လက်မရွံ့ကဗျာ

ဝီကီပီးဒီးယား မှ

လက်မရွံ့ကဗျာ (ကဗျာစာအုပ်)[ပြင်ဆင်ရန်]

လက်မရွံ့ကဗျာ စာအုပ်ကို ကဗျာဆရာ လှသန်း ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ အနေနှင့် ချင်းတွင်းအိမ်မှ ထုတ်ဝေသည်။ စာမျက်နှာ (၅၂) မျက်နှာပါဝင်သည်။ မျက်နှာဖုံးတွင် "လက်မရွံ့ကဗျာ စံသိုက်နမိတ်ထွန်းသန်းလိပ်ပြာသန့်သန့်ကြည်မောင်သန်းလှသန်းရန်မခမောင်သီးသန့် ( ၁၉၆၃ - ၂၀၁၁ ) ကဗျာဆရာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ" ဟုပါရှိသည်။ ကဗျာစာအုပ်၏ စာမျက်နှာ (၄) တွင် ကဗျာဆရာ လှသန်း (ခ) ကြည်မောင်သန်း (၁၉၆၃ - ၂၀၁၁) ဟု ပါရှိပြီး ကဗျာဆရာ၏ ကိုယ်တစ်ပိုင်းပုံ ပါရှိသည်။

စာမျက်နှာ (၅) တွင် မချော၏ "နှစ်ဦးသဘောတူ အတူတကွ နေထိုင်ခဲ့သော နှစ်၊ လ၊ ရက်၊ နာရီ များအတွက် ကျေးဇူးတင်လျက် မချော" ဟု ပါရှိသည်။

စာမျက်နှာ (၆) နှင့် (၇) တွင် ကဗျာဆရာ၏ ကဗျာလောက ကိုယ်ရေးအကျဉ်း၊ ရေးသားခဲ့သော စာစောင်များ၊ ရရှိခဲ့သောဆုများကို ရေးသားထားသည်။ စာမျက်နှာ (၈) တွင် "တောင်လေးလုံးကျောင်းတိုက်တွင်းရှိ အထိမ်းအမှတ် ကျောက်တုံး ၂၀၁၁" ဓာတ်ပုံ(ဖြူ၊ မဲ) ပါရှိပြီး၊ စာမျက်နှာ (၉) တွင် "စီစဉ်သူမှ" ဟု အမှာစာ ဆန်ဆန် စာ (၆) ကြောင်းခန့် ရေးသားထားသည်။ စာမျက်နှာ (၁၀) နှင့် (၁၁) တို့တွင် လှသန်း-အတ္တမှတ်စုများ မှ ကောက်နုတ်ချက်ကို ဖော်ပြထားသည်။ စာမျက်နှာ (၁၂) မန္တလေးခေတ်ပေါ်ကဗျာဆု ( ဒုတိယအကြိမ် ) ၂၀၁၀ ဟု ဆုဓာတ်ပုံ တစ်ပုံ ပါရှိသည်။ စာမျက်နှာ (၁၃) တွင် မာတိကာ "အစီအစဉ်" ဖြစ်သည်။ စာမျက်နှာ (၁၄) တွင် တော်ဘုရားကလေးစာပေဆု ၂၀၀၇ ဆုဓာတ်ပုံ ဖြစ်သည်။ စာမျက်နှာ (၁၅) မှ (၄၄) အထိ ကဗျာများဖြစ်ပြီး၊ စာမျက်နှာ (၄၅) တွင် အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆု ၂၀၀၅ ဆုဓာတ်ပုံ ဖြစ်သည်။ စာမျက်နှာ (၄၆) ရွှေအမြုတေ စာပေဆု (ကဗျာ) ၂၀၀၆ နှင့် စာမျက်နှာ (၄၇) ရသအလင်း ကဗျာဖန်တီးမှုဂုဏ်ပြုလွှာများ ၂၀၁၁ ဟု ဓာတ်ပုံများပါရှိသည်။ စာမျက်နှာ (၄၉) မှ (၅၂) အထိ ဂုဏ်ပြုကဗျာများ ဖြစ်သည်။ နောက်ကျောဖုံးတွင် "ဘဝပေါင်းများစွာကိုလျှော်ဖွပ်ဖို့ လွတ်လပ်မှုရှိမှဖြစ်မယ်။" ဟု ရေးသားပါရှိသည်။

အစီအစဉ်[ပြင်ဆင်ရန်]

  1. နာမကျန်းသောနေ့များ
  2. နာမည်တစ်ခု၏ ဈာပန
  3. နာမည်များနဲ့ နေ့တစ်နေ့
  4. လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း - ၁
  5. လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း - ၂
  6. လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း - ၃
  7. ကဗျာတစ်ပုဒ်ရဲ့ နာရေး
  8. ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ
  9. ပိတ်ထားတဲ့နေ့
  10. လူသားဆန်ချင်တာတရားတယ်
  11. မိမိကိုယ်ကို အဓွန့်ရှည်ရေး
  12. လူငယ်ဘဝ ကွယ်လွန်ခြင်း
  13. ပြီးပြည့်စုံတဲ့ ကမ္ဘာ
  14. ကမ္ဘာကြီးနောက်ကို လျှောက်မလိုက်နိုင်ဘူး မေမေ
  15. လင်းနို့များ
  16. မတည်ဆောက်ရသေးတဲ့ ကမ္ဘာ

--ဂုဏ် ပြု က ဗျာ--

  1. လှသန်းအတွက် သာမန်ကဗျာရိုးရိုးတစ်ပုဒ် - ခင်အောင်အေး
  2. လက်မရွံ့ကဗျာဆရာတစ်ယောက်အကြောင်း - မင်းနိုင်သား

ပုံနှိပ်[ပြင်ဆင်ရန်]

ပထမအကြိမ် အောက်တိုဘာ၊ ၂၀၁၂ အုပ်ရေ (၅၀၀)

မျက်နှာဖုံး ဒီဇိုင်း[ပြင်ဆင်ရန်]

ချင်းတွင်းအိမ်

ထုတ်ဝေသူ[ပြင်ဆင်ရန်]

ဒေါ်သင်းသင်းမွန်၊ သင်းစာပေ အမှတ် ၁၀၊ ရတနာမြိုင်လမ်း၊ လှည်းတန်း

ပုံနှိပ်သူ[ပြင်ဆင်ရန်]

ဦးဇော်မြင့်ဝင်း၊ ကာလာဇုံပုံနှိပ်တိုက် အမှတ် ၁၈၄၊ ၃၁ လမ်း၊ ရန်ကုန်

တန်ဖိုး[ပြင်ဆင်ရန်]

(၁၂၀၀) ကျပ်