လက်ရေးတို

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

လက်ရေးတို[ပြင်ဆင်ရန်]

လက်ရေးရှည် (သာမန်လက်ရေး) အရေးအလွန်မြန် သော လူတစ်ယောက်သည် တစ်မိနစ်လျှင် စကားလုံးပေါင်း ၆ဝ ခန့် အထိသာ ရေးနိုင်သည်။ လက်ရေးတိုရေးနည်းသင်ထားသော လူတစ်ယောက် သည် လက်ရေးတိုနည်းဖြင့် တစ်မိနစ်လျှင် စကားလုံးပေါင်း ၁ဝဝ ရေးနိုင် သည်။ အထူးကျွမ်းကျင်သော လက်ရေးတိုသမားတို့ကား တစ်မိနစ်လျှင် စကားလုံးပေါင်း ၂၅ဝ ကျော်အထိ (တစ်စက္ကန့် လေးလုံးကျော်နှုန်း) ရေးနိုင် ကြောင်းသိရသည်။ လူထုစည်းဝေးပွဲတွင် စကားပြောသောသူတစ်ယောက် သည် တစ်မိနစ်လျှင် စကားလုံးပေါင် ၁ဝဝ မှ ၁၅ဝ နှုန်းထိ ပြောသည်ဟု ခန့်မှန်းရသည်။ စီးပွားရေးကုန်သည်သည် သူပြောသောစကားကို သင်ခါစ လက်ရေးတိုသမား လိုက်ရေးနိုင်အေင်ပင် ဖြည်းဖြည်းပြောလေ့ရှိသည်။ လက်ရေးတို ရေးနည်းများကို ရှေးခေတ်ကတည်းက အသုံးပြုလာ ကြသည်။ ရောမနိုင်ငံပြု သုခမိန်တစ်ဦးဖြစ်သော ဆီဆရို (ဘီစီ ၁၁၆ - ၄၃) ပြောသောစကားများကို သူ၏အတွင်းရေးမှူးဖြစ်သူ တိုင်ရိုက လက်ရေး တိုတစ်မျိုးဖြင့် ရေးယူထားသည်။ အဂ‡လန်ပြည်သည် ယခုခေတ် လက်ရေး တို မွေးထုတ်ရာဒေသဖြစ်သည်။ ၁၆ ရာစုနှစ်မှစ၍ ရှေ့သို့နည်းအမျိုးမျိုးကို အသုံးပြုလာကြသော်လည်း ခရစ် ၁၈၃၇ တွင် အိုင်ဇက်ပစ်တမင်ဆိုသူ ပထမဆုံးထုတ်ဝေသည့် အသံကိုလိုက်၍ လက်ရေးတိုရေးနည်းပေါ်လာမှသာ လက်ရေးတိုပညာကို လက်တွေ့အသုံးပြုလာကြသည်။ ယခုခေတ်တွင် လက် ရေးတိုရေးနည်း အမျိုးမျိုး အသုံးပြုလျက်ရှိသည့်အနက် အများအပြားပင် ပစ်တမင်းနည်းကို အခြေပြုကြသည်။ ထို့ကြောင့် ပစ်တမင်းသည် ၁၈၉၄ ခုနှစ်က ဆာဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံခဲ့ရလေသည်။

ယခုခေတ် လက်ရေးတိုနည်းတွင် စကားတစ်လုံးရေးရာ၌ ခြစ် ကြောင်းကလေးများ နည်းနိုင်သမျှနည်းစွာ အသုံးပြုကြသည်။ ယခု လက် တွေ့နည်းများတွင် ခြစ်ကြောင်းများ ပျမ်းမျှနှစ်ခုမှသုံးခုအထိ အသုံးပြုသည်။ လက်ရေးတိုအက္ခရာစဉ်တွင် ဗျည်း၊ သရနှင့် သရ နှစ်လုံးတွဲပါသော စကား လုံးများအတွက် သီးခြားအက္ခရာများပါဝင်သည်။ စကားလုံးများအတွက်ကို သာ အတိုကောက်နည်းအမျိုးမျိုးတြို့ဖင့် ရေးကြသည်။ သာမန်စကားလုံး အမြောက်အမြားအတွက် များသောအားဖြင့် ခြစ်ကြောင်းတစ်ကြောင်းပါသော အတိုကောက်ကို အသုံးပြုကြသည်။ ရှေ့ပစ္စည်း၊ နောက်ပစ္စည်းများအတွက် လည်း အတိုကောက်များကိုသုံးသည်။ လက်ရေးတိုနည်းဖြင့် ပို၍လျင်မြန်စွာ ရေးနိုင်ရန် စကားလုံးနှစ်လုံး သို့မဟုတ် အများစုပေါင်းထားသော စကားပိုဒ် များအတွက်လည်း အတိုကောက်များထားရှိသည်။

