လင့်ဝတ္တရား

ဝီကီပီးဒီးယား မှ

သိင်္ဂါလောဝါဒသုတ်တွင် လင်ကမယားအပေါ် ပြုကျင့်ရမည့် ဝတ်ငါးပါးကို ဗုဒ္ဓမြတ်စွာက ဖော်ပြဟောကြားခဲ့သည်။

(၁) မိမိမယားအပေါ် မထေမဲ့မြင် စိမ်းစိမ်းကားကား ဘာသိဘာသာ မကျင့်ကြံမနေထိုင်ခြင်း၊

(၂) မူး၊ ပဲ၊ ပိုင် ကစ၍ရသမျှဥစ္စာကို မယားအား အပ်နှင်းခြင်း၊

(၃) မိမိမယားမှတစ်ပါး အခြားမိန်းမသားများ၌ မိစ္ဆာတရား မမှားမလိုက်ရခြင်း၊

(၄) မိမိမယားနှင့်သင့်တော်သော ဝတ်တန်ဆာ၊ အစားအသောက် တို့ကို ကြည်ဖြူချစ်ခင်စွာ ဆင်ယင် ဝယ်ခြမ်း ပေးခြင်း၊

(၅) မိမိမယားအား ချစ်ခင်နှစ်သက်စုံမက်မြတ်နိုးစွာ ကြည်ဖြူ သဒ္ဓါခြင်း။