မာတိကာသို့ ခုန်သွားရန်

လက်ထုတ်ကြီး

ဝီကီပီးဒီးယား မှ
Holarrhena pubescens
အိန္ဒိယနိုင်ငံတွင် တွေ့ရသော လက်ထုတ်ကြီး
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Gentianales
မျိုးရင်း: Apocynaceae
မျိုးဇာတ်: Malouetieae
မျိုးစု: Holarrhena
မျိုးစိတ်:
H. pubescens
ဒွိနာမ
Holarrhena pubescens
Synonyms[]
  • Chonemorpha pubescens (Wall. ex G.Don) G.Don
  • Elytropus pubescens (Wall. ex G.Don) Miers
  • Chonemorpha antidysenterica G.Don
  • Holarrhena antidysenterica (G.Don) Wall. ex A.DC.
  • Holarrhena codaga G.Don
  • Holarrhena febrifuga Klotzsch
  • Holarrhena fischeri K.Schum.
  • Holarrhena glaberrima Markgr.
  • Holarrhena glabra Klotzsch
  • Holarrhena macrocarpa (Hassk.) Fern.-Vill.
  • Holarrhena malaccensis Wight
  • Holarrhena perrotii Spire
  • Holarrhena pierrei Spire
  • Holarrhena tettensis Klotzsch
  • Holarrhena villosa Aiton ex Loudon
  • Nerium sinense W.Hunter
  • Physetobasis macrocarpa Hassk.

လက်ထုတ်ကြီးပင်၏ ဇီဝဗေဒအမည်မှာ Holarrhena pubescens Wall. ex G.Don ဖြစ်သည်။ Holarrhena antidysenterica (G.Don) Wall. ex A.DC. ဟုလည်းခေါ်သည်။ Apocynaceae မျိုးရင်းဖြစ်သည်။

ပုံသဏ္ဌာန်

[ပြင်ဆင်ရန်]
  • အပင်

ရွက်ကြွေ ပင်လတ်မျိုး ဖြစ်သည်။ အမြင့် ၁၀-၁၅ ပေထိ မြင့်သည်။ အပင် အရွယ် လိုက်၍ အခေါက် အချို့ ပါးပြီး အချို့ ထူ၏။ အနည်းငယ် ကြမ်းပြီး မီးခိုးနုရောင် အပေါ်တွင် ဖြူပြာရောင် အကွက်ငယ် ကလေးများ ရှိသည်။ အကိုင်း အခက် များစွာ ဖြာသည်။ တစ်ပင်လုံး မှ အဖြူရောင် အစေးများ ထွက်သည်။

  • အရွက်

ရွက်ဆိုင် ထွက်၏။ ဘဲဥ ပုံသဏ္ဌာန် ရှိ၍ ရွက်ရင်း အနည်းငယ် ဝိုင်းပြီး ရွက်ထိပ်ဖျား ချွန်သည်။ ရွက်ကြော ထင်ရှားသည်။ ရွက်အပေါ် မျက်နှာပြင် နူးညံ့ပြီး အောက်မျက်နှာပြင်၌ အမွေးနု များ ရှိသည်။ အရွက်မှ အစေး ထွက်သည်။

  • အပွင့်

ပန်းခိုင်ပေါ်တွင် အဖြူရောင် စံပယ်ပွင့် ကဲ့သို့ မွှေးကြိုင်သော ပန်းပွင့် ကလေး များပွင့်သည်။ ပွင့်ဖတ် ၅ ဖတ်ရှိ၍ ပွင့်ညှာ ရှည်သည်။

  • အသီး

၁ ပေ ကျော်ကျော် ထိရှည်၏။ အညှာတွင် အသီးတောင့် ၂ တောင့် တွဲလျက် ထွက်၏။ အခွံ အနီရောင် သမ်း၏။ အသီးရှိ အစေ့များ ခါးသော အရသာ ရှိသည်။ လက်ထုတ်ကြီးပင်၏အခေါက်၊ အမြစ်များကို အသုံးပြုနိုင်သည်။ မြန်မာ နိုင်ငံ နေရာ အနှံ့ အပြား၌ သဘာ၀ အလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ

[ပြင်ဆင်ရန်]

