လက်ခ်ရှမီ မစ်တယ်လ်

ဝီကီပီးဒီးယား မှ
လက်ခ်ရှမီ မစ်တယ်လ်
လက်ခ်ရှမီ မစ်တယ်လ်
မွေးသက္ကရာဇ် ၁၅ ဇွန်လ၊ ၁၉၅၀

နိုင်ငံသား အိန္ဒိယ
လူမျိုး အိန္ဒိယ
ပညာရေး St. Xavier's ကောလိပ်, ကာလက္ကတ္တား
အလုပ်အကိုင် ArcelorMittal ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၈.၇ ဘီလျံ
မွေးရပ်ဇာတိ Sadulpur, ၊ ရာဂျစတန်၊ အိန္ဒိယ
သားသမီး ဗန်နီရှာ မစ်တယ်လ်
အဒစ်ရာ မစ်တယ်လ်

မစ်တယ်လ် နရရန် မစ်တယ်လ် သည် ရာဇဌာနီ ၌ ၁၉၅၀ ဇွန် ၁၅ နေ့တွင် မွေးဖွားခဲ့ပြီး အိန္ဒိယ လူမျိုး၊ သံမဏိလုပ်ငန်းပိုင်ရှင်တယောက် ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး သံမဏိထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သော Arcelorမစ်တယ်လ် ၏ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အရာရှိ တာဝန်ကို လုပ်ကိုင်နေသူ ဖြစ်သည်။

အမေရိကန် ဒေါ်လာ၂၈.၇ ဘီလီယံ (သို့မဟုတ်) ပေါင် ၁၉.၃ ဘီလီယံပိုင်ဆိုင်ပြီး ၂၀၁၀ ဇူလိုင် စာရင်းအရ ဥရောပတွင် အချမ်းသာဆုံးနှင့် ကမ္ဘ့နံပါတ် ၅ အချမ်းသာဆုံး ဖြစ်သည်။ Financial Times Magazine မှ မစ်တယ်လ် အား ၂၀၀၆ ခုနှစ်အတွက် ‘အတော်ဆုံး သူ’ အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၀၇ မေတွင် Time Magazine ၏ ကမ္ဘာ့ အလွှမ်းမိုးဆုံး ပုဂ္ဂိုလ် ၁၀၀ တွင် တယောက်အပါအဝင် အဖြစ်သတ်မှတ်ခဲ့သည်။ သူသည်အိန္ဒိယဝန်ကြီးချုပ်၏နိုင်ငံခြားရောက်အိန္ဒိယနိုင်ငံသားများ၏ကမ္ဘာလုံးဆိုင်ရာအကြံပေးအဖွဲ့အုပ်ချုပ်ရေး ကောင်စီ မှ အဖွဲ့ဝင်တယောက် ဖြစ်ပြီး Goldman Sachs, EADS နှင့် ICICI Bank တို့တွင် non-executive director အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိသည်။ လက်ရှိ တွင် ကမ္ဘာ့သံမဏိ အဖွဲ့အစည်း ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ်တာဝန် ထမ်းဆောင်လျက်ရှိသည်။ မစ်တယ်လ် သည် ကာဇတ်စတန် နိုင်ငံခြားရင်းနှီးမြုပ် နှံမှု အကြံပေးအဖွဲ့၊ တောင်အာဖရိကနိုင်ငံ နိုင်ငံတကာရင်းနှီးမြုပ်နှံမှု အကြံပေး အဖွဲ့၊ ကမ္ဘာစီးပွားရေး ဆွေး နွေးပွဲ ၏ နိုင်ငံတကာ စီးပွားရေး အကြံပေးအဖွဲ့ စသည်တို့တွင် အဖွဲ့ ဝင်ဖြစ်ပြီး နိုင်ငံတကာ သံ နှင့် သံမဏိ အဖွဲ့မှ အလုပ်အမှုဆောင် အဖွဲ့ဝင်တယောက် အဖြစ်လဲတာဝန်ထမ်း ဆောင်လျက်ရှိသည်။

သူသည် St.Xavier ကောလိပ်၊ Calcutta Alumni အစည်းအရုံး၊ London Chapter တို့၏ တစ်စိတ်တစ်ပိုင်းဖြစ်သော Kellogg စီမံခန့်ခွဲမှုကျောင်း၌ အကြံပေး ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

