လလိတခေပမုဒြာ

ဝီကီပီးဒီးယား မှ

အချို့ ပညာရှင်များက လလိတမုဒြာ ဟူ၍လည်း ခေါ်ကြသည်။

ရှေးမြန်မာ အနုပညာသဘင်တွင် နတ်သိကြားများ၏ ကကြိုး, ကကွက်တို့၌ လလိတကကွက်ကို တွေ့ရတတ်ပေသည်။ အထူးသဖြင့် အိန္ဒိယနွယ်သော အကများတွင် လလိတ ကကွက်ကို တွေ့ရှိနိုင်ပါသည်။ ယခုအခါ ဤ ဝေါဟာရမှာ ငုပ်ပျောက် တိမ်ကွယ်လျက် ရှိချေပြီ။

ပုံစံအားဖြင့် လောကနာထပုံကို လလိတခေပမုဒြာပုံဖြင့် တွေ့ရတတ်သည်။ အိန္ဒိယပြည် ဒက္ကာ နယ် သာဘာရ်ရာဇာသန္ဓမြို့ဟောင်းအရပ် စေတီကျောင်းပျက်ကြီးများတွင် တွေ့ရှိရပါသည်။

လလိတာသန ထိုင်ပုံဟန်ပန်နှင့် ဆက်သွယ်နှီးနွယ်သော မုဒြာပုံတော်ဖြစ်ပါသည်။ ပုဂံဆေးရေး ပန်းချီများတွင် တွေ့ရှိနိုင်ပါသည်။ [၁][၂] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. LALITAKSEPA MUDRĀ(LALITĀ MUDRĀ) Se. Lalitasana. IBBS. p.32, 34. DHI. p.465.
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