လန့်ဖော်ဆန်
ပုံပန်းသွင်ပြင်
| လန့်ဖော်ဆန် Langfossen Langfoss | |
|---|---|
View of the Langfossen waterfall (2006) | |
| တည်နေရာ | Vestland, Norway |
| ကိုဩဒိနိတ် | 59°50′24″N 6°20′36″E / 59.8400276°N 6.343217529°Eကိုဩဒိနိတ်: 59°50′24″N 6°20′36″E / 59.8400276°N 6.343217529°E |
| အမျိုးအစား | Sliding horsetail |
| အမြင့် | ၂၂၈ မီတာ (၇၄၈ ပေ) |
| စုစုပေါင်း အမြင့် | ၆၁၂ မီတာ (၂,၀၀၈ ပေ) |
| ရေဆင်းလမ်းများ | 1 |
| အရှည်ဆုံး ရေဆင်းလမ်း | ၆၁၂ မီတာ (၂,၀၀၈ ပေ) |
| စုစုပေါင်း အလျား | ၁၀၇ မီတာ (၃၅၁ ပေ) |
| ပျမ်းမျှ အလျား | ၇၆ မီတာ (၂၄၉ ပေ) |
| Run | ၇၁၀ မီတာ (၂,၃၃၀ ပေ) |
| ပျမ်းမျှ ရေစီးနှုန်း | ၈ m3/s (၂၈၀ cu ft/s) |
လန့်ဖော်ဆန် သည် နော်ဝေနိုင်ငံ၊ Vestland စီရင်စု၊ Etne Municipality တွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။ Fjæra ရွာ၏ အနောက်တောင်ဘက် ၅ ကီလိုမီတာ (၃.၁ မိုင်) အကွာတွင် တည်ရှိသည်။ ရေတံခွန်သည် တောင်တစ်ခုမှ စီဆင်းလာသည်။ တောင်ခြေရှိ Åkrafjorden သို့ မတိုင်ခင်အထိ ရေတံခွန်၏ စုစုပေါင်းအရှည်သည် ၆၁၂ မီတာ (၂၀၀၈ ပေ) ရှိသည်။ European route E134 အမြန်လမ်းမသည် တောင်ခြေမှ ဖောက်လုပ်ထားသည်။
ဤရေတံခွန်ကို World Waterfall Database က ကမ္ဘာ့အကောင်းဆုံးရေတံခွန်တစ်ခုအဖြစ် ဖော်ပြခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လတွင် CNN/Budget Travel က လန့်ဖော်ဆန်ကို ကမ္ဘာ့အလှဆုံးရေတံခွန် ၁၀ ခုတွင် ဖော်ပြခဲ့သည်။ နော်ဝေနိုင်ငံရှိ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း မရှိသေးသည့် ရေတံခွန်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည့်အတွက် ယခုအခါ သဘာဝအခြေအနေအတိုင်းပင် ရှိသေးသည်။