India နိုင်ငံ Rajasthan ဒေသ ရှိ Churu, Sadulpur Village တွင် ကြီးပြင်းခဲ့သည်။ Lakshmi Nivas မစ်တယ်လ် ကို Rajasthan ရှိ Marwari စီးပွားရေးမိသားစုဝင် တယောက်အဖြစ် မွေးဖွားခဲ့သည်။ သူသည် ကြွယ်ဝသော သံမဏိလုပ်ငန်းလုပ်ကိုင်သူ အိန္ဒိယလူမျိုး မိသားစု မွေးဖွားလာခဲ့ပြီး သူ ၏ ဖခင်မှာ Nippon Denro Ispat သံမဏိလုပ်ငန်းကို လုပ်ကိုင်နေသူ၊ Mohan Lal မစ်တယ်လ် ဖြစ်သည်။ Nagpur ရှိ သံမဏိအလွှာ အအေးခံသည့်စက်ရုံ နှင့် Pune အနီးတွင် တည်ဆောက်ထားသော သတ္တုစပ် သံမဏိပြုလုပ်သည့် စက်ရုံများမှာ ၁၉၉၀ နှစ်များအထိ သူ၏ မိသားစုက အဓိက ပိုင်ဆိုင်လုပ်ကိုင်ခဲ့သော လုပ်ငန်းများ ဖြစ်ကြသည်။ အခုအခါ Mumbai အနီးရှိ ပေါင်းစပ်သံမဏိ ထုတ်လုပ်သည့်စက်ရုံကြီးတရုံ အပါအဝင် မိသားစုလုပ်ငန်း များကို Lakshmi ၏ ညီအစ်ကိုများဖြစ်ကြသော Pramod နှင့် Vinod တို့လုပ်ကိုင်လျက်ရှိသော်လည်း Lakshmi က သူတို့နှင့် အတူပူးပေါင်း လုပ်ကိုင်ခြင်းမရှိပေ။

မစ်တယ်လ် က အိန္ဒိယရှိ သူမိသားစုလုပ်ကိုင်လျက်ရှိသော သံမဏိလုပ်ငန်းတွင် စတင်ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၁၉၇၆ တွင် သံမဏိလုပ်ငန်းကို မိသားစုကိုယ်ပိုင်လုပ်ငန်းအဖြစ် စတင်ထူထောင် လုပ်ကိုင်သောအခါ အင်ဒိုနီးရှားရှိ ချုံးချုံးကျနေသည့် စက်ရုံများကို လိုက်လံဝယ်ယူခဲ့ပြီး နိုင်ငံရပ်ခြားလုပ်ငန်းများကို စတင် ခဲ့သည်။ သိပ်မကြာခင်မှာပင် ကြွယ်ဝချမ်းသာသော ငွေတိုးချေးစားသူ ၏ သမီးဖြစ်သူ Usha ကို လက်ထပ်ခဲ့သည်။ ၁၉၇၆ တွင် သူ့အဖေ၊ အမေ၊ အကို တို့နှင့် သဘောထားခြင်းမတိုက်ဆိုင်သောကြောင့် သူ့ကိုယ်ပိုင် LMN Group ကို ခွဲထွက် ၍ တာဝန်ယူလုပ်ကိုင်ခဲ့သည်။ မစ်တယ်လ် Steel Company သည် တစ်ကမ္ဘာလုံးအတွက် သံမဏိ ထုတ်လုပ်သည့်လုပ်ငန်းအဖြစ် နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် လုပ်ကိုင်လျက်ရှိသည်။

