးဟု ထင်မှတ် ်ယူဆသော ကြောင့် ဘုရင်ကို တင်မြေ|ာက်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင်မိမိ၏ ထင်ကြေး နှင့် မကိုက်ညီသောကြောင့် ဘုရင်နှင့်အတိုက်အခံဖြစ်လာသည်။ ဤအချိန်ကား သူကွယ်လွန်ခါနီး နှစ်ပိုင်းလောက်တွင်ဖြစ်၏။ လာဖေယက်သည် ၁၈၃၄ ခုနှစ်၊ မေလ ၂ဝ ရက်နေ့တွင် ပါရစ်မြို့၌ ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)