တစ်ဆယ့်ကိုးရာစုနှစ် မကုန်ခင်ကလေးတွင် လက်ရေးတို လက် နှိပ်စက်များ စတင်ပေါ်ပေါက်လာသည်။ ထိုစက်များအနက် အချို့ကို လက်တွေ့စမ်းသပ်ကြည့်ရာ ကောင်းမွန်ကြောင်းတွေ့ရသဖြင့် အမြောက် အမြား အသုံးပြုကြသည်။

မျက်မမြင်များအတွက် လက်ရေးတိုစက် ကို ဟင်နရီ စတိန် စဗီဆိုသူက တီထွင်ခဲ့၍ ထိုစက်ဖြင့် တစ်မိနစ်လျှင် စားလုံး ၁၂ဝ မျှ လိုက်၍ရိုက်နိုင်သည်ဆို၏။

မြန်မာလက်ရေးတို။ ။ ပထမဆုံး လက်တွေ့အသုံးပြုသည့် မြန်မာလက်ရေး တိုနည်းကို ပုလိပ်မင်းကြီး ရှပ်တပ်ဝပ်တီထွင်ခဲ့၍ ၁၉ဝ၈ ခုနှစ်၌ စာအုပ် အဖြစ် ပုံနှိပ်ခဲ့သည်။ အဆိုပါနည်းကို မန္တလေးမြို့ ပုလိပ်အတတ်သင် ကျောင်း၌ မသင်မနေရ ဘာသာရပ်တစ်ခုအဖြစ်ဖြင့် မြန်မာပြည်အစိုးရက ၁၉၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့စွဲ အမိန့်ဖြင့် ပြဋ္ဌာန်းခဲ့သည်။ ၁၉၁၂ ခုနှစ်၌ ပုံနှိပ်သည့် လွယ်ကူသောမြန်မာအတိုကောက် နည်း ခေါ် မြန်မာလက်ရေးတိုနည်းကို ဖြူးမြို့မှ အမိန့်တော်ရရှေ့နေ ဦးဆူးဟုံဆိုသူက တီထွင်ခဲ့သည်။

၁၉၁၅ ခုနှစ်၌ စတင်တီထွင်ခဲ့ပြီးလျှင် ၁၉၃ဝ ခုနှစ်၌ ပြန်လည် ပြုပြင်ထားသော မြန်မာလက်ရေးတိုစနစ်ကို အငြိမ်းစား ရာဇဝတ်ဝန်ထောက် ကလတ်ဆိုသူက ပုံနှိပ်ခဲ့သည်။ ထိုစနစ်မှာ စလုံးဒျူပလိုယန်ခေါ် အဂ‡လိပ် လက်ရေးတိုးစနစ်ကို မှီငြမ်းပြုခဲ့ပေသည်။ ၁၉၃၁ ခုနှစ်တွင် ရွှေဘို ဦးဘငြိမ်း၏ မြန်မာလက်ရေးတိုဟူ၍ စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။ ပစ်တမင်း အင်္ဂလိပ်လက်ရေးတိုစနစ်ကို ၁၉၃၃ ခုနှစ်၌ မြန်မာ လက်ရေးတိုအဖြစ် တိုက်ရိုက်ပြောင်းလဲ တီထွင်သူမှာ မော်လမြိုင်ကျွန်းမှ ဦးသိန်းမောင်ဖြစ်၏။ ဦးသိန်းမောင်သည် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီက အလုံရပ်၊ အမှတ် ၁၅၇၊ ကြည့်မြင်တိုင်အောက်လမ်းမကြီး၌ မြန်မာအမျိုး သားကူးသန်းရောင်းဝယ်ရေးကျောင်း ဖွင့်ခဲ့ဖူး၏။ ၁၉၃၄ ခုနှစ်ဆန်း၌ ဦးအုန်းဘေဆိုသူသည် သူရိယနေ့စဉ်သတင်း စာ၌ အုန်ဘေ၏ မြန်မာလက်ရေးတိုစနစ်ကို စတင်ရေးသားဖော်ပြခဲ့သည်၊ ၁၉၁၄ ခုနှစ်တွင် သရက်မြို့မှ ဦးတိုးရွှေ၏ မြန်မာလက်ရေးတို စာအုပ်ထွက်ပေါ်ခဲ့၍ ၁၉၆၇ ခုနှစ်တွင် ဒေါက်တာဦးဘ၏ မြန်တို သင်ပုန်းကြီးလက်ရေးတိုခေါ် မြန်မာလက်ရေးတိုစာအုပ် ထွက်ပေါ်ခဲ့သည်။ လက်တွေ့အသုံးပြုလျက်ရှိသော မြန်မာလက်ရေးတိုစနစ်များမှာ ဦးဌေးမောင်လက်ရေးတိုဇွဲဦးအုန်းချိန်လက်ရေးတို ၊ သရက်မြို့မှ ဦးတိုးရွှေလက်ရေးတို စသည်တို့ဖြစ်ကြပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)