မစ်တယ်လ် သည် ပေါင်းစပ်သံမဏိစက်ရုံ အသေးစားများဖွံ့ဖြိုးတိုးတက်စေရန် နှင့် သံမဏိထုတ်လုပ်ရာတွင် သံ (သို့ မဟုတ်) DRI ကို အစားထိုးပစ္စည်းအဖြစ် အသုံးပြုခြင်းမှ လျှော့ချထုတ်လုပ်ခြင်း ၏ အသုံးဝင်ပုံကို ရှေ့ ဆောင်လမ်းပြခဲ့ပြီး ကမ္ဘာ့ သံမဏိလုပ်ငန်း၏ ခိုင်ခံတောင့်တင်းအောင် ပြုလုပ်သည့် နည်းစနစ်ကို ဦးဆောင်ခဲ့သည်။ မစ်တယ်လ် Steel သည် ၂၀၀၄ ခုနှစ်တွင် သံမဏိ တန် ၄၂.၁ သန်းထုတ်လုပ်ခဲ့ပြီး အကျိုးအမြတ် ဒေါ်လာ ၂၂ ဘီလီယံ ရရှိခဲ့သည့် ကမ္ဘာ့အကြီးဆုံး သံမဏိ ထုတ်လုပ်သည့် ကုမ္ပဏီ တခုဖြစ်သည်။ Fotune Magazine မှချီးမြှင့်သည် “European Bussinessman of the Year 2004” နှင့် ၁၉၉၆ တွင် New Steel မှ ချီးမြှင့်သည့် ‘ Steelmaker of the Year” ဆု တို့ကိုရရိခဲ့သည်။ ၁၉၉၈ တွင် ထူးချွန်ပြောင် မြောက်သော စိတ်ကူး၊ အမြင်ရှိမှု၊ စီးပွားရေးစွမ်းဆောင်မှု၊ ခေါင်းဆောင်မှု နှင့် ကမ္ဘာ့ သံမဏိ လုပ်ငန်း တိုးတက် အောင် မြင်အောင်လုပ်ဆောင်နိုင်မှုတို့ အတွက် သတ္တုတွင်းထွက်ဈေးကွက်အဖွဲ့မှ ပေးအပ်သော Willy Korf Steel Vision Award ဆု နှင့် PaineWeber မှ World Steel Dyanmics ဆုတို့ကို လက်ခံ ရရှိ ခဲ့သည်။ ၂၀၀၂ တွင် နိုင်ငံရေးအရ နာမည်ပျက်မည့် ကိစ္စတစ်ခုကို ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲ နှင့်အတူ ပြုလုပ်ခဲ့ သည်။ Labour Party သို့လှူဒါန်းမှုတခု ပြုလုပ်ခဲ့သောကြောင့် တိုနီဘလဲ၏ ကြားဝင်ဖြန်ဖြေရေးအဖွဲ့က စီးပွားရေး အရောင်းအဝယ်ကိစ္စတစ်ခုတွင် မစ်တယ်လ် အား မျက်နှာသာပေးခဲ့သည်။

နောက်ပိုင်းတွင် Labour Party သို့ ပေါင် ၂ သန်း လှူဒါန်းကြောင်းကြေညာခဲ့သည်။ သူ့ ၏ ဇာတိမြေ တွင် လည်း ကုသိုလ်ဖြစ်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

အဖေမှာ Mohan Lal မစ်တယ်လ် ဖြစ်ပြီး သူ့အစ်ကိုမှာ Pramod မစ်တယ်လ် ဖြစ်သည်။ သား Aditya မစ်တယ်လ် မှာ Arcelorမစ်တယ်လ် ၏ ဘဏ္ဍာရေးအဖွဲ့ခေါင်းဆောင်အရာရှိ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး သမီးမှာ Vanisha မစ်တယ်လ် ဖြစ်သည်။

လန်ဒန် ၂၀၁၂ အိုလံပစ်ပွဲများနှင့် ပါရာလံပစ် ကစားပွဲများ[ပြင်ဆင်ရန်]

ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အရာရှိ Lakshmi မစ်တယ်လ် ဦးဆောင်သော Arcelorမစ်တယ်လ် Company သည် ပေါင် ၁၉.၁ သန်းအကုန်အကျခံပြုလုပ်မည့် အစီအစဉ်တခုသို့ ပေါင် ၁၆ သန်း လှူဒါန်းခဲ့ပြီး ကျန် ပေါင် ၃.၁ သန်းကို London Development Agency မှလှူဒါန်းခဲ့သည်။ ထိုကဲ့သို သတ္တုကိုသွန်းလုပ်ပြီး ဆောက်လုပ်ထားလက်ရာမျိုးသည် မျက်မှောက်ခေတ် အိုလံပစ်ပွဲတော်များ အတွက် ရည်ရွယ်ပြုလုပ်သော အခမ်းနားဆုံး အနုပညာအလုပ်မျိုးဖြစ်ပြီး အရေးကြီးသည့် ယဉ်ကျေးမှု ဆိုင်ရာ ရင်းနှီး မြုပ်နှံမှုမျိုးကို ကိုယ်စားပြုရုံ သာမက ရေရှည်မှာ အရှေ့လန်ဒန် ကို ပိုမိုတိုးတက်လာစေရန် အရေးကြီးသည့် ဘဏ္ဍာရေးအထောက်အပံ့တခု အနေဖြင့်လည်း ဖြစ်ပေါ်လာစေမည်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး အနုပညာ အဖွဲ့အစည်းတစ်ခုဖြစ်သော The Arcelorမစ်တယ်လ် Orbit မှ ခေတ်မီဆန်းပြား သော နောက်ဆုံးပေါ် အနုပညာ နှင့် ဗိသုကာ နည်းစနစ်များကို အသုံးပြုထားပြီး Acerlorမစ်တယ်လ် မှ သံမဏိ နဲ့ဆောက်လုပ်ထားလက်ရာ တခုဖြစ်သည်။ သံမဏိပိုက်ထဲမှာ လည်နေသော မှန်ကူကွက်များသည် သတ္တုကို သွန်းလုပ်သည့် ပညာရပ်နဲ့ဆောက်လုပ်ထားပြီး အိုလံပစ် ပန်းခြံတခုလုံးနဲ့ လန်ဒန် skyline ကို အထူးတည် ဆောက်ထားတဲ့ ရူခင်းကြည့်တဲ့နေရာကနေ လုံးဝမတူညီတဲ့ မြင်ကွင်းတွေနဲ့မြင်ရမည်ဖြစ်သည်။

သူ၏ ပိုင်ဆိုင်မှုများနှင့် တိုးပွားလာသောကြွယ်ဝချမ်းသာမှုများ[ပြင်ဆင်ရန်]

၂၀၁၀ Forbes Magazine မှ ဖော်ပြချက်အရ သူ ၏ ပိုင်ဆိုင်မှုမှာ အမေရိကန် ဒေါ်လာ ၂၈.၇ ဘီလီယံဖြစ်ပြီး ကမ္ဘာ့နံပါတ် ၅ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ ပိုင်ဆိုင်မှုမှာ ၂၀၀၉ ခုနှစ်ကထက်စာလျင် အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ပိုများလာပြီး ယမန်နှစ်ကထက် အဆင့် ၃ ဆင့် တက်လာခဲ့သည်။

၂၀၀၉ Forbes စာရင်းအရ အမေရိကန်ဒေါ်လာ ၁၉.၃ ဘီလီယံပိုင်ဆိုင်ပြီး ကမ္ဘာ့နံပါတ် ၈ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ၂၀၀၈ Forbes စာရင်းအရ ကမ္ဘာ့နံပါတ် ၄ အချမ်းသာဆုံး ပုဂ္ဂိုလ် ၊ အာရှတိုက်တွင် အချမ်းသာဆုံး ( ၂၀၀၄ ကမ္ဘာ နံပါတ် ၆၁ အချမ်းသာဆုံး ) ဖြစ်ပြီး အရင် တနှစ်ကထက် တဆင့် တက်လာခြင်းဖြစ်သည်။ မစ်တယ်လ် မိသားစု သည် ကမ္ဘာ့အကြီးဆုံး သံမဏိ ကုမ္ပဏီ ဖြစ်သော ArcelorMittal တွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်သည်။

တိုင်းကျိုးပြည်ပြု လှူဒါန်းမှုများ[ပြင်ဆင်ရန်]

၂၀၀၀ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်နှင့် ၂၀၀၄ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ရရှိခဲ့ပြီး နောက်တွင်ကမ္ဘာ့အဆင့်မှီ အလားအလာရှိသော အိန္ဒိယအားကစားသမား ၁၀ ဦးကို ထောက်ပံလေ့ကျင့် သင်ကြားပေးနိုင်သော မစ်တယ်လ် Champions Trust ကိုတည်ထောင်ရန် အမေရိကန် ဒေါ်လာ ၉ သန်း လှူဒါန်း ခဲ့သည်။ မစ်တယ်လ် သည် ၂၀၀၈ အိုလံပစ် တဦးချင်း သေနတ်ပစ် ပြိုင်ပွဲတွင် ပထမဆုံး ရွှေတံဆိပ်ဆွတ်ခူးခဲ့သူ Abhinav Bindra ကို အိန္ဒိယ ငွေ ၁၅ သန်း ချီးမြှင့်ခဲ့သည်။

