လမ်းကြိတ်စက်
![](http://upload.wikimedia.org/wikipedia/commons/thumb/0/0d/John_Deere_roller%2C_U.S._Navy%2C_Camp_Covington%2C_NMCB-133%2C_080928-N-1106H-001.jpg/250px-John_Deere_roller%2C_U.S._Navy%2C_Camp_Covington%2C_NMCB-133%2C_080928-N-1106H-001.jpg)
![](http://upload.wikimedia.org/wikipedia/commons/thumb/6/6a/Roadroller.jpg/220px-Roadroller.jpg)
လမ်းကြိတ်စက်ကို အင်္ဂလိပ်ဘာသာတွင် (road roller, roller-compactor, roller) စသည်ဖြင့် ခေါ်ဆိုလေ့ ရှိကြပြီး သိပ်သည်းမှု ရရန်အတွက် သုံးသော အင်ဂျင်နီယာသုံးယာဉ် တစ်မျိုး ဖြစ်သည်။ မြေကြီးများ၊ ကျောက်စရစ်များ၊ ကွန်ကရစ်များ၊ ကတ္တရာများကို လမ်း၏ ဖောင်ဒေးရှင်း တည်ဆောက်ရာတွင် သိပ်သည်းစေရန် အတွက် အသုံးပြုသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]![](http://upload.wikimedia.org/wikipedia/commons/thumb/3/3f/Deutsches_Stra%C3%9Fenmuseum%2C_Germersheim._Horse-drawn_road_roller_01.jpg/220px-Deutsches_Stra%C3%9Fenmuseum%2C_Germersheim._Horse-drawn_road_roller_01.jpg)
ပထမဆုံး လမ်းကြိတ်စက်များမှာ မြင်းဖြင့်ဆွဲသော လမ်းကြိတ်စက် များဖြစ်ပြီး လယ်ယာလုပ်ငန်းသုံး ယာဉ်များ၏ အသုံးပြုပုံကို အတုခိုးထားခြင်း ဖြစ်သည်။
လမ်းကြိတ်စက်များကို အသုံးပြုရာတွင် ထိရောက်မှုသည် အလေးချိန်ပေါ်တွင် များစွာမူတည်သဖြင့် မြင်းဆွဲ လမ်းကြိတ်စက်များ အစား စွမ်းအင်သုံး မောင်းနှင်သော လမ်းကြိတ်စက်များဖြင့် ၁၉ ရာစု အလယ်ပိုင်းတွင် အစားထိုး အသုံးပြုခဲ့ကြသည်။ ပထမဆုံးသော စွမ်အင်သုံး လမ်းကြိတ်စက်မှာ ရေနွေးငွေ့အားကို အသုံးပြုထားသည်။ ဆလင်ဒါ တစ်လုံးတည်းကို သာ အသုံးပြုထားသော လမ်းကြိတ်စက်များကို များစွာသုံးစွဲခြင်း မရှိကြပေ။ အဘယ်ကြောင့် ဆိုသော် ရေနွေးငွေ့သုံး အင်ဂျင်များကြောင့် လမ်းများပေါ်တွင် လှိုင်းအနည်းငယ်ထစေ သောကြောင့် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တွင် အချို့သော လမ်းကုမ္ပဏီများမှာ ရေနွေးငွေ့သုံး ကြိတ်စက်များကို ၁၉၅၀ နှစ်များ အထိ အသုံးပြုခဲ့ကြပြီး အင်္ဂလန်နိုင်ငံ တွင်မူ ၁၉၇၀ နှစ်များ အစောပိုင်း အထိ စီးပွားဖြစ် အသုံးပြုနေကြသေးသည်။
အတွင်း၌ ပေါက်ကွဲသော အင်ဂျင် နည်းပညာမှာ ၂၀ ရာစုအတွင်း တိုးတက်လာခဲ့ပြီး ရေနံဆီ ၊ ဓာတ်ဆီ နှင့် ဒီဇယ်ဆီ စွမ်းအားသုံး ကြိတ်စက်များဖြင့် ရေနွေးငွေ့သုံး ကြိတ်စက်များကို လဲလှယ် အစားထိုး ခဲ့ကြသည်။
မောင်းနှင်၍အသုံးပြုရသည်