မာတိကာသို့ ခုန်သွားရန်

လက်ခုပ်

ဝီကီပီးဒီးယား မှ
Sterculia foetida
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Malvales
မျိုးရင်း: Malvaceae
မျိုးရင်းသေး: Sterculioideae
မျိုးစု: Sterculia
မျိုးစိတ်:
S. foetida
ဒွိနာမ
Sterculia foetida
Synonyms[]
  • Clompanus foetida (L.) Kuntze
  • Clompanus foetidus (L.) Kuntze
  • Sterculia mexicana var. guianensis Sagot
Sterculia foetida

လက်ခုပ်ပင်သည် စတာကျူလီအေစီအီး (Sterculia foetida) ယခုအခါတွင် Malvaceae မျိုးရင်းတွင် ပါဝင်၍ ယင်းကို ရုက္ခဗေဒအမည်အားဖြင့် စတာကျူလီယာဖီတီဒါ (Sterculia foetida) ဟုခေါ် သည်။ ယင်းအပင်သည် ၃၅ မီတာ (၁၁၅ ပေ) အထိ ကြီးထွားသည်။[]လက်ခုပ်ပင်မျိုးကို မြန်မာနိုင်ငံအောက်ပိုင်းတွင် တွေ့ရှိရသည်။ များသောအားဖြင့် ဤအပင်ကို လျှော်ရရှိရန်အတွက် စိုက်ပျိုးထားတတ်ကြသည်။ လက်ပံပင်နှင့်ဆင်သဖြင့် လက်ပံလျှော်ပင်ဟူ၍လည်းကောင်း၊ လျှော်ဖြူပင်ဟူ၍လည်းကောင်း ခေါ်ကြသည်။ အသားမှာ မွဲပြာရောင်ရှိ၍ပွသည်။ ပျော့လည်းပျော့သော သစ်သားဖြစ်ရာ တာရှည်ခံသော သစ်မျိုးမဟုတ်ဘဲ တဲအိမ်များဆောက်ရန်၊ လှေစပ်ရန်၊ ရွက်တိုင်နှင့် ပေါ့ပါးသော သေတ္တာများလုပ်ရန် အသုံးဝင်သည်။

လက်ပံလျှော် ခေါ် လက်ခုပ်ပင်၏ အရွက်များကို ဝမ်းနုတ်ဆေးအဖြစ်ဖြင့်လည်းကောင်း၊ အသီးတွင် ဖန်သောသတ္တိရှိသဖြင့် ချုပ်ဆေးအဖြစ်ဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ လက်ခုပ်ပင်ကို ကရင်အမည်ဖြင့် လျှော်ဝါ၊ ကချင်အမည်ဖြင့် ခဒန်ထား ဟူ၍ ခေါ်ကြသည်။

ဆင်ခံတက်ပင် ဟု ခေါ်သော လက်ခုပ်ပင်တစ်မျိုးရှိသေးသည်။ ယင်းလက်ခုပ်ပင်မျိုးကို မြန်မာနိုင်ငံအောက်ပိုင်းနှင့် တနင်္သာရီတိုင်းတွင် အတွေ့ရများသည်။ ပျမ်းမျှခြင်းအားဖြင့် အပင်အမြင့်ပေ ၁ဝဝ အထိရှိ၍ ပင်စည်များ တည့်မတ်နေသည်။ ပင်စည်လုံးပတ် ခြောက်ပေမှ ရှစ်ပေအထိရှိသည်။ အသားပွ သစ်ပင်မျိုးထဲမှဖြစ်သော်လည်း အခြားသစ်သားပွတို့နှင့် နှိုင်းယှဉ်ကြည့်လျှင် ဤလက်ခုပ်သားသည် ပိုမာ၍ ခိုင်ခံ့သည်။ သစ်သားမှာ အဖြူရောင်ဖြစ်စေ၊ အညိုရောင်ဖျော့ဖျော့ဖြစ်စေရှိသည်။ တာရှည်ခံသော သစ်သားပင် မဟုတ်ငြားသော်လည်း ပျဉ်ခွဲရန်နှင့် လက်ဖက်ခြောက်သေတ္တာ လုပ်ငန်းများအတွက် အသုံးဝင်သည်။ ဤလက်ခုပ်သားကို ခွဲဖြတ်စိပ်ဖြာပြီးလျှင်ပြီးခြင်း ဖိုတွင် အခြောက်ခံထားလျှင် ပျဉ်ကောင်း ပျဉ်သန့်များရနိုင်သည်။ မီးခြစ်ဆံနှင့် မီးခြစ်အိမ်များလုပ်ရန် သင့်တော်သော သစ်သား ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Sterculia foetida L. — the Plant List။ 6 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 April 2016 တွင် ပြန်စစ်ပြီး။
  2. "Sterculia Foetida" 12 May 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . - Meet the Plants - National Tropical Botanical Garden Plant Database. Web. 08 Dec. 2013.
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)