ဗြိတိန် ပရဟိတ အဖွဲ့အစည်း Comic Relief အတွက် ၂၀၀၇ တွင် လှူဒါန်းရန် ပေါင် ၁ သန်းနီးပါး ကို BBC မှ ကျော်ကြားသူတို့အကြောင်း ရိုက်ကူးသည့် အထူးအစီအစဉ် တစ်ခုဖြစ်သော The Apprentice မှတဆင့် မတည် လှူဒါန်းခဲ့သည်။ ArcelorMittal ကုမ္ပဏီသည် ယုံကြည်စိတ်ချရပြီး ဒဏ်ခံနိုင်သည့် သံမဏိ ထုတ်လုပ်ရန် အတွက်ရေးဆွဲထားသော အလွန်စိတ်လှုပ်ရှားဖွယ် CRS Program ကို လည်း စီစဉ်လျက် ရှိ သည်။

AcerlorMittal Company သည် AcerlorMittal Foundation ကို ထူထောင်ခဲ့ပြီး AcerlorMittal Company တည်ရှိသည့် နိုင်ငံတိုင်းတွင် မတူညီသော အကျိုးပြု လုပ်ငန်းပေါင်းများစွာကို ထောက်ပံကူညီခဲ့သည်။

ဝေဖန်စွပ်စွဲမှုများ နှင့် သူ၏ဘဝ[ပြင်ဆင်ရန်]

PHS[ပြင်ဆင်ရန်]

လက်ရှ်မီ မီတဲလ် သည် အား ပိုလန်၏အကြီးမားဆုံးသော သံမဏိ လုပ်ငန်းအုပ်စုကြီးအား ပုဂ္ဂလိကပိုင်ပြုရေးနှင့်ပက်သက်၍ ပိုလန်အာဏာပိုင်များအား ဝင်ရောက်ခြယ်လှယ်နိုင်ရန် Marek Dochnal အား အကြံပေးအဖြစ် အောင်မြင်စွာ ခန့်ထားနိုင်ခဲ့သည်။ Dochnal သည် နောက်ပိုင်းတွင် ပိုလန်အာဏာပိုင်များ၏ လာဘ်စားမှုအတွက် အဖမ်းခံရသည်။ ထိုလာဘ်စားမှုမှာ ရုရှားအေးဂျင့်များကိုယ်စား ပြုလုပ်သော သီးခြားကိစ္စရပ်တစ်ခုအတွက် ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ပိုလန် အစိုးရမှ ၂၀၀၄ ခုနှစ်နှင့်ပက်သက်၍ Arcelor Mittal နှင့် ပြန်လည်ညှိုနှိုင်းလိုကြောင်း ပြောခဲ့သည်။

အောက်ခြေအလုပ်သမားများနှင့် ပက်သက်၍ စွပ်စွဲမှုများ[ပြင်ဆင်ရန်]

မစ်တယ်လ်၏ မိုင်းတွင်းများတွင် လူအသေအပျောက်များ အများအပြား ဖြစ်ပေါ်ခဲ့ပြီးနောက် သူ၏ အောက်ခြေမိုင်းတွင်း အလုပ်သမားများ၏ အခြေအနေနှင့်ပက်သက်၍ ဝန်ထမ်းများ၏ စွပ်စွဲဝေဖန်ခြင်းကို ခံခဲ့ရသည်။ ၂၀၀၄ ခုနှစ်ဒီဇင်ဘာလ အတွင်းတွင် Kazakhstan ရှိသူ၏ မိုင်းတွင်းများတွင် ဓာတ်ငွေ့အချက်ပြကိရိယာ မှားယွင်းမှုကြောင့် မိုင်းတွင်းပေါက်ကွဲမှုများဖြစ်ပွားပြီး အလုပ်သမား ၂၃ ယောက် သေဆုံးသွားခဲ့သည်။

