လက်ပစ်ဗုံး
လက်ပစ်ဗုံး ဆိုသည်မှာ လူသတ်လက်နက် တစ်မျိုးဖြစ်ပြီး ပစ်လွှတ်လိုက်ပြီး မကြာမီ အချိန်တွင် ပေါက်ကွဲတတ်သည်။
မူလက လက်ပစ်ဗုံးကို အသုံးပြုသူမှာ စနစ်တကျ လေ့ကျင့်သင်ကြားထားသော စစ်သားများဖြစ်ကြသည်။ ယနေ့အချိန်တွင် လက်ပစ်ဗုံးကို ရိုင်ဖယ် သေနတ်များမှ သို့မဟုတ် ဗုံးပစ်လောင်ချာ များမှလည်း ပစ်လွှတ်ကြသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ပထမဆုံး ဗုံးမှာ ဘိုင်ဇင်တိုင်း အင်ပိုင်ယာခေတ် လီယို III အုပ်စိုးပြီး မကြာခင် အချိန် (၇၁၇-၇၄၁) တွင် ပေါ်ပေါက်ခဲ့သည် ဟု ယူဆရသည်။ ဘိုင်ဇင်တိုင်း စစ်သားတို့ အနေနှင့် ဂရိလောင်မီး ဆိုသည့် စစ်ပွဲများတွင် သူတို့ အသုံးပြုခဲ့သော လက်နက်သည် ရန်သူတို့ထံသို့ မီးလောင်ပိုက် (flamethrower) ကိုသာ အသုံးပြု၍ ပစ်နိုင်သည် မဟုတ်ပဲ ကျောက်တုံးများ နှင့် ကြွေအိုးများကို အသုံးပြု၍လည်း ပစ်နိုင်သည် ဆိုသည်ကို လေ့လာ သိရှိခဲ့ရသည်။ နောင်တွင် သူတို့သည် ဖန်အိမ်များဖြင့် ထည့်၍ ပြစ်ကြသည်။ ဘိုင်ဇင်တိုင်းတို့ ၁၀ ရာစုမှ ၁၂ ရာစု အထိ သုံးခဲ့သည် ဂရိလောင်မီး ပါဝင်သည့် လက်ပစ်ဗုံးများကို အေသင် အမျိုးသားပြတိုက်တွင် ပြသထားသည်။ ဂရိလောင်မီး နှင့် အလားတူ လက်နက်များ အသုံးပြုခြင်းသည် အရှေ့ပိုင်းနှင့် နီးသော (Near East) ဒေသများ ရှိ မွတ်ဆလင် စစ်တပ်များသို့ ပျံ့နှံ့သွားပြီး ထိမှ တဆင့် ၁၀ ရာစု အတွင်းမှာပင် တရုတ်သို့ ရောက်ရှိသွားသည်။
အလယ်ခေတ်တွင် အသုံးပြုကြသော ပီတတ်ဟု ခေါ်သည့် လက်နက်တစ်မျိုးသည် ရန်သူနှင့် တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ပြီး အစကနဦး လက်ပစ်ဗုံးဟု ယူဆနိုင်သည်။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |