မာတိကာသို့ ခုန်သွားရန်

လမ်းမထက် စတိုင်

ဝီကီပီးဒီးယား မှ

 

၂၀၁၉ ခုနှစ် လော့စ်အိန်ဂျလိစ် လမ်းမထက် စတိုင် ဖက်ရှင်ကို ရောင်ပြန်ဟပ်သော ခေတ်မီအသွင်အပြင်ဖြင့် မော်ဒယ်တစ်ဦး

လမ်းမထက် စတိုင်သည် စတူဒီယိုများ၊ ဒီဇိုင်နာများထံမှမဟုတ်ဘဲ လူအများကြားမှ ထွက်ပေါ်လာသည်ဟု ယူဆရသော ဖက်ရှင် ဖြစ်သည်။ လမ်းပေါ်ဖက်ရှင်သည် ယေဘူယျအားဖြင့် လူငယ်ယဉ်ကျေးမှု နှင့် ဆက်စပ်နေပြီး မြို့ကြီးပြကြီးများတွင် အများဆုံးတွေ့ရတတ်သည်။ မဂ္ဂဇင်းများနှင့် သတင်းစာများတွင် အများအားဖြင့် မြို့ပြအဝတ်အစားများ ၀တ်ဆင်ထားသည့် လူတစ်ဦးချင်းစီ၏ ပြတ်သားသော ဓာတ်ပုံများကို ဖော်ပြလေ့ရှိသည်။[၁] ခေတ်ရေစီးကြောင်းဖက်ရှင်သည် မကြာခဏဆိုသလို လမ်းပေါ်ဖက်ရှင်ရေစီးကြောင်းများကို လွှမ်းမိုးမှုရှိလေသည်။ အဓိက လူငယ်ယဉ်ကျေးမှု အများစုသည် လမ်းမထက် စတိုင် ဖက်ရှင်နှင့် ဆက်စပ်မှုရှိလေသည်။ လမ်းမထက် စတိုင် ဖက်ရှင်ပုံစံများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံတူညီမှု မရှိကြပဲ သက်ဆိုင်ရာ နေရာဒေသနှင့် လိုက်လျောညီထွေမှုရှိသည့် သီးခြားပုံစံတစ်မျိုးစီဖြင့် ထွန်းကားလျက်ရှိလေသည်။

လမ်းမထက် စတိုင် ဖက်ရှင်၏ အဓိကပုံစံများ[ပြင်ဆင်ရန်]

  1. အမေရိကန် ဟစ်ဟော့ (Hip-hop) စတိုင်: ဦးထုပ်၊ ကွန်ဗတ်၊ ဘီဂျင်၊ နှင့် အခြားသော အဝတ်အစားများဖြင့် ပေါင်းစပ်ဝတ်ဆင်လေ့ရှိသော စတိုင်ဖြစ်သည်။
  2. ဂျပန် ဟာရာဂျူကူ (Harajuku) စတိုင်: အရောင်စုံသော အဝတ်အစားများနှင့် ပေါင်းစပ်ဝတ်ဆင်လေ့ရှိသော စတိုင်ဖြစ်သည်။
  3. ကေဘီစတိုင်: အလွန်ကျစ်သိပ်သော ဘောင်းဘီနှင့် ရှပ်အင်္ကျီကို ပေါင်းစပ်ဝတ်ဆင်လေ့ရှိသော စတိုင်ဖြစ်သည်။

အားကစားဝတ်စုံများ၏ လွှမ်းမိုးမှု[ပြင်ဆင်ရန်]

အားကစားဓလေ့များ၏ လွှမ်းမိုးမှု

လမ်းမထက် စတိုင်တွင် အားကစားဝတ်စုံကို ပုံမှန်ဝတ်ဆင်သော သာမန်လူများ ပါဝင်သည်။ သို့သော်လည်း အားကစားဝတ်စုံ အမှတ်တံဆိပ်အမျိုးမျိုးအတွက် အလုပ်လုပ်သော စူပါမော်ဒယ်များ၏ လွှမ်းမိုးမှုသည်လည်း အရေးပါလေသည်။ ထို့ကြောင့် သာမန်လူများကို အားကစားအဝတ်အစား ခံစားမှုဖြင့် လွှမ်းမိုးရန် ပိုမိုလွယ်ကူလာသည်။[၂]

စကိတ်စီးအားကစားဓလေ့သည် အထူးသဖြင့် အချို့သော လမ်းမထက် စတိုင်များ၏ အသွင်အပြင်ကို လွှမ်းမိုးခဲ့သည်။ လမ်းမထက် စတိုင် ရေစီးကြောင်းပုံရိပ်သည် စကိတ်စီးခြင်းနှင့် မကြာခဏသက်ဆိုင်မှုရှိနေသည်ကို တွေ့မြင်နိုင်သည်။ စကိတ်စီးသူများအတွက် ခြေထောက်ချော်ခြင်းမှ ကင်းဝေးစေမည့် စကိတ်စီးဖိနပ်များကိုပင် လမ်းမထက် စတိုင် ဖက်ရှင်သို့ အမွေဆက်ခံ၍ အသုံးပြုခဲ့ကြသည်။[၃]

လမ်းမထက် စတိုင် ဖက်ရှင်၏ အရေးပါမှုများ[ပြင်ဆင်ရန်]

  1. ပုဂ္ဂိုလ်ရေးအထောက်အထား: လမ်းမထက် ဖက်ရှင်သည် လူအများအကြား မိမိကိုယ်ကိုယ်ပြသရန် အသုံးပြုသည့် အစိတ်အပိုင်းတစ်ခုဖြစ်လေသည်။ မိမိတို့၏ စိတ်ကြိုက်နှင့် ကိုယ်ပိုင်စတိုင်ကို ဖော်ပြနိုင်စေလေသည်။
  2. ပေါ်လွင်စေမှု: လမ်းမထက် ဖက်ရှင်သည် လူငယ်များအကြား အလွန်လူကြိုက်များပြီး၊ ပေါ်လွင်စေလေသည်။
  3. တစ်နိုင်ငံခြင်း စနစ်ကိုက်မှု: လမ်းမထက် ဖက်ရှင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတူညီသော ဖက်ရှင်စတိုင်များ ဖြစ်နိုင်၏။ အရင်အချိန်မှ ဖက်ရှင်များသည် ဖက်ရှင်ဒီဇိုင်နာများထံမှသာ ထွက်ပေါ်လာကာ လူထုအကြား ပျံ့နှံ့သွားလေ၏။ လမ်းမထက် ဖက်ရှင်တွင်မူ ဖက်ရှင်စတိုင်များသည် လူအများကြားကနေ ပေါ်ထွက်လာခြင်းမျိုးဖြစ်လေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Today's Fashion"၊ Revolt Magazine၊ Public Art Squad Project၊ 2012။ Archived from the original on 20 November 2014။ "Cindy Hinant, a visual artist whose daily trek through Soho makes her a regular target for amateur blogarazzi stalking women for photo copy, remarks, "Street fashion has made me both paranoid and vain. Last week I had my photo taken twice in one day by two different magazines for their street fashion whatever. Now when I'm wearing something that I think is awesome I'm disappointed not to be stopped to have my picture taken." 
  2. When Clothes Become Fashion: Design and Innovation Systems။ Oxford။ 2009။ p. 120။
  3. Skateboarding Street Style။ Minneapolis, MN။ 2008။ p. 12။

ပြင်ပလင့်များ[ပြင်ဆင်ရန်]