မစ်တယ်လ် ၏ အကြီးမားဆုံး အဖြစ်အပျက် : “ဝင်ရောက်ခြယ်လှယ်ခြင်းကိစ္စရပ်အတွက် တန်ကြေး”[ပြင်ဆင်ရန်]

၂၀၀၂ ခုနှစ် Adam Price ၏ Plaid Parliament မှ တဆင့် ပေါ်သွားသော မစ်တယ်လ် Affair တွင် UK ၏ ဝန်ကြီးချူပ် တိုနီ ဘလဲ နှင့် မစ်တယ်လ် တို့၏ အချိတ်အဆက်ကြောင့် အငြင်းပွားမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ “နိုင်ငံရေးအတင်းအဖျင်းစကား” သို့မဟုတ် “ဝင်ရောက်ခြယ်လှယ်ခြင်း ကိစ္စရပ်အတွက် တန်ကြေး” ဟူ၍ နာမည်ကြီးသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ မစ်တယ်လ် ၏ ဒက်ချ် အင်ဒီးစ် တွင် မှတ်ပုံတင်ထားပြီး၊ သူ၏ ပိုင်ဆိုင်မှုသိန်းပေါင်းအနက် ၁% ထက် မပိုသော ထိန်းသိမ်းခြင်းသာရှိသည့် LNM သံမဏိ ကုမ္ပဏီ နှင့် UK ၌ အလုပ်လုပ်ပေးသော ဝန်ထမ်းအချို့ ပေါင်း၍ ရိုမေးနီးယား နိုင်ငံပိုင် စတီးလ် စက်ရုံ ကိုဝယ်ယူသည့် ဘလဲ၏ အကူအညီကိစ္စတွင် လိုအပ်သော ငွေကြေးပမာဏ ကို ပေးချေနိုင်ခဲ့သည်။

ကော်ပီအနေဖြင့် Price ရယူနိုင်ခဲ့သည့် ဘလဲ ၏ ရိုမေးနီးယားအစိုးရထံသို့ပေးစာတွင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုရေး ကိစ္စများနှင့် မစ်တယ်လ် နှင့်အရောင်းအဝယ်ပြုလုပ်သော ကိစ္စရပ်များသည် ရိုမေးနီးယားနိုင်ငံ အတွက် ဥရောပ နိုင်ငံများ အသင်း ( European Union )သို့ ဝင်ရောက်ရေးကို ချောမွေ့စေနိုင်မည်ဟု အရိပ်အမြွက် ပြောခဲ့သည်။ အဆိုပါ စာ၌ ဘလဲ လတ်မှတ်ထိုးခါနီးအချိန်တွင်မှ ဖြုတ်လိုက်သော စာပိုဒ်တစ်ပိုဒ် ပါရှိပြီး ထိုစာပိုဒ်တွင် မစ်တယ်လ် အား “အဆွေတော်” ဟု ဖော်ပြသုံးနှုန်းထားသည်။

Queens Park Rangers[ပြင်ဆင်ရန်]

မကြာသေးမီကပင် English Barclays Premiership Clubs အသင်းများဖြစ်ကြသော Wigan နှင့် Everton အသင်းများကို အရောင်းအဝယ်ပြုလုပ်ရန် ကြိုးစားသူများကြားတွင် အဓိက ပြိုင်ဘက်တယောက်အဖြစ် ထင်ရှားခဲ့သည်။ ၂၀၀၇ ဒီဇင်ဘာ ၂၀ တွင် မစ်တယ်လ် မိသားစုက Queen Park Rangers ဘောလုံးအသင်း ၏ ရှယ်ယာ ၂၀% ကို Flavio Briatore နှင့်မစ်တယ်လ် ၏ သူငယ်ချင်း ဖြစ်သူ Bernie Ecclestone တို့နှင့် ဆက်သွယ် ဝယ် ယူခဲ့ကြောင်း ကြေညာခဲ့သည်။

