လက် ၁၁ ချောင်းဘုရားများ

ဝီကီပီးဒီးယား မှ

လက် ၁၁ ချောင်းဘုရားများသည် စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့နယ်မြေထူးမြို့ဟောင်း၏ အရှေ့မြောက်အရပ်ရှိ ရှေးဟောင်းကူနီဘုရား ဂန္ဓကုဋိတိုက်အတွင်း ကိန်းဝပ်စံပယ်တော်မူသော ရုပ်ပွားတော်များ ဖြစ်ကာ၊ ၎င်း ရှေးဟောင်းရုပ်ပွားတော်အားလုံးတွင် ညာလက်တော် ၅ ချောင်း၊ ဘယ်လက်တော် ၆ ချောင်း စုစုပေါင်း ၁၁ ချောင်း အသီးသီး ရှိနေကြသည်။ ရုပ်ပွားတော်များမှာ အသားဖြင့် ထုလုပ်သောဘုရား၊ အုတ်အင်္ဂတေဖြင့် ထုလုပ်သော ဘုရား စသည်ဖြင့် အမျိုးအစားချင်း မတူသော်လည်း လက်တော် ၁၁ ချောင်း ရှိသည့် အရာတွင်မူ တစ်ညီတည်းပင် ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းဣဒ္ဓိ (ဇူလိုင်၊ ၂၀၀၁)။ ထူးခြားသော လက် ၁၁ ချောင်းဘုရားများ။ နက္ခတ္တရောင်ခြည်။ p. ၁၇။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)