မြန်မာ ဆေးကျမ်း များအလို အရ လက်ထုတ်ကြီး ခေါက်သည် ဖန်၏။ ခါး၏။ စပ်၏။ ခြောက်သွေ့၏။ ပူ၏။ ရောဂါပိုး တို့ကို နိုင်၏။ လက်ထုတ်ဆံ သည်ခါး၏။ အေး၏။ ကလေးများ ဝမ်းပျက်၊ ဝမ်းသွား၊ အဖျား ရောဂါ တို့ကို ကာကွယ် နိုင်၏။ အစာကို ကြေညက်စေ၏။ အရေပြား ရောဂါကို ပျောက်ကင်းစေ၏။ အပွင့်သည် ခါး၏။ အေး၏။ ဖန်၏။ ကြေညက် လွယ်၏။ ဝမ်းမီး ကိုတောက်စေ၏။ လေကို ဖြစ်စေ၏။ လေ၊ သလိပ်၊ သည်းခြေ၊ နူနာ၊ပိုးနာ တို့ကို နိုင်၏။

  • အခေါက်
  1. လက်ထုတ်ခေါက် ကို အတွင်းလိပ်ခေါင်း နှင့်စပ်လျဉ်း သည့် သွေးယို သွေးကျ ရောဂါပျောက်ဆေး အဖြစ် ဖော်စပ် အသုံးပြု၏။
  2. လက်ထုတ်ကြီး အခါးခေါက်ကို ဒိန်ချဉ်ရည် နှင့် သွေးသောက်သော် ကျောက်တည် ရောဂါ ပျောက်၏။
  3. အမြစ်ခေါက်ကို အမှုန့်ပြု၍ ရေနှင့် မွှေပြီး အဝတ်နှင့် စစ်၍ သောက်သော် အဖျား ပျောက်၏။
  4. အခေါက် ပြုတ်ရည်တွင် ဆားနှင့် ရှိန်းခို အနည်းငယ် ထည့်သောက်ပါက လေထိုး လေအောင့် ပျောက်၏။
  5. အခေါက်ကို နွားနို့ နှင့်ကြိတ်သောက် ပါက ဆီးချုပ် ဆီးအောင့် ရောဂါ ပျောက်၏။
  6. အခေါက်ကို အမှုန့်ပြု၍ နားတွင်းသို့ အနည်းငယ် ထည့်ပြီး နောက် အရွက်ကြိတ်ညှစ် ရည်ကို နားတွင်းသို့ ခတ်ပေးက နားကိုက် နားပြည်ယို သောရောဂါ ပျောက်၏။
  7. အခေါက် ကို လှော်၍ အမှုန့်ပြုပြီး ပျားရည် ထောပတ်တို့ နှင့် ရော၍ သုံးဆောင်ပါက အကြော ရောင်ရောဂါ ပျောက်၏။
  8. အခေါက်ကို အမှုန့်ပြုလုပ်၍ ပျားရည်နှင့် ရောသောက်သော် ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းသွား ရောဂါနှင့် ကာလဝမ်း ရောဂါ များ ပျောက်၏။
  • အမြစ်
  1. လက်ထုတ်မြစ်ဖြင့် ဖော်စပ်သော လျက်ဆားကို မီးယပ် ရောဂါ၊ ဝမ်းရောဂါ၊ ဝမ်းကိုက်၊ သွေးအန် သွေးကျ ရောဂါ ပျောက်ဆေး အဖြစ် အသုံးပြု၏။
  2. လက်ထုတ်ကြီး မြစ်ကို ရေနွေးနှင့် သွေး၍ တစ်နေ့ ၂ ကြိမ်ကျ သောက်သော် ဝမ်းဗိုက် ဖောရောင်ခြင်း ပျောက်၏။
  3. ကျောက်သွေး ဝမ်းကျလျှင် လက်ထုတ်ကြီး မြစ်ကို အရက်နှင့် သွေး၍ ဆားအနည်းငယ် ခတ်သောက်လျှင် ပျောက်၏။ ကျောက်ပေါက်၍ လည်ချောင်းနာ လျှင် လက်ထုတ်ကြီး အမြစ်ခေါက် ကို ဆားနှင့် ကြိတ်၍ ငုံရ၏။
  4. အမြစ်ကို သွေး၍ သိန္ဓောဆား အနည်းငယ် ထည့်ပြီး နွားကျင်ငယ် ရေဖြင့် လိမ်းပေးသော် အနာ မီးလျှံ အနာစက် များ ပျောက်၏။
  5. လက်ထုတ်ကြီး မြစ်နှင့် ဇဝက်သာကို အမှုန့်ပြု၍ နွားနို့ သို့မဟုတ် ဆန်ဆေးရည် နှင့် သောက်သော် ကျောက်တည် ရောဂါ ပျောက်၏။
  6. အမြစ်ကို ရေနှင့် သွေးပြီး အိပ်မွေ့သီး အနည်းငယ် ထည့်သောက်သော် သန်ကျ၏။

[]

ကိုးကား

[ပြင်ဆင်ရန်]