လန့်ဖော်ဆန်

ဝီကီပီးဒီးယား မှ
လန့်ဖော်ဆန်
Langfossen
Langfoss
View of the Langfossen waterfall (2006)
လန့်ဖော်ဆန် သည် Vestland တွင် တည်ရှိသည်
လန့်ဖော်ဆန်
လန့်ဖော်ဆန် သည် Norway တွင် တည်ရှိသည်
လန့်ဖော်ဆန်
တည်နေရာVestland, Norway
ကိုဩဒိနိတ်59°50′24″N 6°20′36″E / 59.8400276°N 6.343217529°E / 59.8400276; 6.343217529ကိုဩဒိနိတ်: 59°50′24″N 6°20′36″E / 59.8400276°N 6.343217529°E / 59.8400276; 6.343217529
အမျိုးအစားSliding horsetail
အမြင့်၂၂၈ မီတာ (၇၄၈ ပေ)
စုစုပေါင်း အမြင့်၆၁၂ မီတာ (၂,၀၀၈ ပေ)
ရေဆင်းလမ်းများ1
အရှည်ဆုံး ရေဆင်းလမ်း၆၁၂ မီတာ (၂,၀၀၈ ပေ)
စုစုပေါင်း အလျား၁၀၇ မီတာ (၃၅၁ ပေ)
ပျမ်းမျှ အလျား၇၆ မီတာ (၂၄၉ ပေ)
Run၇၁၀ မီတာ (၂,၃၃၀ ပေ)
ပျမ်းမျှ
ရေစီးနှုန်း
၈ m3/s (၂၈၀ cu ft/s)

လန့်ဖော်ဆန် သည် နော်ဝေနိုင်ငံ၊ Vestland စီရင်စု၊ Etne Municipality တွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။ Fjæra ရွာ၏ အနောက်တောင်ဘက် ၅ ကီလိုမီတာ (၃.၁ မိုင်) အကွာတွင် တည်ရှိသည်။ ရေတံခွန်သည် တောင်တစ်ခုမှ စီဆင်းလာသည်။ တောင်ခြေရှိ Åkrafjorden သို့ မတိုင်ခင်အထိ ရေတံခွန်၏ စုစုပေါင်းအရှည်သည် ၆၁၂ မီတာ (၂၀၀၈ ပေ) ရှိသည်။ European route E134 အမြန်လမ်းမသည် တောင်ခြေမှ ဖောက်လုပ်ထားသည်။

ဤရေတံခွန်ကို World Waterfall Database က ကမ္ဘာ့အကောင်းဆုံးရေတံခွန်တစ်ခုအဖြစ် ဖော်ပြခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လတွင် CNN/Budget Travel က လန့်ဖော်ဆန်ကို ကမ္ဘာ့အလှဆုံးရေတံခွန် ၁၀ ခုတွင် ဖော်ပြခဲ့သည်။ နော်ဝေနိုင်ငံရှိ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း မရှိသေးသည့် ရေတံခွန်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည့်အတွက် ယခုအခါ သဘာဝအခြေအနေအတိုင်းပင် ရှိသေးသည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]