သားမက်ဖြစ်သူ Amit Bhatia က ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ပြီး အုပ်ချုပ်ရေးအဖွဲ့ ၏ ဒါရိုက်တာရာထူး ဖြင့် တာဝန် ထမ်းဆောင်ခဲ့သည်။ အင်္ဂလိပ်ဘောလုံးလောကတွင် အကြီးအကျယ် ရင်းနှီးမြုပ်နှံမှုပြုလုပ်ပြီး ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုကို တိုးပွားလာအောင် ပြုလုပ်ပြီး၊ အခြားသော ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလည်း လုပ်တဲ့ Roman Abramovich တို့ကဲ့သို လူတွေကို အတုယူပြီး အောင်မြင်မှုအတွက် ယှဉ်ပြိုင်အားထုတ်နေကြသော ကလပ်အသင်းများတွင် ပေါင်းစပ်ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် အကြံရရှိခဲ့ သည်။

၂၀၁၀ ဖေဖော်ဝါရီ ၁၉ တွင် Flavio Briatore သည် QPR Company ၏ ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့ပြီး သူ ပိုင်ဆိုင်သည့် ရှယ်ယာများ အားလုံးကို မစ်တယ်လ် ထံသို့ရောင်းချထားခဲ့သည်။ ထို့ကြောင့် မစ်တယ်လ် သည် ရှယ်ယာ အများဆုံး တဦးတည်းပိုင်ဆိုင်သူ ဖြစ်လာခဲ့သည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများ[ပြင်ဆင်ရန်]

မစ်တယ်လ် သည် Cork ရှိ အိုင်ယာလန် သံမဏိစက်ရုံတရုံကို အစိုးရထံမှ မဆိုစလောက်တန်ဖိုးဖြစ်သော ၁ ပေါင် ဖြင့် ဝယ်ယူခဲ့သည်။ ၃ နှစ်ခန့်ကြာပြီးနောက် ၂၀၀၁ တွင် ထိုစက်ရုံကိုပိတ်ခဲ့ပြီး လူပေါင်း ၄၀၀ ခန့်အလုပ်လက်မဲ့ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုစက်ရုံသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေမှုနှင့် ပက်သက်ပြီး အပြစ်တင် ဝေဖန်ခြင်း ခံခဲ့ရသည်။

အစိုးရက ဗဟိုတရားရုံးတွင် မစ်တယ်လ် အား Cork Harbour ကို သန့်ရှင်းရေးလုပ်ရာတွင် ကုန်ကျမည့် ငွေကို ပေးလျော်ရန် တရား စွဲဆိုခဲ့သည်။ သို့ရာတွင် မအောင်မြင်ပေ။ Cork Harbour အား သန့်ရှင်းရေး လုပ် ရာတွင် ယူရိုငွေ သန်း 70 ခန့်ကုန်ကျမည်ဟု မျှော်လင့်ရသည်။

ပုဂ္ဂိုလ်ရေးရာဘဝ[ပြင်ဆင်ရန်]

လက်ရှိတွင် Kensington, London နေထိုင်လျက် ရှိသည်။ သူ့၏ 18 – 19 Kenosington Palace Gardens ရှိ နေအိမ်မှာ Formula One သူဌေး Bernie Ecclestone ထံမှ ပေါင် ၅၇ သန်း ( အမေရိကန် ဒေါ်လာ ၁၂၈ သန်း ) ပေး၍ ၂၀၀၄ ခုနှစ်က ဝယ်ယူထားခြင်း ဖြစ်သည်။ ထိုအချိန်က ကမ္ဘာ့ဈေးအကြီးဆုံး အိမ်တလုံး ဖြစ် သည်။ Taj Mahal ကိုဆောက်လုပ်ထားသော စကျင်ကျောက်နှင့် တပုံစံတည်း တူသော ကျောက်ကိုမှာယူပြီး Kensington, London ရှိ မစ်တယ်လ် ၏ အိမ်ကို အလှဆင်ထားခြင်းဖြစ်သည်။ အလွန်တရာ ကြွယ်ဝချမ်းသာမှုကို ပြဆိုသောအားဖြင့် " Taj မစ်တယ်လ်"ရည်ညွန်း ပြောဆိုခဲ့ကြသည်။

