လက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

လက်[ပြင်ဆင်ရန်]

လူ၏ စိတ်ဆန္ဒအရ အမျိုးမျိုး လှုပ်ရှားလုပ်ကိုင်နိုင်စွမ်းရှိသော ကိုယ်ခန္ဓာ၏ အလွန်အသုံးဝင်သည့်အစိတ်အပိုင်းမှာ လက်ဖြစ်၏။ လူတို့၏ လက်နှင့် တိရစ္ဆာန်တို့၏ လက်သည် အလွန်ကွာခြား၏။ လူနှင့် အတူဆုံး အနီးစပ်ဆုံးဟုဆိုကြသည့် လူဝံပင် လူကဲ့သို့ လက်ကို စိတ်လိုရာအသုံးပြု နိုင်သော သတ္တိမရှိချေ။ အပူ အအေး၊ နာကျင်မှုစသော အာရုံတို့ကို ကလေး များလောက်ပင် သိလွယ် ထိလွယ်ခြင်းမရှိပေ။ ယင်းသို့ဖြစ်ရခြင်းမှာ လူ၏ ဦးနှောက်မှာ တိရစ္ဆာန်၏ဦးနှောက်ထက် အသိဉာဏ်အရာတွင် ပို၍ကောင်း သောကြောင့်ပင်တည်း။


လက်ဖဝါးအရေပြားအောက်တွင် အဖုမွှားများရှိ၏။ ထိုအဖုမွှား များတွင် ဦးနှောက်မှလာသော နာဗ်ကြောများသန်နေ၏။ လက်သည် အလွန် အံ့ဩဖွယ်ကောင်းသော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သည်ဆိုက မမှားနိုင် ချေ။ လက်၏ ဖွဲ့စည်းထားပုံနှင့် အသုံးဝင်ပုံတို့မှာ အတော်ပင် ဆန်းကြယ် လေသည်။ ပခုံးနှင့် လက်မောင်းသည် ဆုံလည်ဆက်သဘောမျိုးဖြင့် ဆက်နေ၏။ လက်မောင်းနှင့် လက်ရုံးသည်လည်း ပတ္တာဆက်ကဲ့သို့ ဆက် ထား၏။ ထိုနေရာကို တံတောင်ဆစ်ဟုခေါ်၏။ လက်မောင်းတွင် အရိုးကြီး တစ်ချောင်းသာရှိသော်လည်း လက်ရုံးတွင် လက်ဖျံရိုးကြီး၊ လက်ဖျံရိုးငယ် ဟူ၍ အရိုးနှစ်ချောင်းရှိ၏။ လက်မောင်းရိုးကား အဖျားကြီး၍ လုံးပြီးလျှင် တံတောင်ဆစ်ဖက်သို့ ကျသောအခါ အနည်းငယ် ပြား၍နေသည်။ ထိုမှ လွန်သော် အရိုးလေးခုစီ နှစ်တန်းပေါင်း အရိုးရှစ်ခုရှိသော လက်ကောက် ဝတ်ရိုးရှိ၏။ လက်ဖဝါးတွင်မူကား လက်ဖဝါးရိုး ငါးချောင်းရှိသည်။ ထို အရိုးငါးချောင်းမှ လက်ချောင်းငါးချောင်း သွယ်၍ဆင်း၏။ ထိုလက်ချောင်း ငါးချောင်းတို့တွင်လည်း အရင်းဆစ်ရိုးငါးခု၊ အလယ်ဆစ်ရိုး လေးခုနှင့် အဖျားဆစ်ရိုး ငါးခုဟူ၍ အဆစ်ရိုးကလေးပေါင်း ၁၄ ခု ရှိသည်။ လက်မ တွင် အလယ်ဆစ်ရိုးမရှိချေ။ ထိုအဆစ်ကလေးများသည် ပျော့ပျောင်းသော အရွတ်များဖြင့် ဆိုင်းလျက်ရှိ၏။ လက်မောင်းရိုး၊ လက်ဖျံရိုး၊ လက်ကောက် ဝတ်ရိုး၊ လက်ဖဝါးရိုးနှင့် လက်ဆစ်ရိုးစသည်တို့မှာ ပြွန်ကဲ့သို့ ခေါင်းပွ ဖြစ်၍ အတွင်း၌ ခြင်ဆီနှင့် ပြည့်နေလေသည်။ လက်ကို လှုပ်ရှားစေနိုင်သော ကြွက်သားစိုင်တို့သည် များသော အားဖြင့် လက်ရုံးတွင်ရှိကြ၏။ ထိုကြွက်သားစိုင်တို့ကို ခိုင်မာသော ကြွက် သားကြောများက လက်ရိုးများဖြင့် ဆက်၍ပေးထားရာ ကျွန်ုပ်တို့၏ လက် ချောင်းများကိုချိုးကြည့်လျှင် ထိုကြွက်သားကြောများအား မျက်စိဖြင့်လည်း မြင်နိုင်၍ လက်ဖြင့်လည်း စမ်းသပ်တွေ့ရှိနိုင်သည်။ လက်များကို အထက် အောက်သို့လည်းကောင်း၊ ဝဲယာသို့လည်းကောင်း လှုပ်ရှားပေးသောအခါ လက်ပြင်ရိုးနှင့် လက်မောင်းရိုးတို့သည် ချွတ်ချော်တိမ်းပါးသွားခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရိုးနှစ်ခုမှာ ဆုံလည်ဆက် သဘောမျိုးဖြင့် ဆက်နေခြင်းကြောင့်တစ်ကြောင်း၊ ကြွက်သားကြောတို့ဖြင့် ဆိုင်းလျက်ရှိခြင်း ကြောင့်တစ်ကြောင်းဖြစ်သည်။ အရိုးတစ်ခုနှင့်တစ်ခု ပွတ်တိုက်ရာတွင် မပွန်းမပဲ့စေခြင်းငှါ အရိုးများတွင် အရိုးနုတစ်ထပ် ခံလျက်ရှိလေသည်။ အရိုးအဆစ်တိုင်း၌လည်း အမြှေးတစ်ထပ် အုပ်လျက်ရှိသည်။ ယင်းအမြှေး တွင် အဆီဖြင့် ပြွမ်းလျက်ရှိ၏။ ထိုအဆီသည် အမြဲစွတ်စိုစေးချွဲနေသော ကြောင့်လည်း လက်ကိုအမျိုးမျိုးလှုပ်ရှားရာတွင် ပိုမိုပြေပြစ်စေသည်။ လက်တွင် လက်မအသုံးဝင်ပုံမှာ အတော်ပင် ဆန်းကြယ်၏။ လက်မသည် ကိုင်တွယ်ကောက်ယူရာ၌ မည်သည့်လက်ချောင်းဖြင့် ကောက် သည်ဖြစ်စေ သူကဖေးမပေးရသည်။ သူမရှိက ကိုင်တွယ်၍မဖြစ်နိုင်ချေ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)