အိပ်ခန်း ၁၂ ခန်း၊ ရေကူးကန် ၁ ကန် နှင့် ကား အစီး ၂၀ ရပ်နားနိုင်လောက်အောင် ကျယ်ဝန်းသော ကားရပ်နား ရန် နေရာလဲ ပါရှိသည်။ သူ ၏ သားဖြစ်သူ Aditya မစ်တယ်လ် နေထိုင်ရန် အတွက် သူဌေး Noam Gottesman ပိုင်ဆိုင်သော No.6, Palace Greens, Kensington Gardens အိမ်ကို ပေါင် ၁၁၇ သန်း ဖြင့် ဝယ်ယူခဲ့သည်။ ၂၀၀၈ တွင် ဖိလစ်ပိုင် သံရုံးအဖြစ် အသုံးပြုထားသော No.9a, Palace Greens, Kensington Gardens ကို ပေါင် သန်း ၇၀ ဖြင့် သမီးဖြစ်သူ ဗန်နီရှာ မစ်တယ်လ် Bhatia အတွက် ဝယ်ယူပေးခဲ့သည်။

Kensington Palace Garden ၏ ဘီလီယံနာများ နေထိုင်သည့် နေရာတွင် အကောင်းဆုံးဖြစ်သော အိမ် ၃ လုံး ခန့်ပိုင်ဆိုင်ပြီး စုစုပေါင်း ပေါင် သန်း ၅၀၀ ခန့်တန်ဖိုးရှိသည်။ သန်းကြွယ်သူဌေးများ နေထိုင်သော Summer Palace ခေါ် No. 46B, The Bishops Avenue ကိုလဲပိုင်ဆိုင် ပြီး ပေါင် သန်း ၄၀ ဖြင့် ရောင်းချရန် ဈေးခေါ်ထားသည်။ ၂၀၀၅ တွင် Aurangzeb Road, No.22 မှ ကိုလိုနီခေတ် တစ်ထပ်တိုက်ပုံစံ အိမ်တလုံး ကို ဒေါ်လာ ၇.၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ပြန်လည်ပြင်ဆင် ဆောက်လုပ်လျက် ရှိသည်။ ထိုနေရာမှာ India, New Delhi ရှိ ဈေးအကြီး ဆုံးမြို့တစ်မြို့တွင် တည်ရှိပြီး သံရုံးများ၊ သန်းကြွယ် သူဌေးများ အများဆုံးရှိသည်။

ရရှိခဲ့သော ဂုဏ်ပြုမှုများနှင့် ဆုတံဆိပ်များ[ပြင်ဆင်ရန်]

  • ၂၀၁၀ : ကာဇတ်စတန် သမ္မတနိုင်ငံအား တိုးတက်ဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်ပြီး သူ၏လုပ်ဆောင်မှုများအတွက် ကာဇတ်စတန်နိုင်ငံ ၏ အမြင့်ဆုံးသော နိုင်ငံသားဆု Dostyk – 1 ကို ချီးမြှင့်ခြင်း ခံရသည်။
  • ၂၀၀၈ : Mr. မစ်တယ်လ် သည် ၂၀၀၈ ဇွန်လကတည်းက Goldman Sachs ၏ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။
  • ၂၀၀၇ : အိန္ဒိယ သမ္မတမှ နိုင်ငံဂုဏ်ဆောင် ဒုတိယအဆင့် Padma Vibhushan ဆုကိုချီးမြှင့်ခဲ့သည်။
  • ၂၀၀၇ : “Dwight D. Eisenhower Global Leadership Award”, စပိန် မှ “Grand Cross of Civil Merit” ဆု နှင့်

“ Fellowship from King’s College” ဆုတို့ရရှိခဲ့သည်။

  • ၂၀၀၆ : Financial Times မှ Person of the year 2006 နှင့် Time Magazine မှ International Newsmaker of the year တို့ကိုချီးမြှင့်ခဲ့သည်။
  • ၂၀၀၄ : Fortune Magazine မှ European Businessman of the Year ဆုချီးမြှင့်ခဲ့သည်။
  • ၁၉၉၈ : PaineWeber’s World Steel Dynamics ဆု နှင့် American Metal Market မှ ချီးမြှင့်သော Willy Korf Steel Vision Award တို့ကို ရရှိခဲ့သည်။
  • ၁၉၉၆ : New Steel မှ ချီးမြှင့်သော Steelmaker of the Year ဆုကို ရရှိခဲ့သည်။